လာမည့္(၂၀၂၀)ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမည္ဟု ေ႐ြးေကာက္ပြဲေကာ္မရွင္ထုတ္ျပန္

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ သည္ (၂၀၂၀)အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမည့္ရက္ကို ေၾကျငာခ်က္ထုတ္ျပန္လိုက္သည္။ ဖြဲ႕ စည္းပုံအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္) ပုဒ္မ ၃၉၉ (က) ျပည္ေထာင္စု ေ႐ြးေကာက္မရွင္ ဥပေဒ ပုဒ္မ ၁၀ ပါတာဝန္ႏွင့္ လုပ္ပိုင္ခြင့္ကို က်င့္သုံး ၿပီး သက္ဆိုင္ ရာ ေ႐ြးေကာက္ ပြဲ ဥပေဒ ပုဒ္မ ၃၄ (ဂ) ႏွင့္ နည္းဥပေဒ ၁၆ (က) တို႔အရ ၁၃၈၂ ခုႏွစ္ သီတင္းကြၽတ္ လျပည့္ ေက်ာ္ ၈ ရက္ ၂၀၂၀ ျပည့္ ႏိုဝင္ဘာ ၈ ရက္ တနဂၤေႏြေန႔ တြင္ လႊတ္ေတာ္အသီးသီး အတြက္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပျပဳ လုပ္သြားမည္ ျဖစ္ပါတယ္လို႔ ဆိုပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ဟု ျပည္ေထာင္စု ေ႐ြး ေကာက္ပြဲေကာ္မရွင္ က ထုတ္ျပန္လိုက္ပါတယ္။၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္ တစ္ဦးဦး၊ ဒုတိယဝန္ႀကီး တစ္ဦးဦးက ေ႐ြးေကာက္ပြဲအတြက္ ေ႐ြးခ်ယ္ခံရမည့္သူျဖစ္ပါက ဇူလိုင္ ၁ ရက္မွ ပါတီစည္း႐ုံးေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ဇူလိုင္ ၁ ရက္တြင္ ထုတ္ ျပန္ေၾကညာခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ တနဂၤေႏြ ေန႔၌ က်င္းပမည့္ အေထြေထြ ေ႐ြးေကာက္ပြဲ တစ္ရပ္ရပ္တြင္ ပါဝင္ေ႐ြးခ်ယ္ခံမည့္သူ ျဖစ္ပါ က ႏိုင္ငံသားတစ္ဦး အား ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၃၈၊ ပုဒ္မခြဲ (က) အရ ေပးအပ္ထားေသာ ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ မဆုံးရႈံး ေစရန္အလို႔ငွာ ေ႐ြးေကာက္ပြဲ က်င္းပရန္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာသည့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္ ၁ ရက္ ေန႔မွစ၍ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၁၂၀ ႏွင့္ ၁၂၁ တို႔ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ကိုက္ညီလွ်င္ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရး လုပ္ငန္းမ်ားကို လည္းေကာင္း၊ နယ္ေျမစည္း႐ုံးေရး လုပ္ငန္းမ်ားကိုလည္းေကာင္း ေဆာင္႐ြက္ခြင့္ရွိေၾကာင္း ေၾကညာခဲ့သည္။

REF: ELEVEN MEDIA

UNICODE

လာမည့်(၂၀၂၀)နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် (၂၀၂၀)အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေငြာချက်ထုတ်ပြန်လိုက်သည်။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က) ပြည်ထောင်စု ရွေးကောက်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါတာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ပြီး သက်ဆိုင် ရာ ရွေးကောက် ပွဲ ဥပဒေ ပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့် ကျော် ၈ ရက် ၂၀၂၀ ပြည့် နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့ တွင် လွှတ်တော်အသီးသီး အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြု လုပ်သွားမည် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် က ထုတ်ပြန်လိုက်ပါတယ်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦး၊ ဒုတိယဝန်ကြီး တစ်ဦးဦးက ရွေးကောက်ပွဲအတွက် ရွေးချယ်ခံရမည့်သူဖြစ်ပါက ဇူလိုင် ၁ ရက်မှ ပါတီစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဇူလိုင် ၁ ရက်တွင် ထုတ် ပြန်ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေ နေ့၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါ က နိုင်ငံသားတစ်ဦး အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံး စေရန်အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက် နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း ကြေညာခဲ့သည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *