အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ ကို ေၾကာက္လို႔ဆိုၿပီး ေနာက္ဆုတ္ သြားမယ့္ထဲ မပါဘူး လို႔ ဝိုင္းစုခိုင္သိန္း”ေျပာ

ဝိုင္းစုကေတာ့ လက္ရွိမွာ သီခ်င္း အသစ္ေတြ ဖန္တီးေနတယ္လို႔ဆိုပါတယ္။ ဝိုင္းစုခိုင္သိန္း ကိုေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဂီတဘက္ကို ကူးေျပာင္းလာရင္း မက္ေလာက္စရာ၊ မ်က္လွည့္၊ အာဘြား၊ ဂါ၊ မယ္သီတာ၊ ျပတ္စာ နဲ႔ ႏြားေက်ာင္းသူ စတဲ့ တစ္ကိုယ္ေတာ္ အေခြမ်ားစြာကို ထြက္ရွိထားၿပီးျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂီတအပိုင္းမွာ ေအာင္ ျမင္လာၿပီးတဲ့ေနာက္ သ႐ုပ္ေဆာင္အလုပ္ကိုလည္း သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။

သူ႔ရဲ႕ ပရိသတ္ေတြလည္း ႀကိဳက္မယ္၊ သူလည္းႀကိဳက္မယ့္ ဇာတ္ကားေကာင္းေလးေတြ ေတြ႕ရင္ေတာ့ ႐ိုက္ျဖစ္ရင္ ႐ိုက္မယ္ဆိုၿပီးေတာ့ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ေအာင္ လ နဲ႔ ဝိုင္းစုခိုင္သိန္း တို႔ႏွစ္ေယာက္ ရဲ႕ အခ်စ္ေရးမွာ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတယ္လို႔ ဆိုပါ တယ္။ ဝိုင္းစုခိုင္သိန္း ကေတာ့ ခ်စ္သူျဖစ္တဲ့ အဆိုေတာ္ ေအာင္လ နဲ႔ တည္ေဆာက္ထားတဲ့ အခ်စ္ေရး အေၾကာင္းေတြ ေျပာျပလာပါ တယ္။ဝိုင္းစုခိုင္သိန္းကေတာ့ လက္ရွိ ပိုင္ဆိုင္ထားတဲ့ အခ်စ္ေရးအေၾကာင္းကို ေျပာျပ လာပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ အျပည့္ရွိၾကတယ္လို႔ ဆိုပါတယ္။ အစ္မတို႔ ႏွစ္ေယာက္စလုံးက တစ္ေယာက္ နဲ႔ တစ္ေယာက္ ကေတာ့ ဂ႐ုစိုက္တယ္။ ဒါေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္က ေဖာ္ျပၿပီး မခ်စ္ျပဘူး၊ ဂ႐ုတစိုက္မျပဘူး။ တကယ့္ တကယ္က်ရင္ သူ လိုအပ္တာလည္း ကိုယ္သိသလို၊ ကိုယ္လိုအပ္တာကိုလည္း သူသိတယ္။ သူဆိုးတဲ့ အရာေတြလည္း ရွိသလို အစ္မ ဆိုးတဲ့ အရာေတြလည္း ရွိတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ လႊတ္ေပးထားလိုက္တယ္။

မျဖစ္သင့္ဘူးဆိုတဲ့ အရာကို တစ္ေယာက္နဲ႔ တစ္ေယာက္ ေခ်ာ့တစ္လွည့္၊ ေျခာက္တစ္လွည့္ တားတယ္။ သူ နားလည္ေပးတဲ့ အရာေတြ အမ်ားႀကီးရွိသလို အစ္မကလည္း သူ႔အေပၚ ေကာင္းတာေတြရွိတယ္။ တစ္ေယာက္ မေကာင္းတာကို တစ္ေယာက္ ေထာက္ျပမွ အဆင္ ေျပမွာေလ။ တစ္ေယာက္တည္းပဲ ေထာက္ျပလို႔လည္း အဆင္မေျပဘူး” ဆိုတာကို ေျပာျပလာပါတယ္။ေအာင္လ နဲ႔ ဝိုင္းစုခိုင္သိန္း တို႔ႏွစ္ ေယာက္ ရဲ႕ အခ်စ္ေရးမွာ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီေဝဖန္မႈေတြၾကားက အခ်စ္ေရးခိုင္မာလာတဲ့ အေၾကာင္း ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ ေဝဖန္မႈ ဆိုတာကေတာ့ အၿမဲတမ္း ရွိေန မွာပဲ။ ဘယ္ေနရာ၊ ဘယ္အခ်ိန္မဆို ရွိမွာပဲ။ အဲဒီေဝဖန္မႈေတြကို ေၾကာက္႐ြံၿပီးေတာ့ ေနာက္ဆုတ္သြားမယ့္ မိန္းကေလးထဲမွာ အစ္မ မပါ ဘူးဆိုတာေတာ့ အစ္မ ပရိသတ္ေတြ သိၾကပါတယ္။ သူကလည္း ဒါေတြကို သိပ္စိတ္မဝင္စားတဲ့သူ၊ အစ္မ ကလည္း ဒါေတြကို ေခါင္းထဲ မထည့္ဘူး။ မေကာင္းတဲ့အရာေတြကို ခံစားေနဖို႔ထက္ ေကာင္းေအာင္ ႀကိဳးစားေနထိုင္သြားမယ္။

အစ္မတို႔ ႏွစ္ေယာက္လည္း ဘယ္ေလာက္အထိ ေကာင္းေအာင္ေနတယ္ဆိုတာ ေဘးက လူေတြသိတယ္” လို႔ဆိုပါတယ္။

REF: LET PAN

UNICODE

အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကို ကြောက်လို့ဆိုပြီး နောက်ဆုတ် သွားမယ့်ထဲ မပါဘူး လို့ ဝိုင်းစုခိုင်သိန်း”ပြော

ဝိုင်းစုကတော့ လက်ရှိမှာ သီချင်း အသစ်တွေ ဖန်တီးနေတယ်လို့ဆိုပါတယ်။ ဝိုင်းစုခိုင်သိန်း ကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂီတဘက်ကို ကူးပြောင်းလာရင်း မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ နဲ့ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော် အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင် မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။

သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။အောင် လ နဲ့ ဝိုင်းစုခိုင်သိန်း တို့နှစ်ယောက် ရဲ့ အချစ်ရေးမှာ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါ တယ်။ ဝိုင်းစုခိုင်သိန်း ကတော့ ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လ နဲ့ တည်ဆောက်ထားတဲ့ အချစ်ရေး အကြောင်းတွေ ပြောပြလာပါ တယ်။ဝိုင်းစုခိုင်သိန်းကတော့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးအကြောင်းကို ပြောပြ လာပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ အပြည့်ရှိကြတယ်လို့ ဆိုပါတယ်။ အစ်မတို့ နှစ်ယောက်စလုံးက တစ်ယောက် နဲ့ တစ်ယောက် ကတော့ ဂရုစိုက်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က ဖော်ပြပြီး မချစ်ပြဘူး၊ ဂရုတစိုက်မပြဘူး။ တကယ့် တကယ်ကျရင် သူ လိုအပ်တာလည်း ကိုယ်သိသလို၊ ကိုယ်လိုအပ်တာကိုလည်း သူသိတယ်။ သူဆိုးတဲ့ အရာတွေလည်း ရှိသလို အစ်မ ဆိုးတဲ့ အရာတွေလည်း ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် လွှတ်ပေးထားလိုက်တယ်။

မဖြစ်သင့်ဘူးဆိုတဲ့ အရာကို တစ်ယောက်နဲ့ တစ်ယောက် ချော့တစ်လှည့်၊ ခြောက်တစ်လှည့် တားတယ်။ သူ နားလည်ပေးတဲ့ အရာတွေ အများကြီးရှိသလို အစ်မကလည်း သူ့အပေါ် ကောင်းတာတွေရှိတယ်။ တစ်ယောက် မကောင်းတာကို တစ်ယောက် ထောက်ပြမှ အဆင် ပြေမှာလေ။ တစ်ယောက်တည်းပဲ ထောက်ပြလို့လည်း အဆင်မပြေဘူး” ဆိုတာကို ပြောပြလာပါတယ်။အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့နှစ် ယောက် ရဲ့ အချစ်ရေးမှာ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဝေဖန်မှုတွေကြားက အချစ်ရေးခိုင်မာလာတဲ့ အကြောင်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ ဝေဖန်မှု ဆိုတာကတော့ အမြဲတမ်း ရှိနေ မှာပဲ။ ဘယ်နေရာ၊ ဘယ်အချိန်မဆို ရှိမှာပဲ။ အဲဒီဝေဖန်မှုတွေကို ကြောက်ရွံပြီးတော့ နောက်ဆုတ်သွားမယ့် မိန်းကလေးထဲမှာ အစ်မ မပါ ဘူးဆိုတာတော့ အစ်မ ပရိသတ်တွေ သိကြပါတယ်။ သူကလည်း ဒါတွေကို သိပ်စိတ်မဝင်စားတဲ့သူ၊ အစ်မ ကလည်း ဒါတွေကို ခေါင်းထဲ မထည့်ဘူး။ မကောင်းတဲ့အရာတွေကို ခံစားနေဖို့ထက် ကောင်းအောင် ကြိုးစားနေထိုင်သွားမယ်။

အစ်မတို့ နှစ်ယောက်လည်း ဘယ်လောက်အထိ ကောင်းအောင်နေတယ်ဆိုတာ ဘေးက လူတွေသိတယ်” လို့ဆိုပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *