




REF: SHWE WIKI

UNICODE

ဧရာဝတီ တိုင်းအတွင်းရှိ မြို့များတွင် ဝက်အများအပြား လဲကျ သေဆုံးနေ၍ ဝက်သားစားခြင်းသတိပြုသင့်

ခုလိုရောဂါတွေဖြစ်တော့ စီးပွားဖြစ်မွေးသူတွေရော၊ တစ်နိုင်တစ်ပိုင်မွေးမြူသူရော ကိုဗစ်ရော ဂါကြောင့် အလုပ်အကိုင် အဆင်မပြေကြ ရတဲ့ အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် အခက်အခဲဖြစ်ကြ ရပါတယ် ” ဟု ဓနုဖြူမြို့နယ် တောကြီးကျေးရွာမှ တစ်နိုင်တစ်ပိုင် ဝက်မွေးသူ မန်းထွန်းအေးက ပြော ပါတယ်။ ဝက်များ ကိုယ်ပူပြီး တစ်ခြံလုံးသေခြင်း မဟုတ်သော်လည်း အစုလိုက်တဖြုတ်ဖြုတ် သေနေ ခြင်းဖြစ်ကြောင်း၊ ရောဂါဖြင့် သေခြင်းဖြစ်၍ စားသုံးသူလျော့ကျလာခြင်းဖြစ်ကြောင်း ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ဝက်သားသတ်ရုံအနီး တွင် နေထိုင်သူများကလည်း ပြောပါတယ်။

ညွှန်ကြားချက်တွေ ထွက်ထားပေမယ့်လည်း အထူးသဖြင့် ဝက်ကုန်သည်ပွဲစားတွေလိုက်နာခြင်းမရှိကြပါဘူး။ ကူးစက်မှုကမြန်တယ်၊ ကာ ကွယ်ဆေးနဲ့ကုသဖို့အတွက် ထိရောက်တဲ့ဆေးမရှိသေးဘူး” ဟု ဒေါက်တာတင်မောင်လင်းက ထပ်မံပြောကြားပါတယ်။ သေဆုံးသော ဝက် များတွင် အရေပြားနီရဲခြင်း၊ ပန်းခရမ်းအပြာရောင် ပြောင်း၍သေဆုံးခြင်း၊ ဝက်များကို ဗိုက်ခွဲကြည့်ရာတွင် သရက်ရွက်မှာ ပုံမှန်ထက်ငါးဆ ကြီးထွားနေခြင်း၊ အဆုတ်အရောင်မှာ ပုံမှန်အားဖြင့် နီညိုရောင်ရှိသော်လည်း မည်းသွားခြင်းနှင့် ကြေမွပျက်စီးသွားခြင်း လက္ခဏာများ တွေ့ရကြောင်း ပြောဆိုသည်။

ယင်းရောဂါကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံတွင် ဝက်အကောင်ရေ အများအပြားသေဆုံးခဲ့ဖူးပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဇွန်လကမန္တလေးတိုင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း ဧရာဝတီတိုင်းမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရပါတယ်။ဧ ရာဝတီ တိုင်း အတွင်း ရှိ ပုသိမ်၊ ဓနုဖြူနှင့်ဖျာပုံမြို့နယ် တို့တွင် ဝက်အပြင်းဖျားရောဂါဖြစ်ပွားနေပြီး ဝက်သေဆုံး မှုများနေ ၍ ဝက်သား ဝယ်ယူ စား သုံးသူလျော့ကျ သွားတယ် လို့ သိရ ပါ တယ် ။ ဝက်များ မှာ အစာစား နေစဉ် လဲကျသေဆုံးခြင်း ၊ အချို့ မှာ အိပ်နေစဉ် သေသွားခြင်းများ ရှိနေကြောင်း၊ ဝက်ပိုင်ရှင်များ မသိလိုက်ဘဲ သေဆုံး သွား သည့် ဝက်များအား အချိန်မီမဖျက်ဆီးနိုင်ခြင်းများရှိနေကြောင်း သိရသည်။

အာဖရိကဝက် အပြင်းဖျားရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဓနုဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာတင်မောင်လင်းက ပြောပါတယ်။ “ရောဂါမဖြစ်ခ င်က ဝက်သားဈေး တစ်ပိဿာ ကျပ် ၈၀ဝ၀ ဈေးပေါက် ပါတယ်။ အခု တော့ ကျပ် ၂၀ဝ၀ ဈေးနဲ့တောင် ဝယ် စားမယ့်သူမရှိတော့ပါဘူး။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *