ေ႐ြးေကာက္ပြဲျပဳလုပ္မည့္အထဲတြင္ ရခိုင္ျပည္နယ္ပါဝင္သည္ကို ႀကိဳဆိုၿပီး ျဖစ္/မျဖစ္ ေစာင့္ၾကည့္ရဦးမည္ ျဖစ္ေၾကာင္း ရခိုင္ပါတီမ်ား ေျပာ

ရခိုင္ျပည္နယ္၌ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးမွာ ရာႏႈန္းျပည့္ မေသခ်ာေၾကာင္း၊ သို႔ေသာ္ လုံးဝ မျဖစ္ႏိုင္ဘူးဟု ဆိုလိုျခင္း မဟုတ္ၾကာင္း၊ အားလုံးက ညီညီၫြတ္ၫြတ္ျဖင့္ ႀကိဳးစားမည္ဆိုပါက ျဖစ္ႏိုင္ေၾကာင္း ရခိုင္ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (ALD)မွ အေထြေထြ အတြင္းေရးမႉး ျဖစ္သူ ဦးမ်ိဳးေက်ာ္က ေျပာၾကားသည္။ ကြၽန္ေတာ္တို႔ကေတာ့ ေဒသခံေတြလည္း ျဖစ္တယ္။ နယ္ေျမရဲ႕ အေျခအေနလည္း သိေနတယ္။ ဒါ ေပမယ့္ လုံးလုံးခ်ည္း မျဖစ္ႏိုင္ဘူးဆို တာေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ အေနျဖင့္ လုပ္ ထုံးလုပ္နည္းႏွင့္အညီ ေ႐ြးေကာက္ပြဲ က်င္းပမည့္ ေနရာႏွင့္ ၿမိဳ႕နယ္မ်ားကို ေၾက ညာသြားျခင္းသာ ျဖစ္သည္ ဟု ဦးမ်ိဴးေက်ာ္က ေျပာၾကားသည္။အခုေၾကညာထားတဲ့ အထဲမွာပါတဲ့ နယ္ေျမအကုန္လုံးမွာ က်င္းပမယ္လို႔ ဆိုလိုတဲ့ အဓိပၸာယ္ေတာ့ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေရွ႕အစဥ္အလာလည္း ဒီအတိုင္းပဲ ေၾကညာတယ္။ ဒါေပမယ့္ တကယ့္ တကယ္ က်င္းပတဲ့အခါမွ။ နယ္ေျမလုံၿခဳံေရး ဘာညာဆိုၿပီး အဲဒီလိုမ်ိဳးဟာေတြ ေတြ႕ရတယ္။ ၂၀၁၀ ေရာ ၂၀၁၅ ေရာ။ အခု ၂၀၂၀ လည္း အဲဒီလိုမ်ိဳးပဲလို႔ ကြၽန္ေတာ္ ေတာ့ နားလည္ပါတယ္” ဟု ၎က ဆိုသည္။

ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီမိုကေရစီရဲ႕ အႏွစ္ သာရကေတာ့ ေ႐ြးေကာက္ပြဲ ရွိရမယ္။ ေ႐ြးေကာက္ပြဲရွိမွ ျပည္ သူေတြရဲ႕ ေ႐ြးခ်ယ္တဲ့ ကိုယ္စား လွယ္ေတြနဲ႔မွ အစိုးရတစ္ရပ္ ေပၚလာရမွာကိုး။ ဆိုေတာ့ အဲဒီလို ျဖစ္ဖို႔ အတြက္လည္း အားထုတ္ရမယ္။ အကုန္လုံးကေတာ့ ညီညီၫြတ္ ၫြတ္နဲ႔ ႀကိဳးစားမယ္ ဆိုရင္ေတာ့ ျဖစ္ႏိုင္ပါတယ္” ၎က ဆိုသည္။ေ႐ြးေကာက္ပြဲ တစ္ခုရွိမွသာလွ်င္ လႊတ္ေတာ္ထဲမွေန၍ ျပည္သူ႔ ကိုယ္ စားျပဳကာ အခက္အခဲ အမ်ားဆုံး ျဖစ္ႏိုင္သည္ထက္ ပိုၿပီးေလ်ာ့ပါး သက္သားေအာင္ ျပဳလုပ္ေပးႏိုင္မည္ဟု ရခိုင္အမ်ိဳးသားပါတီ (ANP) မွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေဖသန္းက ေျပာၾကားသည္။

ရခိုင္ျပည္နယ္တြင္ ၿမိဳ႕နယ္ေပါင္း ၁၇ ၿမိဳ႕နယ္ရွိကာ မဲဆႏၵနယ္အားျဖင့္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၁၇ ေနရာ၊ အမ်ိဳးသား လႊတ္ေတာ္အ တြက္ ၁၂ ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္ အတြက္ ၃၄ ေနရာ ရွိသည္။ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ရခိုင္ျပည္နယ္၌ ေ႐ြး ေကာက္ပြဲျပဳလုပ္မည္ ဆိုသည့္ ေၾကညာခ်က္ကို ႀကိဳဆိုၿပီး အေျခအေနကိုမူ ေစာင့္ၾကည့္ရဦးမည္ ျဖစ္ေၾကာင္း ရခိုင္ႏိုင္ငံေရး ပါတီမ်ားက ေျပာၾကားသည္။

REF: THE LADIES NEWS

UNICODE

ရွေးကောက်ပွဲပြုလုပ်မည့်အထဲတွင် ရခိုင်ပြည်နယ်ပါဝင်သည်ကို ကြိုဆိုပြီး ဖြစ်/မဖြစ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်ပါတီများ ပြော

ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ ရာနှုန်းပြည့် မသေချာကြောင်း၊ သို့သော် လုံးဝ မဖြစ်နိုင်ဘူးဟု ဆိုလိုခြင်း မဟုတ်ကြာင်း၊ အားလုံးက ညီညီညွတ်ညွတ်ဖြင့် ကြိုးစားမည်ဆိုပါက ဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD)မှ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးမျိုးကျော်က ပြောကြားသည်။ ကျွန်တော်တို့ကတော့ ဒေသခံတွေလည်း ဖြစ်တယ်။ နယ်မြေရဲ့ အခြေအနေလည်း သိနေတယ်။  ဒါ ပေမယ့် လုံးလုံးချည်း မဖြစ်နိုင်ဘူးဆို တာတော့ မဟုတ်ဘူးပေါ့ဗျာ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုပ် ထုံးလုပ်နည်းနှင့်အညီ ရွေးကောက်ပွဲ ကျင်းပမည့် နေရာနှင့် မြို့နယ်များကို ကြေ ညာသွားခြင်းသာ ဖြစ်သည် ဟု  ဦးမျိူးကျော်က ပြောကြားသည်။အခုကြေညာထားတဲ့ အထဲမှာပါတဲ့ နယ်မြေအကုန်လုံးမှာ ကျင်းပမယ်လို့ ဆိုလိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့အစဉ်အလာလည်း ဒီအတိုင်းပဲ ကြေညာတယ်။ ဒါပေမယ့် တကယ့် တကယ် ကျင်းပတဲ့အခါမှ။ နယ်မြေလုံခြုံရေး ဘာညာဆိုပြီး အဲဒီလိုမျိုးဟာတွေ တွေ့ရတယ်။ ၂၀၁၀ ရော ၂၀၁၅ ရော။ အခု ၂၀၂၀ လည်း အဲဒီလိုမျိုးပဲလို့ ကျွန်တော် တော့ နားလည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီရဲ့ အနှစ် သာရကတော့ ရွေးကောက်ပွဲ ရှိရမယ်။ ရွေးကောက်ပွဲရှိမှ ပြည် သူတွေရဲ့ ရွေးချယ်တဲ့ ကိုယ်စား လှယ်တွေနဲ့မှ အစိုးရတစ်ရပ် ပေါ်လာရမှာကိုး။ ဆိုတော့ အဲဒီလို ဖြစ်ဖို့ အတွက်လည်း အားထုတ်ရမယ်။ အကုန်လုံးကတော့ ညီညီညွတ် ညွတ်နဲ့ ကြိုးစားမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်” ၎င်းက ဆိုသည်။ရွေးကောက်ပွဲ တစ်ခုရှိမှသာလျှင် လွှတ်တော်ထဲမှနေ၍ ပြည်သူ့ ကိုယ် စားပြုကာ အခက်အခဲ အများဆုံး ဖြစ်နိုင်သည်ထက် ပိုပြီးလျော့ပါး သက်သားအောင် ပြုလုပ်ပေးနိုင်မည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိကာ မဲဆန္ဒနယ်အားဖြင့် ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသား လွှတ်တော်အ တွက် ၁၂ နေရာနှင့် ပြည်နယ်လွှတ်တော် အတွက် ၃၄ နေရာ ရှိသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်၌ ရွေး ကောက်ပွဲပြုလုပ်မည် ဆိုသည့် ကြေညာချက်ကို ကြိုဆိုပြီး အခြေအနေကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်နိုင်ငံရေး ပါတီများက ပြောကြားသည်။

REF:   THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *