(၁-၇-၂၀၂၀) ရက္ေန႔၊ နံနက္ (၈:၀၀)နာရီCOVID-19 ေရာဂါႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(၃၀-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈမ်ား အေနျဖင့္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္ ) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၉၁၀)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၃၁၈) ခု၊

ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) (NHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၁၈၆) ခု၊ ျပည္သူ႔ က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာ ဌာန (ေမာ္လၿမိဳင္) (NHL, Mawlamyine) မွ ဓာတ္ခြဲနမူနာ (၁၂၉) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၁၆၅) ခု၊ စုစုေပါင္း (၁,၇၀၈)ခု အား စစ္ေဆးခဲ့ပါသည္။

(၃၀-၆-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL ) မွ (ဒုတိယအသုတ္) ဓာတ္ခြဲ နမူနာ (၃၇၈)ခုအား စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိပါ။

(၁-၇-၂၀၂၀) ရက္ေန႔၊ နံနက္ (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၂၉၉) ဦးရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

(၁-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၃၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် ) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၁၀)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၁၈) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (NHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၆) ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်) (NHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၂၉) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆၅) ခု၊ စုစုပေါင်း (၁,၇၀၈)ခု အား စစ်ဆေးခဲ့ပါသည်။

(၃၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL ) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

(၁-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၉) ဦးရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *