





REF: 7DAY DAILY

UNICODE

COVID-19 ကပ်ရောဂါ ပြီးဆုံးရန် မဆိုထားနှင့် လမ်းစပင်မမြင်ရသေး၍ အဝေးကြီးလိုသေးကြောင်း (WHO)အကြီးအကဲပြော

ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး လုံခြုံ၍ ထိရောက်သော ကာကွယ်ဆေးရှာဖွေတွေ့ရှိမှုသို့ ရောက်ရှိရန် ကြီးမားသော တိုး တက်မှုများ ပြုလုပ်ထား နိုင်သော် လည်း ယင်းကာကွယ်ဆေး မုချ အောင်မြင်မှုရမည်ဟု အာမမခံ နိုင်ဟု WHO ၏ အရေးပေါ်ကိစ္စ ရပ်များဆိုင်ရာ အကြီးအကဲ မိုက် ရိုင်ယန်က ပြောသည်။

ကာကွယ်ဆေးမရခင်စပ် ကြား ကမ္ဘာ့နိုင်ငံများအနေဖြင့် COVID-19 ကူးစက်မှုတိုက်ဖျက် ရန် ဗိုင်းရပ်စ်ရှိ၊ မရှိ စမ်းသပ်ခြင်း၊ အတည်ပြုလူနာများကို သီးသန့်ခွဲ ခြားနေထိုင်စေခြင်းနှင့် လူနာများ နှင့် ထိတွေ့ခဲ့သူများကို ခြေရာခံ ရှာဖွေခြင်းတို့ ဆောင်ရွက်နိုင် သည်ဟု ရိုင်ယန်က ပြောသည်။

COVID-19 ကပ်ရောဂါ သည် ပြီးဆုံးရန် မဆိုထားနှင့် ပြီးဆုံးရန် လမ်းစပင်မမြင်ရသေး ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) အကြီးအကဲ တက်ဒရို့စ်က ပြောသည်။နိုဗယ် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါ နှင့်ပတ်သက်၍ တရုတ်နိုင်ငံက WHO သို့ ပထမဆုံးအကြိမ် အသိ ပေးအကြောင်းကြားပြီး ခြောက် လအကြာတွင် ကမ္ဘာတစ်ဝန်း ကူးစက်မှု ၁၀ သန်းကျော်လာသည်။

ငါးသိန်းကျော် သေဆုံးစေခဲ့သည်။လူအများကြီး ကူးစက်ခံရ နိုင်တုန်းပဲ။ ဗိုင်းရပ်စ်က သွားလာ လှုပ်ရှားဖို့ နေရာအများကြီးကျန် သေးတယ်’ ’ဟု တက်ဒရို့စ်က ပြောသည်။ ကပ်ရောဂါကြီးကို ကျွန် တော်တို့အားလုံး ပြီးဆုံးစေချင်ပြီ ဗျာ၊ ပုံမှန်ဘဝကို ပြန်ရောက်ချင် ကြပါပြီ။ ဒါပေမဲ့ ခက်ခဲတဲ့ အရှိ တရားက ကပ်ရောဂါပြီးဖို့မပြော နဲ့၊ ပြီးခါနီးဖို့တောင် အဝေးကြီး လိုသေးတယ်။

နိုင်ငံအမြောက် အမြားမှာ တိုးတက်မှုတချို့ရှိပေ မယ့် ကပ်ရောဂါက အရှိန်အဟုန် ကောင်းနေတုန်းပါ’’ဟု တက် ဒရို့စ်က ထပ်လောင်း ပြောဆိုကြောင်း သိရသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *