ကား နံပါတ္ခ်ိန္းထား လွ်က္ ကားပဲေတြ႕ၿပီး လူက ဘယ္ေရာက္မွန္း မသိ ထူး ဆန္းစြာေပ်ာက္ဆုံးေနမႈ
|ယခု ကားျပန္ရၿပီး ျဖစ္ေသာ္လည္း လူမွာမူအဆက္အသြယ္ လုံးဝ မရပဲ ထူးဆန္းစြာေပ်ာက္ဆုံးေနသျဖင့္ တစုံတခုပေရာဂေၾကာင့္မ်ားလား အႏၲရာယ္ တခုခု ႀကဳံေတြ႕ေနရသည္ မ်ားလား အဖြဲ႕အစည္းတခုခုက မ်ား ဖမ္းေခၚသြားသလား ဆို သည္ကို အထူးစိုးရိမ္လာ ၍ လူမႈကြန္ ယက္မွတဆင့္ အကူအညီ ေတာင္းခံလာျခင္း ျဖစ္ပါသည္။
ေပ်ာက္ဆုံးသည္မွာ (၂)ပတ္ေက်ာ္ ၾကာလာၿပီးျဖစ္ၿပီးမိသားစုဝင္မ်ား အရမ္းစိုးရိမ္ေနၾကပါ၍ သိရွိသူမ်ား ေတြ႕ရွိသူမ်ား သတင္းတခုခုရ သူမ်ား အေနျဖင့္ ေအာက္ပါ ဖုန္းနံပါတ္မ်ားသို႔ ကူညီဆက္သြယ္ေပးႏိုင္ပါရန္ အကူအညီေတာင္း ေမတၱာရပ္ခံအပ္ပါသည္။
ဆက္သြယ္ရန္ဖုန္း – 09 76300 9943 . 09 76616 5821
ေပ်ာက္ ဆုံးသူ နာမည္က – ကိုေက်ာ္ေက်ာ္
အသက္ – (၄၂) ႏွစ္
အဘအမည္ – ဦးသာေအာင္
အလုပ္အကိုင္ – သုထက္ေက်ာ္ အထည္ဆိုင္ မုဒုံၿမိဳ႕။
ျဖစ္စဥ္အက်ဥ္းကေတာ့ လြန္ခဲ့တဲ့ (15.6.2020)ရက္ေန႔တုန္းက ကိုေက်ာ္ေက်ာ္ ဟာ Bago 6L-8595 ယာဥ္ျဖင့္ ျမဝတီသြားမည္ဟု ေျပာ ကာအိမ္မွ ထြက္သြားၿပီးကတည္းက ေပ်ာက္ဆုံးသြားပါသည္။
ေနအိမ္မွ ထြက္သြားၿပီး (၁၀)ရက္ခန႔္အၾကာတြင္ အဆက္အသြယ္လဲ လုံးဝ မရေတာ့ပဲ ကားေရာလူပါ ေပ်ာက္ဆုံးေနေၾကာင္း လူမႈကြန္ ယက္ေပၚ ေၾကျငာတင္လိုက္ေသာအခါ အိႏၵဴ ရဲစခန္းမွ ပိုင္ရွင္မဲ့ ကားတစ္စီးအား လြန္ည႐ြာတြင္ ေတြ႕ရွိ၍ထိန္းသိမ္းထားေၾကာင္း ဆက္ သြယ္ လာသျဖင့္ အပိုင္ရဲစခန္းခ်င္း ခ်ိတ္ဆက္ၿပီး သြားေရာက္စီစစ္ ရာ ကိုေက်ာ္ေက်ာ္ ယူေဆာင္သြားေသာ ကား မွန္ေၾကာင္းစစ္ေဆး ေတြ႕ရွိရပါသည္။
ထူးျခားသည္မွာ ကားနံပါတ္ ေျပာင္းလဲထားျခင္းျဖစ္သည္။ ကားနံပါတ္ Bago 6L-8595 နံပါတ္မွ 3J-4587 ျဖစ္ေနသည္ ကို စစ္ေဆးေတြ႕ ရွိရပါသည္။
အိႏၵဴ နယ္ေျမရဲစခန္းမွ ေျပာျပခ်က္အရ ၎ကားအား (15.6.2020)ရက္ေန႔ မြန္းလြဲပိုင္းက လြန္းည႐ြာတြင္ ပိုင္ရွင္မဲ့ ရပ္ထားသည္ကို ေတြ႕ ရွိရ၍ ႐ြာသူ႐ြာသားမ်ားမွ ဘယ္အခ်ိန္ ပိုင္ရွင္ လာျပန္ယူမလဲဟူ၍ေစာင့္ၾကည့္ေနခဲ့ေၾကာင္း (၃)ရက္ခန႔္ၾကာသည္အထိ ပိုင္ရွင္မေပၚပဲ ရပ္ ထားသည္ကို ေတြ႕ရွိရ၍ ရဲစခန္းထံသို႔ အပ္ႏွံေပးခဲ့ေၾကာင္း သိရပါသည္။
REF: SHWE WIKI
UNICODE
ကား နံပါတ်ချိန်းထား လျှက် ကားပဲတွေ့ပြီး လူက ဘယ်ရောက်မှန်း မသိ ထူး ဆန်းစွာပျောက်ဆုံးနေမှု
ယခု ကားပြန်ရပြီး ဖြစ်သော်လည်း လူမှာမူအဆက်အသွယ် လုံးဝ မရပဲ ထူးဆန်းစွာပျောက်ဆုံးနေသဖြင့် တစုံတခုပရောဂကြောင့်များလား အန္တရာယ် တခုခု ကြုံတွေ့နေရသည် များလား အဖွဲ့အစည်းတခုခုက များ ဖမ်းခေါ်သွားသလား ဆို သည်ကို အထူးစိုးရိမ်လာ ၍ လူမှုကွန် ယက်မှတဆင့် အကူအညီ တောင်းခံလာခြင်း ဖြစ်ပါသည်။
ပျောက်ဆုံးသည်မှာ (၂)ပတ်ကျော် ကြာလာပြီးဖြစ်ပြီးမိသားစုဝင်များ အရမ်းစိုးရိမ်နေကြပါ၍ သိရှိသူများ တွေ့ရှိသူများ သတင်းတခုခုရ သူများ အနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ကူညီဆက်သွယ်ပေးနိုင်ပါရန် အကူအညီတောင်း မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန်ဖုန်း – 09 76300 9943 . 09 76616 5821
ပျောက် ဆုံးသူ နာမည်က – ကိုကျော်ကျော်
အသက် – (၄၂) နှစ်
အဘအမည် – ဦးသာအောင်
အလုပ်အကိုင် – သုထက်ကျော် အထည်ဆိုင် မုဒုံမြို့။
ဖြစ်စဉ်အကျဉ်းကတော့ လွန်ခဲ့တဲ့ (15.6.2020)ရက်နေ့တုန်းက ကိုကျော်ကျော် ဟာ Bago 6L-8595 ယာဉ်ဖြင့် မြဝတီသွားမည်ဟု ပြော ကာအိမ်မှ ထွက်သွားပြီးကတည်းက ပျောက်ဆုံးသွားပါသည်။
နေအိမ်မှ ထွက်သွားပြီး (၁၀)ရက်ခန့်အကြာတွင် အဆက်အသွယ်လဲ လုံးဝ မရတော့ပဲ ကားရောလူပါ ပျောက်ဆုံးနေကြောင်း လူမှုကွန် ယက်ပေါ် ကြေငြာတင်လိုက်သောအခါ အိန္ဒူ ရဲစခန်းမှ ပိုင်ရှင်မဲ့ ကားတစ်စီးအား လွန်ညရွာတွင် တွေ့ရှိ၍ထိန်းသိမ်းထားကြောင်း ဆက် သွယ် လာသဖြင့် အပိုင်ရဲစခန်းချင်း ချိတ်ဆက်ပြီး သွားရောက်စီစစ် ရာ ကိုကျော်ကျော် ယူဆောင်သွားသော ကား မှန်ကြောင်းစစ်ဆေး တွေ့ရှိရပါသည်။
ထူးခြားသည်မှာ ကားနံပါတ် ပြောင်းလဲထားခြင်းဖြစ်သည်။ ကားနံပါတ် Bago 6L-8595 နံပါတ်မှ 3J-4587 ဖြစ်နေသည် ကို စစ်ဆေးတွေ့ ရှိရပါသည်။
အိန္ဒူ နယ်မြေရဲစခန်းမှ ပြောပြချက်အရ ၎င်းကားအား (15.6.2020)ရက်နေ့ မွန်းလွဲပိုင်းက လွန်းညရွာတွင် ပိုင်ရှင်မဲ့ ရပ်ထားသည်ကို တွေ့ ရှိရ၍ ရွာသူရွာသားများမှ ဘယ်အချိန် ပိုင်ရှင် လာပြန်ယူမလဲဟူ၍စောင့်ကြည့်နေခဲ့ကြောင်း (၃)ရက်ခန့်ကြာသည်အထိ ပိုင်ရှင်မပေါ်ပဲ ရပ် ထားသည်ကို တွေ့ရှိရ၍ ရဲစခန်းထံသို့ အပ်နှံပေးခဲ့ကြောင်း သိရပါသည်။
REF: SHWE WIKI