တရားေဟာဆရာ ေစာေဒးဗစ္လားကို ပုဒ္မ ၂၅ ျဖင့္ စြဲခ်က္တင္ရန္ တရား႐ုံးက အမိန႔္ခ်

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ အရ တစုံတေယာက္ဟာ ဆန္းစစ္ခ်က္ မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈ တခု ခုေၾကာင့္ျဖစ္ေစ၊ သဘာဝေဘးအႏၲရာယ္ တစုံတရာ က်ေရာက္ႏိုင္တာကို သိလ်က္နဲ႔ တမင္ျပဳလုပ္မႈေၾကာင့္ျဖစ္ေစ၊ သဘာဝေဘးအႏၲ ရာယ္ ျဖစ္ေပၚခဲ့ရင္၊ ဒါမွမဟုတ္ ျဖစ္ေပၚေစဖို႔ အေၾကာင္းရွိခဲ့ရင္ အဲဒီသူကို ၃ ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္နဲ႔ ေငြဒဏ္ကို ခ်မွတ္ႏိုင္ပါတယ္။

ကိုဗစ္ကာလအတြင္း လူစုလူေဝးျပဳလုပ္ခဲ့တဲ့ ကေနဒါႏိုင္ငံသား ႏွစ္ျခင္းခရစ္ယာန္ တရားေဟာဆရာ ေစာေဒးဗစ္လားကို သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ စြဲခ်က္တင္လိုက္ၿပီျဖစ္ပါတယ္။လာမယ့္ ဇူလိုင္လ ၇ ရက္ေန႔ကို ႐ုံးခ်ိန္း ျပန္လည္ခ်ိန္းဆို ထားၿပီး အဲဒီ ႐ုံးခ်ိန္မွာေတာ့ ျပန္ေခၚသက္ေသတဦးကို စစ္ေဆးမွာျဖစ္ပါတယ္။

ကိုဗစ္ကာလအတြင္း ဘာသာေရးအခမ္းအနားတခု ျပဳလုပ္ခဲ့တဲ့အတြက္ ခရစ္ယာန္တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ ပြဲစီစဥ္သူ ဦး ေဝထြန္း(နဝရတ္ေတးသံသြင္း) တို႔ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးရဲဝင္းေအာင္ က မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲဆိုထားတာ ျဖစ္ၿပီး ဒီကေန႔ ျပဳလုပ္ခဲ့တဲ့ ၉ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာ အခုလို စြဲခ်က္တင္ အမိန႔္ခ်ခဲ့တာ ျဖစ္ပါတယ္။

REF: ဧရာ၀တီ

UNICODE

တရားဟောဆရာ စောဒေးဗစ်လားကို ပုဒ်မ ၂၅ ဖြင့် စွဲချက်တင်ရန် တရားရုံးက အမိန့်ချ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ တစုံတယောက်ဟာ ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တခု ခုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် တစုံတရာ ကျရောက်နိုင်တာကို သိလျက်နဲ့ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တ ရာယ် ဖြစ်ပေါ်ခဲ့ရင်၊ ဒါမှမဟုတ် ဖြစ်ပေါ်စေဖို့ အကြောင်းရှိခဲ့ရင် အဲဒီသူကို ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ကို ချမှတ်နိုင်ပါတယ်။

ကိုဗစ်ကာလအတွင်း လူစုလူဝေးပြုလုပ်ခဲ့တဲ့ ကနေဒါနိုင်ငံသား နှစ်ခြင်းခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။လာမယ့် ဇူလိုင်လ ၇ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆို ထားပြီး အဲဒီ ရုံးချိန်မှာတော့ ပြန်ခေါ်သက်သေတဦးကို စစ်ဆေးမှာဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်း ဘာသာရေးအခမ်းအနားတခု ပြုလုပ်ခဲ့တဲ့အတွက် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ ပွဲစီစဉ်သူ ဦး ဝေထွန်း(နဝရတ်တေးသံသွင်း) တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင် က မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ၉ ကြိမ်မြောက် ရုံးချိန်းမှာ အခုလို စွဲချက်တင် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

REF:   ဧရာ၀တီ

Add a Comment

Your email address will not be published. Required fields are marked *