တာခ်ီလိတ္က လူနာအမွတ္ (၉၆) ေရာဂါ ေပ်ာက္ကင္းၿပီး (၁) လ အၾကာတြင္ ေရာဂါပိုးျပန္ေတြ႕၍ ျမန္မာမွာပထမဆုံး ပိုးျပန္ေတြ႕လူနာျဖစ္

လက္ရွိမွာ လူနာအမွတ္ (၉၆) နဲ႔ထိေတြ႕ဆက္စပ္သူ ကို ရွာေဖြစုံစမ္းေနၿပီး ဇြန္လ ၂၈ရက္နဲ႔ ၂၉ ရက္ေတြမွာ ထိေတြ႕ခဲ့သူေတြကိုေတာ့ Facility ကြာရန္တင္းထားမွာျဖစ္ပါတယ္။ ဒါ့အျပင္ လူနာေဆး႐ုံ ဆင္းခဲ့တဲ့ ေမလ ၂၆ ရက္ကေန ဇြန္လ ၂၇ ရက္ အထိ တစ္လတာအတြင္း ထိေတြ႕ထားသူေတြကိုေတာ့ ေနအိမ္ကြာရန္တင္းထားမွာျဖစ္ တယ္ လို႔ ဆို ပါတယ္။ ဇြန္ ၂၈ နဲ႔ ၂၉ ရက္အတြင္း ထိေတြ႕ခဲ့ သူကေတာ့ သူ႔အမ်ိဳးသမီး တစ္ေယာက္ပဲရွိတယ္။ သူ႔ကိုေတာ့ facility quarantine ထားမယ္။

ၿပီးရင္ ဓာတ္ခြဲနမူနာစစ္ေဆး မယ္ေပါ့။ ေနာက္ၿပီး သူေဆး႐ုံ ဆင္းခဲ့တဲ့ ရက္ကေန တစ္လအတြင္းေတာ့ ထိေတြ႕ခဲ့သူေတြရွိတယ္။ သူတို႔ ကိုေတာ့ ေနအိမ္ကြာရန္တင္းလုပ္မယ္။ ေနအိမ္ကြာရန္တင္း လုပ္ထား တဲ့သူေတြထဲကေန က်န္းမာေရးဝန္ထမ္းေတြကိုေတာ့ ဓာတ္ခြဲနမူနာ စစ္ေဆးဖို႔ ရွိတယ္ ” လို႔ လက္ေထာက္ၫြ န္ၾကားေရးမႉးး ေဒါက္တာဘစိုးသက္က ေျပာ ပါတယ္ ။ လက္ရွိျမန္မာႏိုင္ငံ မွာ ေရာဂါပိုးေတြ႕ ရွိသူေတြထဲကေန ၂၂၂ ဦးေရာဂါ ပိုးေပ်ာက္ကင္းသြား ခဲ့ၿပီးပါၿပီ။

အခုလူနာအမွတ္ (၉၆) ဟာ ေရာဂါပိုး ေပ်ာက္ကင္းလို႔ ေဆး႐ုံကဆင္းခြင့္ရၿပီးမွ ေရာဂါပိုး ျပန္ေတြ႕ခဲ့တဲ့ ပထမဆုံး လူနာျဖစ္ ပါတယ္ ။ တာ ခ်ီလိတ္က လူနာအမွတ္ (၉၆) လုံးေဝ ေရာဂါ ေပ်ာက္ကင္းၿပီး (၁) လ အၾကာတြင္ ေရာဂါပိုးျပန္ေတြ႕၊ ဒီလို ပိုးျပန္ေတြ႕ တာဟာ ျမန္မာႏိုင္ငံ မွာ ပထမဆုံး အႀကိမ္ျဖစ္ပါတယ္။တာခ်ီလိတ္ၿမိဳ႕က COVID-19 ေရာဂါေပ်ာက္ကင္း သြားခဲ့ၿပီျဖစ္တဲ့ လူနာ အမွတ္ ( ၉၆ ) မွာ တစ္လ ေက်ာ္ၾကာၿပီး တဲ့ေနာက္ ေရာဂါပိုးျပန္ လည္ေတြ႕ရွိခဲ့တယ္လို႔ ရွမ္းျပည္နယ္အေရွ႕ ပိုင္းျပည္သူ႔ က်န္းမာေရးဦးစီးဌာန ကေန သိရ ပါတယ္။

တာခ်ီလိတ္ၿမိဳ႕ ရဲ႕ ပထမဆုံး လူနာျဖစ္သူ ရန္ကုန္က ျပန္လာတဲ့ ခြဲစိတ္ဆရာဝန္ႀကီးဟာ ေရာဂါေပ်ာက္တာ တစ္လေက်ာ္ၿပီးတဲ့ေနာက္ ရန္ကုန္ကို ျပန္ဖို႔ ေဆးစစ္တဲ့အခါမွာ ပိုးေတြ႕ခဲ့တာျဖစ္တယ္လို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ လက္ေထာက္ ၫြန္ၾကားေရးမႉးး ေဒါက္တာ ဘစိုးသက္ က ေျပာ ပါတယ္ ။သူက အမွန္ တကယ္ေတာ့ ဂိုက္လိုင္းအတိုင္းဆို စစ္စရာ မလိုဘူး။ ဒါေပ မယ့္သူက ရန္ကုန္ျပန္မယ္ဆိုၿပီးေတာ့ သူရဲ႕ဆႏၵသေဘာအရ Swab ယူၿပီး စစ္လိုက္တဲ့အခါမွာ ပိုးက ျပန္ေတြ႕တာ။

အခု ကြၽန္ေတာ္တို႔ Contact ေတြ လိုက္ေန တယ္” လို႔ လက္ေထာက္ၫြန္ၾကားေရးမႉး ေဒါက္တာဘစိုးသက္က ဆိုပါတယ္။ လူနာကို ေရာဂါေပ်ာက္ ကင္းသြားၿပီး အသြားအလာ ကန႔္သတ္ရက္ျပည့္လို႔ ၿပီးခဲ့တဲ့ ေမလ ၂၆ ရက္က က်ိဳင္းတုံေဆး႐ုံကေန ဆင္းခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဇြန္လ ၃၀ ရက္ေန႔ည စစ္ေဆးခ်က္အေျဖအရ ေရာဂါပိုးထပ္မံေတြ႕ ရွိခဲ့ရတာပါ။

REF: ဓူဝံ

UNICODE

တာချီလိတ်က လူနာအမှတ် (၉၆) ရောဂါ ပျောက်ကင်းပြီး (၁) လ အကြာတွင် ရောဂါပိုးပြန်တွေ့၍ မြန်မာမှာပထမဆုံး ပိုးပြန်တွေ့လူနာဖြစ်

လက်ရှိမှာ လူနာအမှတ် (၉၆) နဲ့ထိတွေ့ဆက်စပ်သူ ကို ရှာဖွေစုံစမ်းနေပြီး ဇွန်လ ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ထိတွေ့ခဲ့သူတွေကိုတော့ Facility ကွာရန်တင်းထားမှာဖြစ်ပါတယ်။ ဒါ့အပြင် လူနာဆေးရုံ ဆင်းခဲ့တဲ့ မေလ ၂၆ ရက်ကနေ ဇွန်လ ၂၇ ရက် အထိ တစ်လတာအတွင်း ထိတွေ့ထားသူတွေကိုတော့ နေအိမ်ကွာရန်တင်းထားမှာဖြစ် တယ် လို့ ဆို ပါတယ်။ ဇွန် ၂၈ နဲ့ ၂၉ ရက်အတွင်း ထိတွေ့ခဲ့ သူကတော့ သူ့အမျိုးသမီး တစ်ယောက်ပဲရှိတယ်။ သူ့ကိုတော့ facility quarantine ထားမယ်။

ပြီးရင် ဓာတ်ခွဲနမူနာစစ်ဆေး မယ်ပေါ့။ နောက်ပြီး သူဆေးရုံ ဆင်းခဲ့တဲ့ ရက်ကနေ တစ်လအတွင်းတော့ ထိတွေ့ခဲ့သူတွေရှိတယ်။ သူတို့ ကိုတော့ နေအိမ်ကွာရန်တင်းလုပ်မယ်။ နေအိမ်ကွာရန်တင်း လုပ်ထား တဲ့သူတွေထဲကနေ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ဓာတ်ခွဲနမူနာ စစ်ဆေးဖို့ ရှိတယ် ” လို့ လက်ထောက်ညွ န်ကြားရေးမှူးး ဒေါက်တာဘစိုးသက်က ပြော ပါတယ် ။ လက်ရှိမြန်မာနိုင်ငံ မှာ ရောဂါပိုးတွေ့ ရှိသူတွေထဲကနေ ၂၂၂ ဦးရောဂါ ပိုးပျောက်ကင်းသွား ခဲ့ပြီးပါပြီ။

အခုလူနာအမှတ် (၉၆) ဟာ ရောဂါပိုး ပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရပြီးမှ ရောဂါပိုး ပြန်တွေ့ခဲ့တဲ့ ပထမဆုံး လူနာဖြစ် ပါတယ် ။ တာ ချီလိတ်က လူနာအမှတ် (၉၆) လုံးဝေ ရောဂါ ပျောက်ကင်းပြီး (၁) လ အကြာတွင် ရောဂါပိုးပြန်တွေ့၊ ဒီလို ပိုးပြန်တွေ့ တာဟာ မြန်မာနိုင်ငံ မှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။တာချီလိတ်မြို့က COVID-19 ရောဂါပျောက်ကင်း သွားခဲ့ပြီဖြစ်တဲ့ လူနာ အမှတ် ( ၉၆ ) မှာ တစ်လ ကျော်ကြာပြီး တဲ့နောက် ရောဂါပိုးပြန် လည်တွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အရှေ့ ပိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကနေ သိရ ပါတယ်။

တာချီလိတ်မြို့ ရဲ့ ပထမဆုံး လူနာဖြစ်သူ ရန်ကုန်က ပြန်လာတဲ့ ခွဲစိတ်ဆရာဝန်ကြီးဟာ ရောဂါပျောက်တာ တစ်လကျော်ပြီးတဲ့နောက် ရန်ကုန်ကို ပြန်ဖို့ ဆေးစစ်တဲ့အခါမှာ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူးး ဒေါက်တာ ဘစိုးသက် က ပြော ပါတယ် ။သူက အမှန် တကယ်တော့ ဂိုက်လိုင်းအတိုင်းဆို စစ်စရာ မလိုဘူး။ ဒါပေ မယ့်သူက ရန်ကုန်ပြန်မယ်ဆိုပြီးတော့ သူရဲ့ဆန္ဒသဘောအရ Swab ယူပြီး စစ်လိုက်တဲ့အခါမှာ ပိုးက ပြန်တွေ့တာ။

အခု ကျွန်တော်တို့ Contact တွေ လိုက်နေ တယ်” လို့ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ဆိုပါတယ်။ လူနာကို ရောဂါပျောက် ကင်းသွားပြီး အသွားအလာ ကန့်သတ်ရက်ပြည့်လို့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ကျိုင်းတုံဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၃၀ ရက်နေ့ည စစ်ဆေးချက်အဖြေအရ ရောဂါပိုးထပ်မံတွေ့ ရှိခဲ့ရတာပါ။

REF:   ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *