ဖားကန႔္ႏြံကန္ၿပိဳက်မႈ အေလာင္း( ၁၁၃ ) ေလာင္း ထိရွိလာၿပီး ေသဆုံးသူ(၂၀၀)ေက်ာ္ႏိုင္

၂.၇.၂၀၂၀ ရက္ေန႔၊ ၀၈ ၀၀ ခ်ိန္ ၊ ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာ၊ လခူးေခ်ာင္ရပ္ ကြက္ရွိ တစ္သုံးလုံး ၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္ ၊ ဧရာရတနာစုေပါင္းလုပ္ကြက္ေဟာင္းေနရာမ်ားတြင္ ေရ မေဆးသမားမ်ား ေရမေဆးေက်ာက္ဝင္ ေရာက္တူးေဖာ္ေနစဥ္ မိုး႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ ႏြံလႈိင္း႐ိုက္ခတ္မႈ ျဖစ္ပြားၿပီး ေရမေဆးေက်ာက္ရွာေဖြသူမ်ား ႏြံနစ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ဖားကန႔္ၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ လ်က္ရွိရာ ၀၉ ၃၀ အခ်ိန္တြင္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္း(၃၅)ေလာင္းႏွင့္ ၁၀ ၀၀ အခ်ိန္တြင္ ႐ုပ္အေလာင္း(၁၅)ေလာင္း စုစုေပါင္း ေသဆုံးသူ(၅၀)ဦး၏ ႐ုပ္အေလာင္း မ်ားအား ဆယ္ယူႏိုင္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါသည္။

ဆယ္ယူရရွိသည့္ အေလာင္း( ၁၁၃ ) ၊ လြတ္ေျမာက္ ဒဏ္ရာရ ( ၂၃ ) ဦး ၊ လူေပါင္း( ၂၀၀) ဦးထက္ မနည္း ေသဆုံးႏိုင္ ဟု မ်က္ျမင္မ်ား ခန႔္မွန္းေျပာဆိုေန ၾကသည္။ကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆယင္ရန္ အခက္ အခဲျဖစ္ ။(၁၁ : ၁၀) အခ်ိန္ တြင္ ေသဆုံးသူ(၃၇)ဦးႏွင့္ (၁၂ ၀၅)အခ်ိန္တြင္ ေသဆုံးသူ (၂၆)ဦး စုစုေပါင္း (၁၁၃)ဦးတို႔၏ ႐ုပ္အေလာင္းမ်ားအား ရွာေဖြေတြ႕ရွိခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္း မ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါသည္။

REF: SHWE WIKI

UNICODE

ဖားကန့်နွံကန်ပြိုကျမှု အလောင်း( ၁၁၃ ) လောင်း ထိရှိလာပြီး သေဆုံးသူ(၂၀၀)ကျော်နိုင်

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ် ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေ မဆေးသမားများ ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၀၉ ၃၀ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် ၁၀ ၀၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀)ဦး၏ ရုပ်အလောင်း များအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ဆယ်ယူရရှိသည့် အလောင်း( ၁၁၃ ) ၊ လွတ်မြောက် ဒဏ်ရာရ ( ၂၃ ) ဦး ၊ လူပေါင်း( ၂၀၀) ဦးထက် မနည်း သေဆုံးနိုင် ဟု မျက်မြင်များ ခန့်မှန်းပြောဆိုနေ ကြသည်။ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆေယင်ရန် အခက် အခဲဖြစ် ။(၁၁ : ၁၀) အချိန် တွင် သေဆုံးသူ(၃၇)ဦးနှင့် (၁၂ ၀၅)အချိန်တွင် သေဆုံးသူ (၂၆)ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *