မိုးလယ္ကာလ ျဖစ္ေသာ ဇူလိုင္ ႏွင့္ ၾသဂုတ္လ တို႔ အတြက္ မိုးဇလမွ ထုတ္ျပန္တဲ့ မုန္တိုင္းအထူးသတိေပးခ်က္

မိုးလယ္ကာလတြင္ ေ႐ႊက်င္ျမစ္ေရ သည္ ေ႐ႊက်င္ၿမိဳ႕တြင္ (၂)ႀကိမ္ခန႔္၊ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕တြင္ (၁)ႀကိမ္ခန႔္၊ သံလြင္ျမစ္ေရ သည္ ဘားအံၿမိဳ႕ တြင္(၂)ႀကိမ္ ခန႔္၊ ငဝန္ျမစ္ေရသည္ ငါးသိုင္းေခ်ာင္းၿမိဳ႕ႏွင့္ ပုသိမ္ၿမိဳ႕တို႔တြင္ (၁)ႀကိမ္ခန႔္စီႏွင့္ သာေပါင္းၿမိဳ႕ တြင္ (၂)ႀကိမ္ခန႔္၊ ကုလားတန္ ျမစ္ေရသည္ ေက်ာက္ေတာ္ၿမိဳ႕ တြင္ (၁)ႀကိမ္ခန႔္၊ ေလးၿမိဳ႕ ျမစ္ေရ သည္ ေျမာက္ဦးၿမိဳ႕ တြင္ (၁)ႀကိမ္ခန႔္၊ တိုးျမစ္ေရ သည္ မအူပင္ၿမိဳ႕ တြင္ (၁)ႀကိမ္ခန႔္ႏွင့္ ဘီးလင္းျမစ္ေရသည္ ဘီးလင္းၿမိဳ႕ တြင္ (၁)ႀကိမ္ခန႔္၊ ယင္းၿမိဳ႕မ်ား ၏ စိုးရိမ္ ေရမွတ္ အသီးသီး အထက္သို႔ ေက်ာ္လြန္ ေရာက္ရွိ ႏိုင္ေၾကာင္း သိ ရသည္။

မိုး လယ္ ကာလျဖစ္ ေသာ ဇူလိုင္လ ႏွင့္ ၾသဂုတ္လ တို႔တြင္ ဘဂၤလား ပင္လယ္ေအာ္ ၌ ေလဖိအားနည္း ရပ္ဝန္း ( ၄ )ႀကိမ္ျဖစ္ေပၚ ႏိုင္ၿပီး (၁)ႀကိမ္ တြင္ ပိုမို အားေကာင္း လာကာ မုန္တိုင္းငယ္ အျဖစ္ သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီး ဌာန က ခန႔္မွန္း ထုတ္ျပန္ ထားခ်က္ အရ သိရသည္ ။အဆိုပါ ကာလ အတြင္း အေနာ က္ေတာင္ မုတ္သုံေလ သည္ အားအသင့္အတင့္မွ အား ေကာင္း ႏိုင္ၿပီး မိုးလယ္ ကာလတြင္ မုတ္သုံေလအားျပတ္ျခင္း တစ္ႀကိမ္ ျဖစ္ေပၚႏိုင္ေၾကာင္း၊ ထုတ္ျပန္သည္။

မိုးလယ္ကာလ ၏ မိုး႐ြာသြန္းမႈ အေျခအေန မွာ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေဒသႀကီး ေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္ နယ္ (ေျမာက္ပိုင္း)တို႔တြင္ ႐ြာသြန္းၿမဲထက္ ပိုႏိုင္ၿပီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္း ၿမဲေအာက္ ေလ်ာ့ႏိုင္ကာ စစ္ကိုင္း တိုင္း ေဒသႀကီး အထက္ပိုင္း၊ မေကြးတိုင္းေဒသႀကီး ၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေ ဒသႀကီး၊ တနသၤာရီ တိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း ႏွင့္ ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ ပို၍ မိုးထစ္ခ်ဳန္း႐ြာႏိုင္ သည္ဟု သိရသည္ ။

ယင္းကာလ တြင္ ခ်င္းတြင္းျမစ္ေရ သည္ ခႏၲီးၿမိဳ႕၊ ဟုမၼလင္းၿမိဳ႕၊ ေဖာင္းျပင္ၿမိဳ႕၊ ေမာ္လိုက္ၿမိဳ႕၊ ကေလးဝၿမိဳ႕၊ မင္းကင္းၿမိဳ႕၊ ကနီၿမိဳ႕ႏွင့္ မုံ ႐ြာၿမိဳ႕ တို႔တြင္ (၁)ႀကိမ္ခန႔္စီ၊ ဧရာဝတီျမစ္ေရသည္ ဗန္းေမာ္ၿမိဳ႕၊ ေ႐ႊကူၿမိဳ႕၊ ကသာၿမိဳ႕၊ သပိတ္က်င္းၿမိဳ႕၊ မႏၲေလးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕၊ ျမင္းမူ ၿမိဳ႕၊ ပခုကၠဴၿမိဳ႕၊ ေညာင္ဦးၿမိဳ႕၊ ေခ်ာက္ၿမိဳ႕၊ မင္းဘူးၿမိဳ႕၊ မေကြးၿမိဳ႕၊ ေအာင္လံၿမိဳ႕၊ ျပည္ၿမိဳ႕၊ ဆိပ္သာၿမိဳ႕၊ ဟသၤာတၿမိဳ႕ႏွင့္ ဇလြန္ၿမိဳ႕ တို႔တြင္ (၁)ႀကိမ္ခန႔္စီ ၊ ဒု႒ဝတီျမစ္ေရသည္ ျမစ္ငယ္ၿမိဳ႕တြင္ (၁)ႀကိမ္ ခန႔္၊ ေသာင္ရင္းျမစ္ ေရသည္ ျမဝတီၿမိဳ႕တြင္ (၂)ႀကိမ္ခန႔္၊ စစ္ေတာင္းျမစ္ ေရသည္ ေတာင္ငူၿမိဳ႕ တြင္ (၁)ႀကိမ္ခန႔္ႏွင့္ မေဒါက္ၿမိဳ႕တြင္ (၂)ႀကိမ္ခန႔္စိုးရိမ္ေရမွတ္ အသီးသီး အထက္ သို႔ ေက်ာ္လြန္ ေရာက္ရွိႏိုင္ ေၾကာင္း သိ ရသည္။

REF: LET PAN

UNICODE

မိုးလယ်ကာလ ဖြစ်သော ဇူလိုင် နှင့် သြဂုတ်လ တို့ အတွက် မိုးဇလမှ ထုတ်ပြန်တဲ့ မုန်တိုင်းအထူးသတိပေးချက်

မိုးလယ်ကာလတွင် ရွှေကျင်မြစ်ရေ သည် ရွှေကျင်မြို့တွင် (၂)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေ သည် ဘားအံမြို့ တွင်(၂)ကြိမ် ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့် သာပေါင်းမြို့ တွင် (၂)ကြိမ်ခန့်၊ ကုလားတန် မြစ်ရေသည် ကျောက်တော်မြို့ တွင် (၁)ကြိမ်ခန့်၊ လေးမြို့ မြစ်ရေ သည် မြောက်ဦးမြို့ တွင် (၁)ကြိမ်ခန့်၊ တိုးမြစ်ရေ သည် မအူပင်မြို့ တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင် (၁)ကြိမ်ခန့်၊ ယင်းမြို့များ ၏ စိုးရိမ် ရေမှတ် အသီးသီး အထက်သို့ ကျော်လွန် ရောက်ရှိ နိုင်ကြောင်း သိ ရသည်။

မိုး လယ် ကာလဖြစ် သော ဇူလိုင်လ နှင့် သြဂုတ်လ တို့တွင် ဘင်္ဂလား ပင်လယ်အော် ၌ လေဖိအားနည်း ရပ်ဝန်း ( ၄ )ကြိမ်ဖြစ်ပေါ် နိုင်ပြီး (၁)ကြိမ် တွင် ပိုမို အားကောင်း လာကာ မုန်တိုင်းငယ် အဖြစ် သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန က ခန့်မှန်း ထုတ်ပြန် ထားချက် အရ သိရသည် ။အဆိုပါ ကာလ အတွင်း အနော က်တောင် မုတ်သုံလေ သည် အားအသင့်အတင့်မှ အား ကောင်း နိုင်ပြီး မိုးလယ် ကာလတွင် မုတ်သုံလေအားပြတ်ခြင်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ ထုတ်ပြန်သည်။

မိုးလယ်ကာလ ၏ မိုးရွာသွန်းမှု အခြေအနေ မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်း မြဲအောက် လျော့နိုင်ကာ စစ်ကိုင်း တိုင်း ဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းေ ဒသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း နှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ပို၍ မိုးထစ်ချုန်းရွာနိုင် သည်ဟု သိရသည် ။

ယင်းကာလ တွင် ချင်းတွင်းမြစ်ရေ သည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံ ရွာမြို့ တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူ မြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် (၁)ကြိမ်ခန့်စီ ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ် ခန့်၊ သောင်ရင်းမြစ် ရေသည် မြဝတီမြို့တွင် (၂)ကြိမ်ခန့်၊ စစ်တောင်းမြစ် ရေသည် တောင်ငူမြို့ တွင် (၁)ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် (၂)ကြိမ်ခန့်စိုးရိမ်ရေမှတ် အသီးသီး အထက် သို့ ကျော်လွန် ရောက်ရှိနိုင် ကြောင်း သိ ရသည်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *