လိုင္းေပၚ မွာေတာ့က်ေနာ္ေပါက္တယ္ လို႔ ေျပာေနၾကတာ တ ကယ္ကက်ေနာ့္ဆိုင္က အထူးဆုႀကီး ထြက္တာ ပါ ” လို႔ ေျပာလာတဲ့ ဦးစိုးဝင္း
|(၁၇)ႀကိမ္ေျမာက္ ၁၀၀၀က်ပ္တန္ ေအာင္ဘာေလသိန္းဆုပြဲအတြက္ ေရာင္းခ်ခဲ့သည့္အကၡရာ ၃၉ လုံး၊ထီစာအုပ္ေပါင္း ၃၁၉၀၉၀၂အုပ္နဲ႔ ထီအေစာင္ေရ၃၅၀၉၉၉၂၂ေစာင္ကိုေရာင္းခ်ခဲ့တာျဖစ္ၿပီး ထိုအထဲကမွ ” ည ၈၅၃၀၉၅ ” လက္မွတ္အေနနဲ႔က်ပ္သိန္းတစ္ေသာင္းခြဲဆုကိုကံထူးထြက္ေပၚခဲ့တာပဲျဖစ္ပါတယ္။
ယခု သတင္းကို ( UpToDateChannel ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္(၁၇)ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ေအာင္ဘာေလသိန္းဆုဖြင့္ပြဲအတြက္ အထူးဆုႀကီးစနစ္မွ အျမင့္ဆုံးဆု က်ပ္သိန္းတစ္ေသာင္းခြဲဆုကို မုံ႐ြာ ေအာင္ဆုထူးပိုင္ ထီဆိုင္ပင္ရင္းမွထြက္ရွိေၾကာင္း သိရပါတယ္။
ယေန႔ ၂၀၂၀ ျပည့္ႏွစ္၊ဇူလိုင္လ ၁ရက္ေန႔မွာ ဖြင့္လွစ္လိုက္တဲ့ (၁၇)ႀကိမ္ေျမာက္ ၁၀၀၀က်ပ္တန္ေအာင္ဘာေလသိန္းဆုဖြင့္ပြဲအတြက္ ထီလက္မွတ္မ်ားကို “က”အကၡရာမွ အစဥ္အလိုက္ “ကစ”ထိ စုစုေပါင္းအကၡရာ ၃၉လုံးေရာင္းခ်ခဲ့ရာအထူးဆုႀကီးစနစ္မွအျမင့္ဆုံးဆု က်ပ္သိန္းတစ္ေသာင္းငါးေထာင္ဆုကို မုံ႐ြာၿမိဳ႕၊ေအာင္ဆုထူးပိုင္ ထီဆိုင္ပင္ရင္းမွထြက္ရွိခဲ့ပါတယ္။
အခုထြက္ရွိတဲ့ ထီဆိုင္ပိုင္ရွင္ ဦးစိုးဝင္းကေတာ့(၁၁)ႀကိမ္ေျမာက္တုန္းက က်ပ္သိန္းတစ္ေသာင္းဆုကို ကံထူးႏိုင္ခဲ့သူျဖစ္ကာ အခုအႀကိမ္ မွာေတာ့ သူဖြင့္လွစ္ထားတဲ့ ေအာင္ဆုထူးပိုင္ ထီဆိုင္ပင္ရင္းကေန က်ပ္သိန္းတစ္ေသာင္းခြဲကံထူးရွင္ကို ကံထူးေပးႏိုင္ခဲ့တာျဖစ္တယ္ လို႔ သိရပါတယ္။ဒါေၾကာင့္ ဦးစိုးဝင္းကိုဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါမွာ လိုင္းေပၚမွာေတာ့က်ေနာ္ေပါက္တယ္လို႔ ေျပာေနၾကတာေပါ့၊
တကယ္ကက်ေနာ့္ဆိုင္ကထြက္တာပါ၊က်ေနာ္လည္းပဲ ၉၂ နဲ႔ ၉၅ ပဲလြဲသြားတာ၊၉၂ ဆိုရင္ေတာ့ က်ေနာ္ေနာက္တစ္ႀကိ မ္ထပ္ကံထူးမွာ ေပါ့ေနာ္၊အခု ကေတာ့က်ေနာ့္ဆိုင္ကေပါ့၊ ေပါက္တဲ့ကံထူးရွင္ ကို ဆက္သြယ္ေနတုန္းပါ၊ ခ်င္းတြင္းျမစ္ အထက္ပိုင္းေလးကလို႔ လတ္တ ေလာစုံစမ္းလို႔ရတယ္၊အဆက္အသြယ္ေတာ့မရေသးဘူး၊ရေတာ့ရေတာ့မွာပါ၊
ကနီနားေလးေလာက္ေပါ့ ၊ဟိုးအထက္ပိုင္းထိ လည္းမဟုတ္ဘူး၊က်ေနာ့္တပည့္ေတြ စုံစမ္းလို႔ရကာနီးၿပီေျပာပါတယ္၊ရရင္အတိအက် ျပန္ၿပီးေျဖၾကားေပးပါ့မယ္” လို႔ ေျပာျပ လာပါတယ္။
သတင္းေပးပို႔သူ – စည္သူေအာင္(မုံ႐ြာ)
Up To Date Channel Sky Net
UNICODE
လိုင်းပေါ် မှာတော့ကျနော်ပေါက်တယ် လို့ ပြောနေကြတာ တ ကယ်ကကျနော့်ဆိုင်က အထူးဆုကြီး ထွက်တာ ပါ ” လို့ ပြောလာတဲ့ ဦးစိုးဝင်း
(၁၇)ကြိမ်မြောက် ၁၀၀၀ကျပ်တန် အောင်ဘာလေသိန်းဆုပွဲအတွက် ရောင်းချခဲ့သည့်အက္ခရာ ၃၉ လုံး၊ထီစာအုပ်ပေါင်း ၃၁၉၀၉၀၂အုပ်နဲ့ ထီအစောင်ရေ၃၅၀၉၉၉၂၂စောင်ကိုရောင်းချခဲ့တာဖြစ်ပြီး ထိုအထဲကမှ ” ည ၈၅၃၀၉၅ ” လက်မှတ်အနေနဲ့ကျပ်သိန်းတစ်သောင်းခွဲဆုကိုကံထူးထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။
ယခု သတင်းကို ( UpToDateChannel ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်(၁၇)ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အထူးဆုကြီးစနစ်မှ အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းခွဲဆုကို မုံရွာ အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်းမှထွက်ရှိကြောင်း သိရပါတယ်။
ယနေ့ ၂၀၂၀ ပြည့်နှစ်၊ဇူလိုင်လ ၁ရက်နေ့မှာ ဖွင့်လှစ်လိုက်တဲ့ (၁၇)ကြိမ်မြောက် ၁၀၀၀ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်အလိုက် “ကစ”ထိ စုစုပေါင်းအက္ခရာ ၃၉လုံးရောင်းချခဲ့ရာအထူးဆုကြီးစနစ်မှအမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကို မုံရွာမြို့၊အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်းမှထွက်ရှိခဲ့ပါတယ်။
အခုထွက်ရှိတဲ့ ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းကတော့(၁၁)ကြိမ်မြောက်တုန်းက ကျပ်သိန်းတစ်သောင်းဆုကို ကံထူးနိုင်ခဲ့သူဖြစ်ကာ အခုအကြိမ် မှာတော့ သူဖွင့်လှစ်ထားတဲ့ အောင်ဆုထူးပိုင် ထီဆိုင်ပင်ရင်းကနေ ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင်ကို ကံထူးပေးနိုင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ဒါကြောင့် ဦးစိုးဝင်းကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ လိုင်းပေါ်မှာတော့ကျနော်ပေါက်တယ်လို့ ပြောနေကြတာပေါ့၊
တကယ်ကကျနော့်ဆိုင်ကထွက်တာပါ၊ကျနော်လည်းပဲ ၉၂ နဲ့ ၉၅ ပဲလွဲသွားတာ၊၉၂ ဆိုရင်တော့ ကျနော်နောက်တစ်ကြိ မ်ထပ်ကံထူးမှာ ပေါ့နော်၊အခု ကတော့ကျနော့်ဆိုင်ကပေါ့၊ ပေါက်တဲ့ကံထူးရှင် ကို ဆက်သွယ်နေတုန်းပါ၊ ချင်းတွင်းမြစ် အထက်ပိုင်းလေးကလို့ လတ်တ လောစုံစမ်းလို့ရတယ်၊အဆက်အသွယ်တော့မရသေးဘူး၊ရတော့ရတော့မှာပါ၊
ကနီနားလေးလောက်ပေါ့ ၊ဟိုးအထက်ပိုင်းထိ လည်းမဟုတ်ဘူး၊ကျနော့်တပည့်တွေ စုံစမ်းလို့ရကာနီးပြီပြောပါတယ်၊ရရင်အတိအကျ ပြန်ပြီးဖြေကြားပေးပါ့မယ်” လို့ ပြောပြ လာပါတယ်။
သတင်းပေးပို့သူ – စည်သူအောင်(မုံရွာ)
Up To Date Channel Sky Net