ေက်ာက္စိမ္းေျမ က ေလာင္ပန္ေလာင္းေတြရဲ႕ ကြဲပ်က္ သြား တဲ့ အိပ္မက္မ်ား

ေက်ာက္တစ္ပြင့္ ရ႐ုံနဲ႔ ခ်က္ခ်င္းသူေဌး ျဖစ္ႏိုင္တာမို႔ သူတို႔ေတြအတြက္ ဒီေငြေတြ ကို ေပ်ာ္စရာ သုံးစရာ မရွားလွပါဘူး။ လြယ္လင့္တကူ ရတဲ့ မူးယစ္ေဆးနဲ႔ အတူ ဟိုတယ္အခန္းေတြ၊ စားေသာက္ဆိုင္ေတြကို အျပတ္ငွားၿပီး အေပ်ာ္အပါးရွာၾကတာလည္း ျဖစ္ပါတယ္။ မွိန္ျပျပ လမ္းမီးေရာင္ေအာက္ ဒယီးဒယိုင္နဲ႔ သြားေနၾကတဲ့ ေဆးသမားတခ်ိဳ႕ကိုလည္း ျမင္ရပါတယ္။ကြၽန္မတို႔ကို ကားေမာင္းပို႔ခဲ့တဲ့ ကားဆရာ ကေတာ့ ညစာထြက္စားခ်ိန္ ကြၽန္မတို႔နဲ႔ သူက လိုက္မလာခဲ့ပါဘူး။”ဖားကန႔္ကို ေရာက္လို႔ မွ ေဆးမသုံးခဲ့ ဘူးဆို ဘယ္တန္မလဲဗ်ာ” လို႔ ေျပာပါတယ္။ၿပီးေတာ့ တခ်က္ရယ္လိုက္ၿပီး ဟိုတယ္ေဘးက အေမွာင္လမ္းၾကားေလးထဲ ဝင္ေရာက္ ေပ်ာက္ကြယ္သြားပါေတာ့တယ္။

ျမစ္ႀကီးနားကေန စ ခရီးထြက္ လာကတည္းက အေကြ႕အဝိုက္ အတက္အဆင္းမ်ားလွတဲ့ လမ္းခရီးၾကမ္းကိုႏွင္လာရတဲ့ ကြၽန္မတို႔အဖြဲ႕ ကတၱရာခပ္ပါးပါးခင္းထားတဲ့ ဖားကန႔္ၿမိဳ႕အဝင္လမ္းေၾကာင့္ သက္ေသာင့္သက္သာ ျဖစ္သြားရေပမယ့္ ဒါက သိပ္မၾကာလိုက္ပါဘူး။ ေက်ာက္ခဲ စလုံးစခုလမ္းေတြ ေျမသားခ်ိဳင့္ခြက္ေတြနဲ႔ မညီမညာလမ္းေတြဆီ ျပန္ေရာက္လာပါတယ္။မညီမညာရွိလွတဲ့ လမ္းေတြဟာ လူ တရပ္ေက်ာ္ျမင့္တဲ့ အုတ္တံတိုင္းႀကီးေတြ ကာထားတဲ့ ၿခံဝင္းက်ယ္ႀကီးေတြနဲ႔ မလိုက္ဖက္လွပါဘူး။ေနအိမ္ေတြကိုေတာ့ လမ္းထက္ျမင့္ တဲ့ေနရာမွာ ေဆာက္ထားၾကပါတယ္။မိုးတြင္းဆို ၿမိဳ႕ထဲလမ္းေတြေပၚ ေရဝင္လို႔ ဒီလမ္းေတြကို ေကာင္းေအာင္ မျပဳျပင္ႏိုင္တာလို႔ ဖားကန႔္ ေဒသခံေတြက ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕အဝင္ ႐ြာထဲက လမ္းေဘးတစ္ေနရာမွာ ေဆးသုံးၿပီး မွိန္းေနၾကသူတခ်ိဳ႕ကို ေတြ႕ရပါတယ္။ဖားကန႔္ၿမိဳ႕အဝင္ ႐ြာထဲက လမ္း ေဘးတစ္ေနရာမွာ ေဆးသုံးၿပီး မွိန္းေနၾကသူတခ်ိဳ႕ကို ေတြ႕ရပါတယ္။ၿမိဳ႕အဝင္ လမ္းေထာင့္ေတြမွာကိုပဲ အက်ႌခပ္ႏြမ္းႏြမ္း ဝတ္ထားတဲ့ လဲေလ်ာင္းေနသူ ၁ ဦးစ၊ ၂ ဦးစကို စျမင္ရပါတယ္။ကားဆရာက “ဒါ ေဆးသမားေတြေလ” လို႔ ေျပာျပပါတယ္။”မထူးဆန္းဘူးဗ်၊ ဒါမ်ိဳး မျမင္ရရင္သာ ဖားကန႔္မွ ဟုတ္ရဲ႕လားလို႔ ေမးခြန္းထုတ္ရမွာ” လို႔ သူက ရယ္ၿပီး ေျပာပါတယ္။ တကယ္ေတာ့ ဖားကန႔္ဟာ ေက်ာက္စိမ္းၿမိဳ႕ ေတာ္ဆိုေပမယ့္ နယ္ၿမိဳ႕ေလး တစ္ၿမိဳ႕ေလာက္ေတာင္ ပကာသန ျပည့္ျပည့္စုံစုံ မရွိလွပါဘူး။

ဖားကန႔္ၿမိဳ႕ကေန နာရီဝက္ေလာက္ ေမာင္းရတဲ့ ဆိပ္မူ ေက်း႐ြာအုပ္စုထဲက ေဝခါ ေမွာ္ဆီ အေရာက္မွာေတာ့ လူေတြ စု႐ုံး စု႐ုံးျဖစ္ေနၾက တာကို ေတြ႕ရပါတယ္။”ကုမၸဏီေတြက စြန႔္ပစ္ေျမစာေတြကို ေနအိမ္ေတြနား လာပုံတယ္၊ ဟိုရက္က ေျမစာပိလို႔ ေနအိမ္တခ်ိဳ႕ ပါသြား တယ္၊ ေျမစာေတြ ဆက္မပုံဖို႔ ေတာင္းဆိုေနၾကတာ” လို႔ ႐ြာခံ ကိုခ်စ္တုံးက ေျပာပါတယ္။ဒီ႐ြာမွာ ေျမစာေတာင္တန္းေတြ၊ ႀကီးမားမတ္ ေစာက္တဲ့ ေက်ာက္ကမ္းပါးယံေတြက လူေနအိမ္ေျခေတြနား ရွိေနၿပီး ေျမစာပုံေအာက္ အိမ္အလုံးလိုက္ေရာက္ခဲ့တာ၊ လူေသတာေတြက မၾကာခဏျဖစ္ေနပါတယ္။ေဝခါေမွာ္ထဲေရာက္ေတာ့ ေန႔လယ္ ၂ နာရီေလာက္ ရွိေနပါၿပီ။

က်ဲက်ဲေတာက္ ေနေရာင္ေအာက္မွာ အုပ္စုလိုက္လူေတြ အပူဒဏ္ကို မမႈဘဲ ေက်ာက္တုံးေတြကိုထုၿပီး အလုပ္မ်ားေနၾကပါတယ္။ ေရမေဆး သမားေတြကေတာ့ တကိုယ္ လုံး အျပည့္ အက်ႌလက္ရွည္၊ ေဘာင္းဘီအရွည္နဲ႔ ခေမာက္လို အကာႀကီးႀကီးပါတဲ့ ဦးထုပ္ေတြ ေဆာင္းထား ၿပီး လက္မွာလည္း ထိပ္ခြၽန္ခြၽန္ တူ ၁ ေခ်ာင္းစီ ကိုင္ထားၾကပါတယ္။သူတို႔ေတြက ဒါကို စိန္တူ လို႔ ေခၚၾက ပါတယ္။ ေမွာ္ထဲေက်ာက္ရွာ ၾကသူေတြအဖို႔ စိန္တူဟာ မရွိမျဖစ္ လိုအပ္တဲ့ လက္နက္တစ္ခုလည္း ျဖစ္ပါတယ္။ေက်ာက္စိမ္းလို႔ ထင္ရတဲ့ ေက်ာက္တုံးေတြ႕ၿပီဆိုရင္ စိန္တူ နဲ႔ ေခါက္ၾကည့္၊ အသံ နားေထာင္ၾကည့္၊ ေက်ာက္တုံး အေပၚယံ ဘယ္ေလာက္ကြာက်လဲ ဆိုတာၾကည့္ၿပီး ။

ဒါက ေရာင္းတန္းဝင္ေက်ာက္ ဟုတ္မဟုတ္ဆိုတာ ခန႔္မွန္းၾကပါတယ္။စိန္တူဟာ ေရမေဆးသမားေတြအဖို႔ မရွိလို႔မျဖစ္တဲ့ လက္နက္ လည္း ျဖစ္ပါတယ္။ေက်ာက္ရၿပီဆိုရင္ ေရေတာင္မေဆးဘဲ တခါတည္းတန္းၿပီး ေက်ာက္ကုန္သည္ေတြဆီ သြားေရာင္းၾကတာမို႔ ဒီေဒသမွာ ေက်ာက္ရွာသူေတြကို “ေရမေဆးသမား” ရယ္လို႔ ေခၚၾကပါတယ္။ေမွာ္ထဲမွာလည္း လူအရပ္ သုံး ေလး ျပန္ေလာက္ ျမင့္တဲ့ ေက်ာက္တူး ကားႀကီးေတြ၊ ေျမစာပုံသယ္တဲ့ ကားႀကီးေတြက လူးလာေခါက္တုံ႔ ဥဒဟို သြားေနၾကပါတယ္။ေပေထာင္ခ်ီ နက္ေအာင္ တူးေဖာ္ထားတဲ့ ေက်ာက္ေမွာ္ေတြထဲ ဆယ္ဘီးကားႀကီးေတြ အဆက္မျပတ္ သြားလာေနၾကတာပါ။ ဒီကားေတြကို ေရွာင္ရတာလည္း မလြယ္လွ ပါဘူး။

ေဝခါေမွာ္ထဲ ေရမေဆး ေက်ာက္ရွာေနတဲ့ မႏြယ္ႏြယ္ဝင္းက “ကြၽန္မဆို တစ္ေယာက္တည္း မသြားရဲဘူး၊ ဒီကားေတြက ဘယ္သူ႔ကိုမွ မေရွာင္ဘူး၊ ကားတိုက္မိလို႔ ေသတဲ့အျဖစ္ေတြက ခဏခဏပဲ၊ ကိုယ့္ဟာကိုယ္ သတိထား” လို႔ က်မတို႔ကို ၿပဳံးျပႏႈတ္ဆက္ရင္း ေျပာပါ တယ္။ဧရာဝတီတိုင္း ေက်ာင္းကုန္းၿမိဳ႕သူ မႏြယ္ဟာ ဖားကန႔္ေရာက္ေနတာ အႏွစ္ ၂၀ ေက်ာ္ ရွိပါၿပီ။ဒီမွာပဲ ခင္ပြန္းျဖစ္သူနဲ႔ေတြ႕၊ အိမ္ ေထာင္က်၊ ခုေတာ့ သမီး ၃ ေယာက္ အေမ ျဖစ္ေနၿပီလို႔ သူ႔အေၾကာင္းေတြကို ေျပာျပပါတယ္။မႏြယ္ဟာ ၁၀ တန္း တက္ေနတဲ့ သမီးျဖစ္သူ နဲ႔ ေမွာ္ထဲ ေက်ာက္လာရွာေလ့ရွိပါတယ္ စကားေျပာေနတုန္းပဲ ေရမေဆးသမားတစုဟာ ကားေတြေနာက္။

အလုအယက္ အေျပးအလႊား လိုက္သြားၾကပါတယ္။ေက်ာက္မ်က္လုပ္ကြက္ေတြမွာ ကုမၸဏီေတြက စိတ္တိုင္းက်ရွာၿပီး စြန႔္ပစ္လိုက္တဲ့ ေျမစာပုံေတြ တင္လာတဲ့ကားေတြ ေနာက္ပါ။ဖားကန႔္က ဘယ္ေလာက္ေတာင္မွ ေက်ာက္စိမ္းေပါသလဲဆိုရင္ တူးတဲ့ေနရာ တိုင္းက ထြက္ ေနတာ၊ ကုမၸဏီေတြက စြန႔္ပစ္အမႈိက္ဆိုေပမဲ့ ဒီကေန ေက်ာက္ေကာင္း တစ္လုံးရၿပီး ေလာပန္ျဖစ္သြားသူေတြ မနည္းဘူး” လို႔ မႏြယ္က ေျပာပါတယ္။ေန႔ေန႔ညည ေက်ာက္ရွာၿပီး ေရာင္းတန္းဝင္ ေက်ာက္ေလးတစ္တုံး ရလိုရျငားဆိုတဲ့ ေမွ်ာ္လင့္ခ်က္က သူတို႔ရဲ႕ အိပ္မက္တစ္ ခုပါ။”အဲ့လိုမ်ိဳး ေက်ာက္ရရင္ေတာ့ဆိုၿပီး အရမ္းကို စိတ္ကူးယဥ္မိတာေပါ့၊

ေက်ာက္ကေလး ရရင္ေတာ့….” လို႔ မႏြယ္က သူ႔ရဲ႕ စိတ္ကူးကို ေျပာရင္း မ်က္ႏွာကလည္း ၿပဳံးေယာင္သန္းလာပါတယ္။သူေဌးျဖစ္ေရး အိပ္မက္ေတြနဲ႔ ဖားကန႔္ကို အနယ္နယ္အရပ္ရပ္က လာၾကတဲ့ ေရမေဆးေက်ာက္ရွာသူ ၃ သိန္းေက်ာ္ရွိေနၿပီလို႔ ျပည္နယ္အစိုးရက ထုတ္ျပန္ထားပါတယ္။ေက်ာက္ေမွာ္ေတြနား၊ ေျမစာပုံေတြနားမွာပဲ ခေနာ္နီ ခေနာ္နဲ႔ ထိုးထားတဲ့ တဲေတြမွာ သူတို႔ေတြ မိသားစုလိုက္ ေနထိုင္ၾကပါတယ္။က်ိဳးတို႔ က်ဲတဲ ဝါးျခမ္းျပား အကာအရံေပၚ တာလပတ္ အုပ္ထားတဲ့ တဲေတြကို ဟိုတစ္စု ဒီတစု ျမင္ရပါတယ္။မိုးကာလ မိုးေတြ ေလေတြက်ၿပီဆိုရင္ မိသားစု ေတြ ေနေရးထိုင္ေရး အခက္ႀကဳံၾကရပါတယ္။

“ေနစရာမွ မရွိတာ၊ ညတုန္းက ဆိုလို႔ရွိရင္ အိပ္လို႔ေတာင္ မေပ်ာ္ဘူး၊ သားအမိေတြ အကုန္ လုံး ငုတ္တုတ္ထိုင္ေနရတာ၊ မိုးေလး ေလေလး ၿငိမ္မွ အိပ္ေပ်ာ္တာ.. ေယာက္်ားလည္း တခါတခါက် မိုးလင္းေပါက္ ေက်ာက္ရွာတယ္ဆိုေတာ့ မရွိဘူး” လို႔ မႏြယ္က သူ႔ဘဝအေၾကာင္းကို ေျပာျပပါတယ္။မိုးတြင္းဆို ေျမစာပုံေတြ ခဏခဏ ၿပိဳလို႔ ေျမပိေသဆုံးမႈေတြ မၾကာခဏ ျဖစ္ေနတာပါ။ဒီလိုေနရာမ်ိဳးေတြမွာ စြန႔္ပစ္ေျမစာ ပုံၿပိဳလို႔ ေသဆုံးရတာေတြကလည္း မၾကာခဏ ႀကဳံေနရတာပါပိုက္ဆံနည္းနည္း တတ္ႏိုင္သူေတြကေတာ့ ေမွာ္ေတြနားက တခ်ိဳ႕အိမ္ေတြ မွာ ငွားေနၾကရပါတယ္။အိမ္တခ်ိဳ႕မွာေတာ့ ေအာက္ခံေျမမေကာင္းလို႔ ၾကမ္းခင္း သမံတလင္း ေနရာအေတာ္မ်ားမ်ားမွာ။

အက္ကြဲေၾကာင္းေတြ ျမင္ေတြ႕ရၿပီး ။အိမ္လုံးလိုက္ အေန႔ျမင္ ညေပ်ာက္ အျဖစ္ေတြလည္း မၾကာခဏ ႀကဳံရပါတယ္လို႔ ဒီကို ေရာက္ေနသူ အမူအရာေတြက ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေနၾကပုံပါ။အႏၲရာယ္မ်ားလွတဲ့ လုပ္ငန္းခြင္ကို ေျဖသိမ့္ဖို႔ တျခားနည္းလမ္းေတြ သူတို႔ေတြ ရွာၾက ပါေတာ့တယ္။ဖားကန႔္မွာ အလြယ္ကူဆုံးရႏိုင္တာ မူးယစ္ေဆးပါ။”ဒီအရပ္ေဒသမွာ ကိုယ့္အေပါင္းအသင္းကလည္း ဒီလိုပဲဆိုေတာ့ ေပ်ာ္ ေနသလိုပဲဗ်ာ…. ခုေတာ့ ႀကိဳက္သြားၿပီဆိုေတာ့ တစ္ရက္စာ မရႈလို႔ရွိရင္ ကြၽန္ေတာ္က ေက်ာက္မရွာႏိုင္ေတာ့ဘူး” လို႔ ဟိုပင္ကေန ဖား ကန႔္ကို ေက်ာက္ရွာဖို႔ ေရာက္လာခဲ့တဲ့ ကိုစိန္လင္းက ေျပာပါတယ္။ အသက္နဲ႔ ေလာင္းေၾကးထပ္ၿပီး ေက်ာက္ရွာေနၾကသူေတြ႕အဖို႔။

မူးယစ္ ေဆးဝါးက သူတို႔စိတ္ေျဖရာလို ျဖစ္လာပါေတာ့တယ္။ဒီမွာ ဝါက်င့္က်င့္အေရာင္နဲ႔ အျဖဴေရာင္အမႈန႔္ေတြ ေရာေနတဲ့ ဘိန္းျဖဴမႈန႔္ကို အနည္းဆုံး ေငြက်ပ္ ၂၀၀ ေလာက္နဲ႔ ဝယ္ႏိုင္ပါတယ္။၁ ခါရႈကို ၁ ေပါက္ရႈလို႔ ေခၚၿပီး အနည္းဆုံး ၂၀၀ ဖိုးနဲ႔ဝယ္ႏိုင္ၿပီး တခါထိုးပမာဏ ဘိန္းျဖဴဆိုရင္ အနည္းဆုံး က်ပ္ ၅၀၀ ဖိုးအထိ ဝယ္ႏိုင္ပါတယ္။ဘိန္းျဖဴကို အေၾကာထဲ ထိုးသြင္းသူေတြကေတာ့ သုံးစြဲမယ့္ ဘိန္းျဖဴပမာဏ ကို ေဆးထိုးအပ္ထဲ ထည့္ၿပီး ေရနဲ႔ေရာ၊ အေၾကာထဲကို ထိုးသြင္းၾကပါတယ္။ေမွာ္နဲ႔ မနီးမေဝး ဆိပ္မူ႐ြာထဲမွာေတာ့ ျပန႔္က်ဲေနတဲ့ သုံးၿပီး သား ေဆးထိုးအပ္ေတြကို လမ္းေဘးတေလွ်ာက္ ျမင္ရပါတယ္။ေက်းလက္ေဆးေပးခန္းနဲ႔ ေက်ာခ်င္းကပ္မွာကိုပဲ ။

ဖိုးသမားေတြရဲ႕ တဲေလးေတြ ဟိုတစု ဒီတစု ရွိေနပါတယ္။သိပ္မၾကာခင္မွာပဲ ခပ္က်ယ္က်ယ္ ဆိုင္ကယ္ ဟြန္းသံေတြေပးၿပီး ေဆးသမား ေတြ အုပ္စုလိုက္ ေရာက္လာၾကပါတယ္။ဒီေနရာဟာ ညေနတိုင္း သူတို႔ေတြ စုေဝးရာအရပ္လို႔ ႐ြာခံေတြက ေျပာပါတယ္။ခဏၾကာေတာ့ ဘိန္းရႈသူရႈ၊ အေၾကာထဲ ေဆးထိုးသူထိုးနဲ႔ နိဗၺာန္ဘုံ ယာယီေရာက္ဖို႔အေရးထက္ ဘာကိုမွ သူတို႔ေတြ ဂ႐ုမစိုက္ႏိုင္ၾကေတာ့ပါဘူး။မွိန္းၿပီး ဇိမ္ခံေနၾကသူေတြရွိသလို လက္ေတြ ေပါင္ေတြမွာ ေဆးထိုးအပ္တန္းလန္း နဲ႔ ဥဒဟို သြားလာေနသူေတြလည္း ရွိပါတယ္။အသိစိတ္မဲ့ သြား လာေနၾကသူေတြကို ေနဝင္ရီတေရာ ျမင္ရတဲ့ ျမင္ကြင္းက ေျခာက္ျခားစရာေကာင္းလွပါတယ္။”

ေက်ာက္လာရွာတယ္၊ ပိုက္ဆံလာရွာတယ္ ဆိုတာ မိသားစုနဲ႔ ေႏြးေႏြးေထြးေထြး ေနခ်င္လို႔ေပါ့ဗ်ာ …ဒါေပမဲ့ မေျပလည္ခဲ့ဘူး..” လို႔ ကိုစိန္ လင္းကလည္း သူ႔ဘဝႀကီးကို စိတ္ပ်က္လက္ပ်က္ အားေလ်ာ့သံနဲ႔ ေျပာပါတယ္။ေက်ာက္မ်က္ေမွာ္ေတြနဲ႔ အနီးတဝိုက္႐ြာေတြထဲမွာကိုပဲ လႊတ္ပစ္ထားတဲ့ ေဆးထိုးအပ္ေတြကို လမ္းေဘးတေလွ်ာက္ ျပန႔္က်ဲေနပါတယ္”ခုက ဖိုးသမားအဆင့္ေရာက္ေနၿပီဆိုေတာ့ ယင္းလည္း ေတာ္ေတာ္ႀကီးလာၿပီ၊ ျဖတ္ဖို႔လည္း ေတာ္ေတာ္ခက္သြားၿပီ၊ တစ္ရက္ကို မရွိဘူးဆို အနည္းဆုံး ၂ ႀကိမ္ ၃ ႀကိမ္ တခါတေလလည္း ၅ ႀကိမ္ ၆ ႀကိမ္ ပိုက္ဆံရွိရင္ ရွိသလို သုံးတယ္” လို႔ ေက်ာက္ရွာဖို႔ မိုးညႇင္းကေန ဖားကန႔္ေရာက္လာခဲ့တဲ့ ကိုဝင္းေအာင္က ေျပာပါတယ္။

ေျခေတြ လက္ေတြမွာ ေဆးထိုးအပ္ရာ ဗရပြနဲ႔ သူ႔ၾကည့္ရတာ အေတာ္ေလး အားနည္းေနပုံလည္း ရပါတယ္။အေဝးတေနရာကို လွမ္းေမွ်ာ္ ၾကည့္ရင္း “ကိုယ့္ဘဝႀကီးကို ဘယ္လိုမွကို မေျပာတတ္တာ…””ကိုယ့္ကိုယ္ေသသြားတာပဲ ေကာင္းတယ္..ကိုယ့္မိဘေတြ ကိုယ္ပတ္ဝန္း က်င္နဲ႔ ေဆြမ်ိဳးအသိုင္းအဝိုင္းကို မျပရဲတာ… ဒီလိုျဖစ္ခဲ့မယ္လို႔ ထင္ကို မထင္ထားဘူး၊ ကိုယ္သုံးတုန္းကေတာ့ အေပ်ာ္သက္သက္ပဲ၊ ဒီ ေလာက္ႀကီး စုတ္ျပတ္သက္သြားမယ္လို႔ မထင္ထားဘူး” လို႔ အေဝးတေနရာကို ခပ္ေတြေတြႀကီး လွမ္းေမွ်ာ္ၾကည့္ရင္း ကိုဝင္းေအာင္က ေျပာပါတယ္။ ေမွာ္ထဲကေန ဖားကန႔္ၿမိဳ႕ကို ျပန္ေရာက္ေတာ့ မိုးစုပ္စုပ္ခ်ဳပ္ ေနပါၿပီ။

ေန႔ခင္းဘက္မွာ ဖုန္ထူၿပီး ေျခာက္ေသြ႕လွေပမဲ့ ညဘက္မွာေတာ့ ျပန္လည္ သက္ဝင္လႈပ္ရွားလာပါတယ္။မီးေရာင္ ခပ္မွိန္မွိန္ထြန္းထားတဲ့ တည္းခိုခန္းေတြ၊ ေပ်ာ္ပြဲစား႐ုံေတြထဲ ေလာင္းကစားဝိုင္းေတြ၊ လိင္အလုပ္သမေတြနဲ႔ ညဟာ အလုပ္ မ်ားေနပါတယ္။ေမွာ္ေတြထဲက ေလာ ပန္ႀကီးေတြ လာေရာက္အပန္းေျဖၾကတာျဖစ္လို႔ တည္းခိုခန္းေတြမွာ အခန္းတစ္ခန္းရဖို႔ မလြယ္လွပါဘူး။”ဖားကန႔္က ပူတယ္ေလ၊ ဒီေတာ့ ညဆို ေလာပန္ေတြက ေဟာ္တယ္မွာ လာအိပ္ၾကတာေပါ့” လို႔ ဟိုတည္ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

Credit: BBC

UNICODE

ကျောက်စိမ်းမြေ က လောင်ပန်လောင်းတွေရဲ့ ကွဲပျက် သွား တဲ့ အိပ်မက်များ

ကျောက်တစ်ပွင့် ရရုံနဲ့ ချက်ချင်းသူဌေး ဖြစ်နိုင်တာမို့ သူတို့တွေအတွက် ဒီငွေတွေ ကို ပျော်စရာ သုံးစရာ မရှားလှပါဘူး။ လွယ်လင့်တကူ ရတဲ့ မူးယစ်ဆေးနဲ့ အတူ ဟိုတယ်အခန်းတွေ၊ စားသောက်ဆိုင်တွေကို အပြတ်ငှားပြီး အပျော်အပါးရှာကြတာလည်း ဖြစ်ပါတယ်။ မှိန်ပြပြ လမ်းမီးရောင်အောက် ဒယီးဒယိုင်နဲ့ သွားနေကြတဲ့ ဆေးသမားတချို့ကိုလည်း မြင်ရပါတယ်။ကျွန်မတို့ကို ကားမောင်းပို့ခဲ့တဲ့ ကားဆရာ ကတော့ ညစာထွက်စားချိန် ကျွန်မတို့နဲ့ သူက လိုက်မလာခဲ့ပါဘူး။”ဖားကန့်ကို ရောက်လို့ မှ ဆေးမသုံးခဲ့ ဘူးဆို ဘယ်တန်မလဲဗျာ” လို့ ပြောပါတယ်။ပြီးတော့ တချက်ရယ်လိုက်ပြီး ဟိုတယ်ဘေးက အမှောင်လမ်းကြားလေးထဲ ဝင်ရောက် ပျောက်ကွယ်သွားပါတော့တယ်။

မြစ်ကြီးနားကနေ စ ခရီးထွက် လာကတည်းက အကွေ့အဝိုက် အတက်အဆင်းများလှတဲ့ လမ်းခရီးကြမ်းကိုနှင်လာရတဲ့ ကျွန်မတို့အဖွဲ့ ကတ္တရာခပ်ပါးပါးခင်းထားတဲ့ ဖားကန့်မြို့အဝင်လမ်းကြောင့် သက်သောင့်သက်သာ ဖြစ်သွားရပေမယ့် ဒါက သိပ်မကြာလိုက်ပါဘူး။ ကျောက်ခဲ စလုံးစခုလမ်းတွေ မြေသားချိုင့်ခွက်တွေနဲ့ မညီမညာလမ်းတွေဆီ ပြန်ရောက်လာပါတယ်။မညီမညာရှိလှတဲ့ လမ်းတွေဟာ လူ တရပ်ကျော်မြင့်တဲ့ အုတ်တံတိုင်းကြီးတွေ ကာထားတဲ့ ခြံဝင်းကျယ်ကြီးတွေနဲ့ မလိုက်ဖက်လှပါဘူး။နေအိမ်တွေကိုတော့ လမ်းထက်မြင့် တဲ့နေရာမှာ ဆောက်ထားကြပါတယ်။မိုးတွင်းဆို မြို့ထဲလမ်းတွေပေါ် ရေဝင်လို့ ဒီလမ်းတွေကို ကောင်းအောင် မပြုပြင်နိုင်တာလို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့အဝင် ရွာထဲက လမ်းဘေးတစ်နေရာမှာ ဆေးသုံးပြီး မှိန်းနေကြသူတချို့ကို တွေ့ရပါတယ်။ဖားကန့်မြို့အဝင် ရွာထဲက လမ်း ဘေးတစ်နေရာမှာ ဆေးသုံးပြီး မှိန်းနေကြသူတချို့ကို တွေ့ရပါတယ်။မြို့အဝင် လမ်းထောင့်တွေမှာကိုပဲ အကျႌခပ်နွမ်းနွမ်း ဝတ်ထားတဲ့ လဲလျောင်းနေသူ ၁ ဦးစ၊ ၂ ဦးစကို စမြင်ရပါတယ်။ကားဆရာက “ဒါ ဆေးသမားတွေလေ” လို့ ပြောပြပါတယ်။”မထူးဆန်းဘူးဗျ၊ ဒါမျိုး မမြင်ရရင်သာ ဖားကန့်မှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမှာ” လို့ သူက ရယ်ပြီး ပြောပါတယ်။ တကယ်တော့ ဖားကန့်ဟာ ကျောက်စိမ်းမြို့ တော်ဆိုပေမယ့် နယ်မြို့လေး တစ်မြို့လောက်တောင် ပကာသန ပြည့်ပြည့်စုံစုံ မရှိလှပါဘူး။

ဖားကန့်မြို့ကနေ နာရီဝက်လောက် မောင်းရတဲ့ ဆိပ်မူ ကျေးရွာအုပ်စုထဲက ဝေခါ မှော်ဆီ အရောက်မှာတော့ လူတွေ စုရုံး စုရုံးဖြစ်နေကြ တာကို တွေ့ရပါတယ်။”ကုမ္ပဏီတွေက စွန့်ပစ်မြေစာတွေကို နေအိမ်တွေနား လာပုံတယ်၊ ဟိုရက်က မြေစာပိလို့ နေအိမ်တချို့ ပါသွား တယ်၊ မြေစာတွေ ဆက်မပုံဖို့ တောင်းဆိုနေကြတာ” လို့ ရွာခံ ကိုချစ်တုံးက ပြောပါတယ်။ဒီရွာမှာ မြေစာတောင်တန်းတွေ၊ ကြီးမားမတ် စောက်တဲ့ ကျောက်ကမ်းပါးယံတွေက လူနေအိမ်ခြေတွေနား ရှိနေပြီး မြေစာပုံအောက် အိမ်အလုံးလိုက်ရောက်ခဲ့တာ၊ လူသေတာတွေက မကြာခဏဖြစ်နေပါတယ်။ဝေခါမှော်ထဲရောက်တော့ နေ့လယ် ၂ နာရီလောက် ရှိနေပါပြီ။

ကျဲကျဲတောက် နေရောင်အောက်မှာ အုပ်စုလိုက်လူတွေ အပူဒဏ်ကို မမှုဘဲ ကျောက်တုံးတွေကိုထုပြီး အလုပ်များနေကြပါတယ်။ ရေမဆေး သမားတွေကတော့ တကိုယ် လုံး အပြည့် အကျႌလက်ရှည်၊ ဘောင်းဘီအရှည်နဲ့ ခမောက်လို အကာကြီးကြီးပါတဲ့ ဦးထုပ်တွေ ဆောင်းထား ပြီး လက်မှာလည်း ထိပ်ချွန်ချွန် တူ ၁ ချောင်းစီ ကိုင်ထားကြပါတယ်။သူတို့တွေက ဒါကို စိန်တူ လို့ ခေါ်ကြ ပါတယ်။ မှော်ထဲကျောက်ရှာ ကြသူတွေအဖို့ စိန်တူဟာ မရှိမဖြစ် လိုအပ်တဲ့ လက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ကျောက်စိမ်းလို့ ထင်ရတဲ့ ကျောက်တုံးတွေ့ပြီဆိုရင် စိန်တူ နဲ့ ခေါက်ကြည့်၊ အသံ နားထောင်ကြည့်၊ ကျောက်တုံး အပေါ်ယံ ဘယ်လောက်ကွာကျလဲ ဆိုတာကြည့်ပြီး ။

ဒါက ရောင်းတန်းဝင်ကျောက် ဟုတ်မဟုတ်ဆိုတာ ခန့်မှန်းကြပါတယ်။စိန်တူဟာ ရေမဆေးသမားတွေအဖို့ မရှိလို့မဖြစ်တဲ့ လက်နက် လည်း ဖြစ်ပါတယ်။ကျောက်ရပြီဆိုရင် ရေတောင်မဆေးဘဲ တခါတည်းတန်းပြီး ကျောက်ကုန်သည်တွေဆီ သွားရောင်းကြတာမို့ ဒီဒေသမှာ ကျောက်ရှာသူတွေကို “ရေမဆေးသမား” ရယ်လို့ ခေါ်ကြပါတယ်။မှော်ထဲမှာလည်း လူအရပ် သုံး လေး ပြန်လောက် မြင့်တဲ့ ကျောက်တူး ကားကြီးတွေ၊ မြေစာပုံသယ်တဲ့ ကားကြီးတွေက လူးလာခေါက်တုံ့ ဥဒဟို သွားနေကြပါတယ်။ပေထောင်ချီ နက်အောင် တူးဖော်ထားတဲ့ ကျောက်မှော်တွေထဲ ဆယ်ဘီးကားကြီးတွေ အဆက်မပြတ် သွားလာနေကြတာပါ။ ဒီကားတွေကို ရှောင်ရတာလည်း မလွယ်လှ ပါဘူး။

ဝေခါမှော်ထဲ ရေမဆေး ကျောက်ရှာနေတဲ့ မနွယ်နွယ်ဝင်းက “ကျွန်မဆို တစ်ယောက်တည်း မသွားရဲဘူး၊ ဒီကားတွေက ဘယ်သူ့ကိုမှ မရှောင်ဘူး၊ ကားတိုက်မိလို့ သေတဲ့အဖြစ်တွေက ခဏခဏပဲ၊ ကိုယ့်ဟာကိုယ် သတိထား” လို့ ကျမတို့ကို ပြုံးပြနှုတ်ဆက်ရင်း ပြောပါ တယ်။ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သူ မနွယ်ဟာ ဖားကန့်ရောက်နေတာ အနှစ် ၂၀ ကျော် ရှိပါပြီ။ဒီမှာပဲ ခင်ပွန်းဖြစ်သူနဲ့တွေ့၊ အိမ် ထောင်ကျ၊ ခုတော့ သမီး ၃ ယောက် အမေ ဖြစ်နေပြီလို့ သူ့အကြောင်းတွေကို ပြောပြပါတယ်။မနွယ်ဟာ ၁၀ တန်း တက်နေတဲ့ သမီးဖြစ်သူ နဲ့ မှော်ထဲ ကျောက်လာရှာလေ့ရှိပါတယ် စကားပြောနေတုန်းပဲ ရေမဆေးသမားတစုဟာ ကားတွေနောက်။

အလုအယက် အပြေးအလွှား လိုက်သွားကြပါတယ်။ကျောက်မျက်လုပ်ကွက်တွေမှာ ကုမ္ပဏီတွေက စိတ်တိုင်းကျရှာပြီး စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေ တင်လာတဲ့ကားတွေ နောက်ပါ။ဖားကန့်က ဘယ်လောက်တောင်မှ ကျောက်စိမ်းပေါသလဲဆိုရင် တူးတဲ့နေရာ တိုင်းက ထွက် နေတာ၊ ကုမ္ပဏီတွေက စွန့်ပစ်အမှိုက်ဆိုပေမဲ့ ဒီကနေ ကျောက်ကောင်း တစ်လုံးရပြီး လောပန်ဖြစ်သွားသူတွေ မနည်းဘူး” လို့ မနွယ်က ပြောပါတယ်။နေ့နေ့ညည ကျောက်ရှာပြီး ရောင်းတန်းဝင် ကျောက်လေးတစ်တုံး ရလိုရငြားဆိုတဲ့ မျှော်လင့်ချက်က သူတို့ရဲ့ အိပ်မက်တစ် ခုပါ။”အဲ့လိုမျိုး ကျောက်ရရင်တော့ဆိုပြီး အရမ်းကို စိတ်ကူးယဉ်မိတာပေါ့၊

ကျောက်ကလေး ရရင်တော့….” လို့ မနွယ်က သူ့ရဲ့ စိတ်ကူးကို ပြောရင်း မျက်နှာကလည်း ပြုံးယောင်သန်းလာပါတယ်။သူဌေးဖြစ်ရေး အိပ်မက်တွေနဲ့ ဖားကန့်ကို အနယ်နယ်အရပ်ရပ်က လာကြတဲ့ ရေမဆေးကျောက်ရှာသူ ၃ သိန်းကျော်ရှိနေပြီလို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ကျောက်မှော်တွေနား၊ မြေစာပုံတွေနားမှာပဲ ခနော်နီ ခနော်နဲ့ ထိုးထားတဲ့ တဲတွေမှာ သူတို့တွေ မိသားစုလိုက် နေထိုင်ကြပါတယ်။ကျိုးတို့ ကျဲတဲ ဝါးခြမ်းပြား အကာအရံပေါ် တာလပတ် အုပ်ထားတဲ့ တဲတွေကို ဟိုတစ်စု ဒီတစု မြင်ရပါတယ်။မိုးကာလ မိုးတွေ လေတွေကျပြီဆိုရင် မိသားစု တွေ နေရေးထိုင်ရေး အခက်ကြုံကြရပါတယ်။

“နေစရာမှ မရှိတာ၊ ညတုန်းက ဆိုလို့ရှိရင် အိပ်လို့တောင် မပျော်ဘူး၊ သားအမိတွေ အကုန် လုံး ငုတ်တုတ်ထိုင်နေရတာ၊ မိုးလေး လေလေး ငြိမ်မှ အိပ်ပျော်တာ.. ယောက်ျားလည်း တခါတခါကျ မိုးလင်းပေါက် ကျောက်ရှာတယ်ဆိုတော့ မရှိဘူး” လို့ မနွယ်က သူ့ဘဝအကြောင်းကို ပြောပြပါတယ်။မိုးတွင်းဆို မြေစာပုံတွေ ခဏခဏ ပြိုလို့ မြေပိသေဆုံးမှုတွေ မကြာခဏ ဖြစ်နေတာပါ။ဒီလိုနေရာမျိုးတွေမှာ စွန့်ပစ်မြေစာ ပုံပြိုလို့ သေဆုံးရတာတွေကလည်း မကြာခဏ ကြုံနေရတာပါပိုက်ဆံနည်းနည်း တတ်နိုင်သူတွေကတော့ မှော်တွေနားက တချို့အိမ်တွေ မှာ ငှားနေကြရပါတယ်။အိမ်တချို့မှာတော့ အောက်ခံမြေမကောင်းလို့ ကြမ်းခင်း သမံတလင်း နေရာအတော်များများမှာ။

အက်ကွဲကြောင်းတွေ မြင်တွေ့ရပြီး ။အိမ်လုံးလိုက် အနေ့မြင် ညပျောက် အဖြစ်တွေလည်း မကြာခဏ ကြုံရပါတယ်လို့ ဒီကို ရောက်နေသူ အမူအရာတွေက မျှော်လင့်ချက် ကင်းမဲ့နေကြပုံပါ။အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်ကို ဖြေသိမ့်ဖို့ တခြားနည်းလမ်းတွေ သူတို့တွေ ရှာကြ ပါတော့တယ်။ဖားကန့်မှာ အလွယ်ကူဆုံးရနိုင်တာ မူးယစ်ဆေးပါ။”ဒီအရပ်ဒေသမှာ ကိုယ့်အပေါင်းအသင်းကလည်း ဒီလိုပဲဆိုတော့ ပျော် နေသလိုပဲဗျာ…. ခုတော့ ကြိုက်သွားပြီဆိုတော့ တစ်ရက်စာ မရှုလို့ရှိရင် ကျွန်တော်က ကျောက်မရှာနိုင်တော့ဘူး” လို့ ဟိုပင်ကနေ ဖား ကန့်ကို ကျောက်ရှာဖို့ ရောက်လာခဲ့တဲ့ ကိုစိန်လင်းက ပြောပါတယ်။ အသက်နဲ့ လောင်းကြေးထပ်ပြီး ကျောက်ရှာနေကြသူတွေ့အဖို့။

မူးယစ် ဆေးဝါးက သူတို့စိတ်ဖြေရာလို ဖြစ်လာပါတော့တယ်။ဒီမှာ ဝါကျင့်ကျင့်အရောင်နဲ့ အဖြူရောင်အမှုန့်တွေ ရောနေတဲ့ ဘိန်းဖြူမှုန့်ကို အနည်းဆုံး ငွေကျပ် ၂၀၀ လောက်နဲ့ ဝယ်နိုင်ပါတယ်။၁ ခါရှုကို ၁ ပေါက်ရှုလို့ ခေါ်ပြီး အနည်းဆုံး ၂၀၀ ဖိုးနဲ့ဝယ်နိုင်ပြီး တခါထိုးပမာဏ ဘိန်းဖြူဆိုရင် အနည်းဆုံး ကျပ် ၅၀၀ ဖိုးအထိ ဝယ်နိုင်ပါတယ်။ဘိန်းဖြူကို အကြောထဲ ထိုးသွင်းသူတွေကတော့ သုံးစွဲမယ့် ဘိန်းဖြူပမာဏ ကို ဆေးထိုးအပ်ထဲ ထည့်ပြီး ရေနဲ့ရော၊ အကြောထဲကို ထိုးသွင်းကြပါတယ်။မှော်နဲ့ မနီးမဝေး ဆိပ်မူရွာထဲမှာတော့ ပြန့်ကျဲနေတဲ့ သုံးပြီး သား ဆေးထိုးအပ်တွေကို လမ်းဘေးတလျှောက် မြင်ရပါတယ်။ကျေးလက်ဆေးပေးခန်းနဲ့ ကျောချင်းကပ်မှာကိုပဲ ။

ဖိုးသမားတွေရဲ့ တဲလေးတွေ ဟိုတစု ဒီတစု ရှိနေပါတယ်။သိပ်မကြာခင်မှာပဲ ခပ်ကျယ်ကျယ် ဆိုင်ကယ် ဟွန်းသံတွေပေးပြီး ဆေးသမား တွေ အုပ်စုလိုက် ရောက်လာကြပါတယ်။ဒီနေရာဟာ ညနေတိုင်း သူတို့တွေ စုဝေးရာအရပ်လို့ ရွာခံတွေက ပြောပါတယ်။ခဏကြာတော့ ဘိန်းရှုသူရှု၊ အကြောထဲ ဆေးထိုးသူထိုးနဲ့ နိဗ္ဗာန်ဘုံ ယာယီရောက်ဖို့အရေးထက် ဘာကိုမှ သူတို့တွေ ဂရုမစိုက်နိုင်ကြတော့ပါဘူး။မှိန်းပြီး ဇိမ်ခံနေကြသူတွေရှိသလို လက်တွေ ပေါင်တွေမှာ ဆေးထိုးအပ်တန်းလန်း နဲ့ ဥဒဟို သွားလာနေသူတွေလည်း ရှိပါတယ်။အသိစိတ်မဲ့ သွား လာနေကြသူတွေကို နေဝင်ရီတရော မြင်ရတဲ့ မြင်ကွင်းက ခြောက်ခြားစရာကောင်းလှပါတယ်။”

ကျောက်လာရှာတယ်၊ ပိုက်ဆံလာရှာတယ် ဆိုတာ မိသားစုနဲ့ နွေးနွေးထွေးထွေး နေချင်လို့ပေါ့ဗျာ …ဒါပေမဲ့ မပြေလည်ခဲ့ဘူး..” လို့ ကိုစိန် လင်းကလည်း သူ့ဘဝကြီးကို စိတ်ပျက်လက်ပျက် အားလျော့သံနဲ့ ပြောပါတယ်။ကျောက်မျက်မှော်တွေနဲ့ အနီးတဝိုက်ရွာတွေထဲမှာကိုပဲ လွှတ်ပစ်ထားတဲ့ ဆေးထိုးအပ်တွေကို လမ်းဘေးတလျှောက် ပြန့်ကျဲနေပါတယ်”ခုက ဖိုးသမားအဆင့်ရောက်နေပြီဆိုတော့ ယင်းလည်း တော်တော်ကြီးလာပြီ၊ ဖြတ်ဖို့လည်း တော်တော်ခက်သွားပြီ၊ တစ်ရက်ကို မရှိဘူးဆို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ် တခါတလေလည်း ၅ ကြိမ် ၆ ကြိမ် ပိုက်ဆံရှိရင် ရှိသလို သုံးတယ်” လို့ ကျောက်ရှာဖို့ မိုးညှင်းကနေ ဖားကန့်ရောက်လာခဲ့တဲ့ ကိုဝင်းအောင်က ပြောပါတယ်။

ခြေတွေ လက်တွေမှာ ဆေးထိုးအပ်ရာ ဗရပွနဲ့ သူ့ကြည့်ရတာ အတော်လေး အားနည်းနေပုံလည်း ရပါတယ်။အဝေးတနေရာကို လှမ်းမျှော် ကြည့်ရင်း “ကိုယ့်ဘဝကြီးကို ဘယ်လိုမှကို မပြောတတ်တာ…””ကိုယ့်ကိုယ်သေသွားတာပဲ ကောင်းတယ်..ကိုယ့်မိဘတွေ ကိုယ်ပတ်ဝန်း ကျင်နဲ့ ဆွေမျိုးအသိုင်းအဝိုင်းကို မပြရဲတာ… ဒီလိုဖြစ်ခဲ့မယ်လို့ ထင်ကို မထင်ထားဘူး၊ ကိုယ်သုံးတုန်းကတော့ အပျော်သက်သက်ပဲ၊ ဒီ လောက်ကြီး စုတ်ပြတ်သက်သွားမယ်လို့ မထင်ထားဘူး” လို့ အဝေးတနေရာကို ခပ်တွေတွေကြီး လှမ်းမျှော်ကြည့်ရင်း ကိုဝင်းအောင်က ပြောပါတယ်။ မှော်ထဲကနေ ဖားကန့်မြို့ကို ပြန်ရောက်တော့ မိုးစုပ်စုပ်ချုပ် နေပါပြီ။

နေ့ခင်းဘက်မှာ ဖုန်ထူပြီး ခြောက်သွေ့လှပေမဲ့ ညဘက်မှာတော့ ပြန်လည် သက်ဝင်လှုပ်ရှားလာပါတယ်။မီးရောင် ခပ်မှိန်မှိန်ထွန်းထားတဲ့ တည်းခိုခန်းတွေ၊ ပျော်ပွဲစားရုံတွေထဲ လောင်းကစားဝိုင်းတွေ၊ လိင်အလုပ်သမတွေနဲ့ ညဟာ အလုပ် များနေပါတယ်။မှော်တွေထဲက လော ပန်ကြီးတွေ လာရောက်အပန်းဖြေကြတာဖြစ်လို့ တည်းခိုခန်းတွေမှာ အခန်းတစ်ခန်းရဖို့ မလွယ်လှပါဘူး။”ဖားကန့်က ပူတယ်လေ၊ ဒီတော့ ညဆို လောပန်တွေက ဟော်တယ်မှာ လာအိပ်ကြတာပေါ့” လို့ ဟိုတည်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Credit:  BBC

Add a Comment

Your email address will not be published. Required fields are marked *