ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ ေၾကျငာခ်က္သည္ အႏိုင္ရပါတီမွ ဝန္ႀကီးမ်ားအတြက္ အသာစီး ယူထားသည္ဟု ထင္ျမင္မိေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီမွေျပာဆို

ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ ေၾကညာခ်က္ အပိုဒ္ (၁)ႏွင့္(၂)တြင္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္မည့္ ျပည္ေထာင္စုဝန္ႀကီး၊ ဒုတိယ ဝန္ႀကီး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ တရားလႊတ္ေတာ္ ခ်ဳပ္၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံး ဥကၠ႒၊ ခုံ႐ုံး အဖြဲ႕ ဝင္၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ ဒုတိယေရွ႕ေနခ်ဳပ္ စသည္တို႔သည္ ဇူလိုင္ ၁ ရက္မွ စတင္ၿပီး ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၁၂၀၊၁၂၁ တို႔ႏွင့္ ကိုက္ညီလွ်င္ ေ႐ြးေကာက္ပြဲဆိုင္ ရာ ပါတီစည္း႐ုံးေရး လုပ္ငန္းမ်ား၊ နယ္ေျမစည္း႐ုံး ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္သည္ဟု ပါရွိသည္။

အပိုဒ္(၃) တြင္ ေ႐ြးေကာက္ ပြဲ ဆိုင္ရာ စုေဝးေဟာေျပာျခင္း၊ မဲဆြယ္စည္း႐ုံးခြင့္မ်ားအား ကိုယ္စားလွယ္ေလာင္းမ်ား အတည္ျပဳၿပီးေနာက္ ပိုင္းတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေပးမည္ဟု ထုတ္ျပန္ခ်က္ ၁၁၇/၂၀၂၀ ျဖင့္ ထုတ္ျပန္ေၾကညာခဲ့သည္။ “မဲဆြယ္စည္း ႐ုံးကာလ က ဝန္ႀကီးေတြကို ဇူလိုင္ ၁ ရက္ေန႔က စၿပီးစည္း႐ုံးခြင့္ေပးထားတယ္။ ႏိုင္ငံေရး ပါတီေတြကေတာ့ ကိုဗစ္ကန႔္သတ္ခ်က္နဲ႔ ဆက္ၿပီး သြား မည္ဆိုတာမ်ိဳး ေတြ႕ရတယ္။ဒါသည္ ႏိုင္ငံသားတစ္ေယာက္သည္ အေျခခံဥပေဒ ၃၈(က)မွာေဖာ္ျပထားတာက ။

တန္းတူအခြင့္အေရးရွိ တဲ့အတြက္ ျပည္ေထာင္စုဝန္ႀကီးေတြကို သီးျခားအခြင့္အထူးခံအေနနဲ႔ ေပးထားသလိုျဖစ္တာက မျဖစ္သင့္ဘူး”ဟု ဦးသိန္းထြန္းက ဆက္ လက္ သုံးသပ္ေျပာ ဆိုခဲ့သည္။ေ႐ြးေကာက္ပြဲ ဆိုင္ ရာ မဲဆြယ္ စည္း႐ုံးေရး ႏွင့္ ပတ္ သက္ ၍ အခ်က္ (၃)ခ်က္ ပါ ေၾကညာခ်က္ အမွတ္ (၁၁၇/၂၀၂၀) ျဖင့္ ေ႐ြးေကာက္ ပြဲ ေကာ္မရွင္ (UEC) က ဇူလိုင္ (၁)ရက္ ညပိုင္း က ထုတ္ျပန္ ခဲ့ရာ အဆို ပါ ထုတ္ ျပန္ ခ်က္ မ်ား တြင္ လက္ ရွိ အႏိုင္ ရ ပါတီ မွ ျပည္ေထာင္ စု ဝန္ႀကီးမ်ား အတြက္ အသာစီး ယူထားသည္ ဟု ျမင္ေၾကာင္း ။

(USDP)မွ ေျပာေရး ဆိုခြင့္ ရွိသူ ဦးသိန္းထြန္းဦး က ဇူလိုင္ (၂) ရက္ တြင္ ေျပာဆို သည္။ (၂၀၂၀) အေထြေထြ ေ႐ြးေကာက္ပြဲ အား ႏိုဝင္ဘာ (၈)ရက္ ေန႔တြင္ က်င္းပ မည္ျဖစ္ ေၾကာင္းႏွင့္ လႊတ္ေတာ္ အသီးသီး အတြက္ လႊတ္ေတာ္ ကိုယ္စား လွယ္ေလာင္း မ်ား အမည္ စာရင္း တင္ သြင္းျခင္း၊ ႐ုပ္သိမ္းျခင္း၊ စိစစ္ ျခင္း ႏွင့္ စပ္လ်ဥ္း ၍ ေၾကညာခ်က္ ကို ထိုေန႔ညပိုင္း က ထုတ္ျပန္ ခဲ့ သည္။ “ဇူလိုင္ (၁)ကစၿပီး ျပည္ ေထာင္စုဝ န္ႀကီး ေတြက ႏိုင္ငံ သား အခြင့္ အ ေရးမဆုံး ရႈံးေစဖို႔ စည္း႐ုံး ခြင့္၊ ပါတီ လုပ္ငန္း ေဆာင္႐ြက္ ခြင့္ျပဳတယ္ လို႔ ေျပာထား ၿပီး ။

အပိုဒ္ (၃)မွာ ကိုယ္စားလွယ္ ေတြ လက္ခံၿပီး ေတာ့မွ ထုတ္ျပန္ ေပးမယ္ ဆိုတာ က အျခားေသာ ႏိုင္ငံေရးပါတီေတြအတြက္ ျဖစ္ေနတယ္။ ဒါေၾကာင့္ အႏိုင္ရ ပါတီကို ကိုယ္စားျပဳေ႐ြးခ်ယ္ခံရမယ့္ ဝန္ႀကီးေတြ အတြက္ အသာစီးယူ ထားတယ္ လို႔ ျမင္တယ္”ဟု ၎က ေျပာသည္။

crd: The myanmar Time

UNICODE

ရွေးကောက်ပွဲ ကော်မရှင်၏ ကြေငြာချက်သည် အနိုင်ရပါတီမှ ဝန်ကြီးများအတွက် အသာစီး ယူထားသည်ဟု ထင်မြင်မိကြောင်း ပြည်ခိုင်ဖြိုးပါတီမှပြောဆို

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက် အပိုဒ် (၁)နှင့်(၂)တွင် ရွေးကောက်ပွဲ ဝင်ရောက်မည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တရားလွှတ်တော် ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ ခုံရုံး အဖွဲ့ ဝင်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ် စသည်တို့သည် ဇူလိုင် ၁ ရက်မှ စတင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၀၊၁၂၁ တို့နှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင် ရာ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေစည်းရုံး ရေးလုပ်ငန်းများဆောင်ရွက်နိုင်သည်ဟု ပါရှိသည်။

အပိုဒ်(၃) တွင် ရွေးကောက် ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်များအား ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးနောက် ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးမည်ဟု ထုတ်ပြန်ချက် ၁၁၇/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ “မဲဆွယ်စည်း ရုံးကာလ က ဝန်ကြီးတွေကို ဇူလိုင် ၁ ရက်နေ့က စပြီးစည်းရုံးခွင့်ပေးထားတယ်။ နိုင်ငံရေး ပါတီတွေကတော့ ကိုဗစ်ကန့်သတ်ချက်နဲ့ ဆက်ပြီး သွား မည်ဆိုတာမျိုး တွေ့ရတယ်။ဒါသည် နိုင်ငံသားတစ်ယောက်သည် အခြေခံဥပဒေ ၃၈(က)မှာဖော်ပြထားတာက ။

တန်းတူအခွင့်အရေးရှိ တဲ့အတွက် ပြည်ထောင်စုဝန်ကြီးတွေကို သီးခြားအခွင့်အထူးခံအနေနဲ့ ပေးထားသလိုဖြစ်တာက မဖြစ်သင့်ဘူး”ဟု ဦးသိန်းထွန်းက ဆက် လက် သုံးသပ်ပြော ဆိုခဲ့သည်။ရွေးကောက်ပွဲ ဆိုင် ရာ မဲဆွယ် စည်းရုံးရေး နှင့် ပတ် သက် ၍ အချက် (၃)ချက် ပါ ကြေညာချက် အမှတ် (၁၁၇/၂၀၂၀) ဖြင့် ရွေးကောက် ပွဲ ကော်မရှင် (UEC) က ဇူလိုင် (၁)ရက် ညပိုင်း က ထုတ်ပြန် ခဲ့ရာ အဆို ပါ ထုတ် ပြန် ချက် များ တွင် လက် ရှိ အနိုင် ရ ပါတီ မှ ပြည်ထောင် စု ဝန်ကြီးများ အတွက် အသာစီး ယူထားသည် ဟု မြင်ကြောင်း ။

(USDP)မှ ပြောရေး ဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦး က ဇူလိုင် (၂) ရက် တွင် ပြောဆို သည်။ (၂၀၂၀) အထွေထွေ ရွေးကောက်ပွဲ အား နိုဝင်ဘာ (၈)ရက် နေ့တွင် ကျင်းပ မည်ဖြစ် ကြောင်းနှင့် လွှတ်တော် အသီးသီး အတွက် လွှတ်တော် ကိုယ်စား လှယ်လောင်း များ အမည် စာရင်း တင် သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ် ခြင်း နှင့် စပ်လျဉ်း ၍ ကြေညာချက် ကို ထိုနေ့ညပိုင်း က ထုတ်ပြန် ခဲ့ သည်။ “ဇူလိုင် (၁)ကစပြီး ပြည် ထောင်စုဝ န်ကြီး တွေက နိုင်ငံ သား အခွင့် အ ရေးမဆုံး ရှုံးစေဖို့ စည်းရုံး ခွင့်၊ ပါတီ လုပ်ငန်း ဆောင်ရွက် ခွင့်ပြုတယ် လို့ ပြောထား ပြီး ။

အပိုဒ် (၃)မှာ ကိုယ်စားလှယ် တွေ လက်ခံပြီး တော့မှ ထုတ်ပြန် ပေးမယ် ဆိုတာ က အခြားသော နိုင်ငံရေးပါတီတွေအတွက် ဖြစ်နေတယ်။ ဒါကြောင့် အနိုင်ရ ပါတီကို ကိုယ်စားပြုရွေးချယ်ခံရမယ့် ဝန်ကြီးတွေ အတွက် အသာစီးယူ ထားတယ် လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

crd:  The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *