



REF: LET PAN

UNICODE

မြန်မာနိုင်ငံမှ ကျွဲ၊ နွားအကောင်ရေ သန်းနဲ့ချီဝယ်ယူဖို့ ဥရောပ အခြေစိုက် တရုတ် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထား

အခုအချိန် မှာတော့ နှစ်ဦးနှစ်ဘက် လိုအပ်ချက်တွေ ကို ညှိနှိုင်းနေပြီး ဘယ် အချိန်မှာ စတင်နိုင်မယ်ဆိုတာ အတည် မပြုနိုင်သေးဘူး လို့ ဆိုပါတယ်။ အဲဒီ ကမ်းလှမ်းချက် ကို မြန်မာနိုင်ငံမွေးမြူရေး နဲ့ ကုသရေးဦးစီးဌာနက ဦးစီးဆောင်ရွက် နေတာ ဖြစ်ပြီးတော့ ကျွဲ၊နွားတွေ မျိုးမတုန်းစေဖို့ နွားအထီးအကောင်တစ်ရာရောင်း ချချရင် သားစပ်မျိုးပွားနိုင်တဲ့ နွားအမ အကောင်တစ်ရာရှိရမယ် ဆိုတဲ့ ။

သတ်မှတ်ချက် နဲ့ တခြား သတ်မှတ်ချက်တွေလည်း ရှိနေပါတယ်။၂၀၁၈ က ကောက်ယူထားတဲ့ တိရစ္ဆာန် သန်းခေါင်းစာရင်းအရ ရောင်းချ နိုင်တဲ့ ကျွဲ နွား အကောင် အရေအတွက်ဟာ မြန်မာနိုင်ငံ မှာ (၁၁)သန်းကျော်ရှိနေ တယ်လို့ သိရ ပါတယ် ။မြန်မာနိုင်ငံကနေ ကျွဲ၊ နွားအ ကောင် ရေ တစ်နှစ် ကို အကောင်ရေ ငါးသန်း ဝယ်ယူဖို့ ဥရောပ အခြေစိုက် တရုတ် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထား တယ်လို့ မွေးမြူရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်က သိရ ပါ တယ် ။

တရုတ် ဘက်ကတော့ ဝယ်မယ့် အကောင်ရေ ဘယ်လောက်ဝယ်မယ်ဆိုတာတော့ ရှိပြီးသားပေါ့ ။ စက်ရုံတွေသားသတ် နဲ့ပတ်သက်တဲ့ စက်ရုံတွေလည်း တည်ဆောက်ပြီးသားပေါ့။ ” လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြော ပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *