(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ သမၼတႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္တို႔ ပါတီစည္း႐ုံးေရးလုပ္ငန္းမ်ား စတင္မည္ဟု NLD ထုတ္ျပန္

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ သည္ (၂၀၂၀)အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမည့္ရက္ကို ေၾကျငာခ်က္ထုတ္ျပန္လိုက္သည္။ ဖြဲ႕ စည္းပုံအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္) ပုဒ္မ ၃၉၉ (က) ျပည္ေထာင္စု ေ႐ြးေကာက္မရွင္ ဥပေဒ ပုဒ္မ ၁၀ ပါတာဝန္ႏွင့္ လုပ္ပိုင္ခြင့္ကို က်င့္သုံး ၿပီး သက္ဆိုင္ ရာ ေ႐ြးေကာက္ ပြဲ ဥပေဒ ပုဒ္မ ၃၄ (ဂ) ႏွင့္ နည္းဥပေဒ ၁၆ (က) တို႔အရ ၁၃၈၂ ခုႏွစ္ သီတင္းကြၽတ္ လျပည့္ ေက်ာ္ ၈ ရက္ ၂၀၂၀ ျပည့္ ႏိုဝင္ဘာ ၈ ရက္ တနဂၤေႏြေန႔ တြင္ လႊတ္ေတာ္အသီးသီး အတြက္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပျပဳ လုပ္သြားမည္ ျဖစ္ပါတယ္လို႔ ဆိုပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ဟု ျပည္ေထာင္စု ေ႐ြး ေကာက္ပြဲေကာ္မရွင္ က ထုတ္ျပန္လိုက္ပါတယ္။၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္ တစ္ဦးဦး၊ ဒုတိယဝန္ႀကီး တစ္ဦးဦးက ေ႐ြးေကာက္ပြဲအတြက္ ေ႐ြးခ်ယ္ခံရမည့္သူျဖစ္ပါက ဇူလိုင္ ၁ ရက္မွ ပါတီစည္း႐ုံးေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ဇူလိုင္ ၁ ရက္တြင္ ထုတ္ ျပန္ေၾကညာခဲ့သည္။

ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္ တစ္ဦးဦးဟာ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါဝင္ေ႐ြးခ်ယ္ခံမယ့္သူျဖစ္ပါက ႏိုင္ငံသားတစ္ ဦးရဲ႕ ေ႐ြးေကာက္တင္ေျမႇာက္ပိုင္ခြင့္ မဆုံးရႈံးေစဖို႔ ဇူလိုင္ ၁ ရက္ကစၿပီး ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ နယ္ေျမစည္း ႐ုံးေရး လုပ္ငန္းေတြ ေဆာင္႐ြက္ခြင့္ရွိေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီလိုေၾကညာထား ၿပီးျဖစ္တာေၾကာင့္ အန္အယ္လ္ဒီပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒု ဥကၠ႒ ဦးဝင္းျမင့္တို႔ နယ္ေျမစည္း႐ုံးေရး၊ ပါတီ စည္း႐ုံးေရး လုပ္ ငန္းေတြ ဒီကေန႔ စတင္ လုပ္ေဆာင္ေတာ့မယ္လို႔လည္း အန္အယ္လ္ဒီက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ဟာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ နယ္ေျမ စည္း႐ုံးေရးလုပ္ငန္းေတြ စတင္ေဆာင္႐ြက္ေတာ့မယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေၾကညာ လိုက္ပါတယ္။ဇူလိုင္ ၂ ရက္ ဒီကေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ အန္အယ္လ္ဒီ ပါတီ ဗဟို အလုပ္အမႈေဆာင္ အစည္းအေဝးဆုံးျဖတ္ခ်က္ အရ ျပည္သူေတြနဲ႔ အဖြဲ႕ခ်ဳပ္ပါတီဝင္ ေတြကို ခုလိုအသိေပး ေၾကညာ လိုက္တာလို႔ ဆိုပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

(၂၀၂၀)ရွေးကောက်ပွဲအတွက် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီစည်းရုံးရေးလုပ်ငန်းများ စတင်မည်ဟု NLD ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် (၂၀၂၀)အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေငြာချက်ထုတ်ပြန်လိုက်သည်။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က) ပြည်ထောင်စု ရွေးကောက်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါတာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ပြီး သက်ဆိုင် ရာ ရွေးကောက် ပွဲ ဥပဒေ ပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့် ကျော် ၈ ရက် ၂၀၂၀ ပြည့် နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့ တွင် လွှတ်တော်အသီးသီး အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြု လုပ်သွားမည် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် က ထုတ်ပြန်လိုက်ပါတယ်။၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦး၊ ဒုတိယဝန်ကြီး တစ်ဦးဦးက ရွေးကောက်ပွဲအတွက် ရွေးချယ်ခံရမည့်သူဖြစ်ပါက ဇူလိုင် ၁ ရက်မှ ပါတီစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဇူလိုင် ၁ ရက်တွင် ထုတ် ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ပါက နိုင်ငံသားတစ် ဦးရဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေဖို့ ဇူလိုင် ၁ ရက်ကစပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ နယ်မြေစည်း ရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာထား ပြီးဖြစ်တာကြောင့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒု ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ နယ်မြေစည်းရုံးရေး၊ ပါတီ စည်းရုံးရေး လုပ် ငန်းတွေ ဒီကနေ့ စတင် လုပ်ဆောင်တော့မယ်လို့လည်း အန်အယ်လ်ဒီက ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်တော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာ လိုက်ပါတယ်။ဇူလိုင် ၂ ရက် ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက် အရ ပြည်သူတွေနဲ့ အဖွဲ့ချုပ်ပါတီဝင် တွေကို ခုလိုအသိပေး ကြေညာ လိုက်တာလို့ ဆိုပါတယ်။

REF:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *