REF: MINISTRY OF HEALTH
UNICODE
(၂-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီCOVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၇၆၉)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၇၅)ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၂၄)ခု နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲ မှု ဆိုင်ရာ ဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၂)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၃၄၀)ခုအား စစ်ဆေးခဲ့ပါသည်။
(၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ဒုတိ ယအသုတ်) စစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ (၃၉၃)ခုတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦး တွေ့ရှိခဲ့ပါသည်။
(၂-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၀၄) ဦးရှိပြီ ဖြစ်ပါသည်။
REF: MINISTRY OF HEALTH