႐ုရွႏိုင္ငံသို႔သြားေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ အဖြဲ႕အား COVID-19စစ္ေဆးရာ ေရာဂါပိုးမေတြ႕ေၾကာင္း ထုတ္ျပန္

ဇြန္လ ၂၂ရက္က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ သည့္ ျမန္မာ့ တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ ေျမာက္ အထိမ္းအမွတ္စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

႐ုရွားႏိုင္ငံသို႔သြားေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႈူးႀကီးမင္းေအာင္လႈိင္ ဦး ေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕အား ဓာတ္ခြဲစစ္ေဆးမႈမ်ား လုပ္ေဆာင္ရာတြင္ COVID -19 ေရာဂါပိုးမေတြ႕ရွိရ ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ကထုတ္ျပန္ခ်က္အရသိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ ေရး ကိုယ္စားလွယ္အဖြဲ႕ဝင္ ၁၅ ဦးႏွင့္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိရန္ အခက္ အခဲရွိသည့္ ပညာေတာ္သင္ သင္တန္းသား၊ သင္တန္းသူ ၂၂ ဦးသည္ ဇြန္ ၂၅ ရက္ ည ပိုင္းတြင္ ေနျပည္ေတာ္ ေလဆိပ္သို႔ ျပန္လည္ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။

ထို႔သို႔ ေရာက္ရွိလာၿပီး သတ္မွတ္ထားသည့္ေနရာမ်ား တြင္ Home Quarantine၊ Facilities Quarantine စနစ္တက်ေနထိုင္ခဲ့ၿပီး ဇြန္လ ၃၀ရက္က အဆိုပါတပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဝင္ မ်ားကို ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ ရယူၿပီး Polymerase Chain Reation (PCR)နည္းျဖင့္ ဓာတ္ခြဲစစ္ေဆးခဲ့ရာ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)ေၾကာင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။

REF: THE FIFTH WAVE NEWS

UNICODE

ရုရှနိုင်ငံသို့သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့အား COVID-19စစ်ဆေးရာ ရောဂါပိုးမတွေ့ကြောင်း ထုတ်ပြန်

ဇွန်လ ၂၂ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ် မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင် ဦး ဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ရာတွင် COVID -19 ရောဂါပိုးမတွေ့ရှိရ ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကထုတ်ပြန်ချက်အရသိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည် ရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက် အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးသည် ဇွန် ၂၅ ရက် ည ပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့သို့ ရောက်ရှိလာပြီး သတ်မှတ်ထားသည့်နေရာများ တွင် Home Quarantine၊ Facilities Quarantine စနစ်တကျနေထိုင်ခဲ့ပြီး ဇွန်လ ၃၀ရက်က အဆိုပါတပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင် များကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူပြီး Polymerase Chain Reation (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *