COVID-19 ေရာဂါေပ်ာက္ၿပီး ၁ လ အၾကာ မွာ ကိုဗစ္ပိုး ျပန္ေတြ႕တဲ့ တာခ်ီလိတ္ မွ လူနာအမွတ္( ၉၆ ) ကိစ ၥ ေဒါက္တာခင္ခင္ႀကီး ရွင္းၿပီ

COVID-19 ပိုးေတြ႕ရင္ ဘာလုပ္မလဲ ပိုးေတြ႕သူ ကို သီးျခားထားရွိကုသမယ္ သူနဲ႔ထိေတြ႕မႈရွိသူေတြကို ေထာက္လွမ္းရွာေဖြမယ္ လူနာ ကိုေတာ့ ျဖစ္ေပၚလာတဲ့ လကၡဏာေပၚမူတည္ၿပီး ကုသမႈေပးမယ္ ကုသမႈျပည့္ၿပီးေနာက္ သတ္မွတ္ ရက္ျပည့္ရင္ ဓာတ္ခြဲနမူနာကို ၄၈ နာရီျခား ႏွစ္ႀကိမ္ယူၿပီးစစ္ပါတယ္ အဲဒီမွာ ႏွစ္ႀကိမ္လုံး ပိုးမေတြ႕ရင္ေတာ့ အေျခအေနေကာင္းပါၿပီ ဒီလိုေနရာမွာလဲ ပိုးေတြ႕လိုက္ ပိုး ျပန္ေတြ႕လိုက္ ပိုးမေတြ႕လိုက္ တလွည့္စီျဖစ္ၿပီး ႏွစ္ခါဆက္တိုက္ ပိုးမေတြ႕အေျဖရဖို႔ ၾကာေနတာမ်ိဳးေတြ ရွိပါတယ္ ဥပမာ ေမ့ေဆး ဆရာဝန္ႀကီး အျဖစ္မ်ိဳးပါ။

ဒီလိုထပ္ယူတဲ့ နမူနာႏွစ္ ခုစလုံး ပိုးမေတြ႕အေျဖထြက္မွသာ ပိုးကင္းစင္တယ္ဆိုၿပီး သတ္မွတ္ပါတယ္။ သို႔ေသာ္ ခ်က္ခ်င္းမဆင္းခိုင္း ေသး ပါဘူး သူ႔ရဲ႕နဂိုရွိေနတဲ့ ေနာက္ခံေရာဂါလကၡဏာမ်ားပါ သက္သာမွ ေဆး႐ုံေပးဆင္းပါတယ္ ဒါ့ေၾကာင့္ သတင္းထုတ္ျပန္တဲ့ေနရာမွာ ပိုး ကင္းလူနာကပိုမ်ားၿပီး ေဆး႐ုံဆင္းနဲ႔ အနည္းငယ္ကြာေနတာေတြ႕ရမွာပါ ဥပမာ ကိုဗစ္နဲ႔ ဆီးခ်ိဳ ကိုဗစ္နဲ႔ ႏွလုံးေရာဂါ ေက်ာက္ကပ္ေရာဂါ စသျဖင့္ တြဲေနတာေတြ ရွိပါတယ္ ကိုဗစ္နဲ႔ ကိုယ္ဝန္ေဆာင္တြဲေနတာ ၃ ဦးရွိၿပီး မေန႔ကေတာ့ တစ္ေယာက္ေမြးဖြားသြားပါတယ္ ဒါေတြကို ေျပာရ တာက ပိုမို ရွင္းလင္းေစခ်င္လို႔ပါ။

သတင္းဌာနမွာ ပါေနတဲ့ တာခ်ီလိတ္ၿမိဳ႕ က ပထမဆုံး ကို ဗစ္လူနာ ခြဲစိတ္ ဆရာဝန္ Case 96 ဟာ ႏွစ္ခါ ဆက္တိုက္ ပိုးမေတြ႕ အေျဖ ထြက္ၿပီးေနာက္ ေဆး႐ုံမွ ေမ ၂၀ မွာ ဆင္းေပးၿပီးျဖစ္ ပါတယ္ ။ရန္ကုန္ကိုျပန္ဖို႔ ျပန္စစ္တဲ့ အခါ မွာ ေဆးစစ္အေျဖမွာ ပိုးေတြ႕ရွိ အေျဖ ရ တယ္ဆိုၿပီး လူထုၾကားမွာ သတင္းမီဒီယာေတြမွာ သတင္းထြက္ေနတာျဖစ္ပါတယ္ ဒီသတင္းမွန္ပါတယ္ ဒီသတင္း နဲ႔ ပတ္သက္ၿပီး ျပည္သူ လူထု စိုးရိမ္ ေၾကာက္လန႔္မႈေတြ ရွိေနၾကတာမို႔ ပို႔စ္တင္ရွင္းျပလိုက္ ပါတယ္ ။သတင္း ထုတ္ျပန္တဲ့ေနရာ မွာ ပိုးေတြ႕လူနာအသစ္ ကိုသာ ပိုးေတြ႕လူနာအသစ္အျဖစ္ သတင္းထုတ္ျပန္တာျဖစ္ပါတယ္ လူနာအေဟာင္းေတြ ပိုးဆက္လက္ေတြ႕ရွိတာကို ထပ္မံမထုတ္ျပန္ပါဘူး ။

တခ်ိဳ႕ ပိုးေတြ႕လူနာေတြ ဟာ ၉ ႀကိမ္ေျမာက္မွသာ စၿပီး negative ျဖစ္တာမ်ိဳးေတြ ရွိသလို တခ်ိဳ႕က်ေတာ့လဲ ၃ ႀကိမ္ေျမာက္ကစၿပီး negative ျဖစ္တာမ်ိဳးေတြ ရွိပါတယ္ ဒါေပၚမူတည္ၿပီး ေဆး႐ုံဆင္းတာ မူတည္တဲ့ အတြက္ တခ်ိဳ႕သူေတြဟာ ျပန္ေကာင္းသက္သာ ေဆး ႐ုံဆင္း ျမန္ဆန္ၿပီး တခ်ိဳ႕ေတြ ေနာက္က်ရတာ ျဖစ္ပါတယ္ ပွ်မ္းမွ်ေဆး႐ုံတက္ေရာက္ခ်ိန္ကေတာ့ ၂၃ ရက္ခန႔္ရွိ ပါတယ္။ဟုတ္ၿပီ ပိုး ေတြ႕တယ္ ဆိုတာ ဘာလဲ အခ်ဳပ္ေျပာရရင္ ႏွာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ ကိုယူၿပီး ဓာတ္ခြဲခန္းမွာ RNA virus ကို လုပ္ ေဆာင္ရတဲ့ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ အဆင့္ဆင့္ ေဆာင္႐ြက္ရတဲ့ gold standard RT-PCR နည္းပညာနဲ႔ ေဆာင္႐ြက္တာျဖစ္ပါတယ္။

ဒါ ကိုနားလည္လြယ္ေအာင္ေျပာမယ္ဆို အေကာင္လိုက္ထုထည္ရွိေနတဲ့ ပိုးကိုရွာေဖြတာ မဟုတ္ပါဘူး ပိုးရွိလို႔ျဖစ္ေပၚေနတဲ့ ေျခရာလက္ ရာကို ရွာတာျဖစ္ပါတယ္။ဟုတ္ၿပီ ေဆး႐ုံဆင္းတယ္ဆိုေတာ့ လြတ္လြတ္လပ္လပ္ သြားလာလို႔ရၿပီလားဆိုရင္ေတာ့ ႏိုးပါ အိမ္မွာ သို႔မဟုတ္ ဟိုတယ္မွာ သို႔မဟုတ္ ေနစရာအခက္အခဲ ရွိတဲ့သူေတြကိုေတာ့ ေဆး႐ုံမွာ တစ္ပတ္ဆက္ၿပီး အသြားအလာကန႔္သတ္ပါတယ္ ဒါမွသာ သူ႔ဆီ ကေနတျခား သူေတြကို ပိုးမကူးစက္ေစႏိုင္ေအာင္ အဆင့္ဆင့္ guideline အတိုင္း ေဆာင္႐ြက္ထားတာျဖစ္ပါတယ္။ဒါဆို ဒီလိုမ်ိဳးေဆာင္ ႐ြက္ထား ရင္ေကာ စိတ္ခ်ရၿပီလား ေမးရင္ေတာ့ စိတ္ခ်ရပါတယ္လို႔ ေျဖရမွာပါပဲ ။

ဘာလို႔ဒီလိုေျဖရသလဲဆိုေတာ့ ေတြ႕ရွိခ်က္ေတြအေပၚ အေျချပဳ ေျဖရတာျဖစ္ပါတယ္။နံပါတ္ ၁ ကေတာ့ ေတာင္ကိုရီးယားက https://cdn.fbsbx.com/…/Findings_from_Investigation_and_ana… ေတြ႕ရွိခ်က္အေပၚ မူတည္ပါတယ္။

အခ်ဳပ္လိုရင္းကို ေျပာရလွ်င္…

၁ – ပိုးျပန္ေတြ႕လူနာ ၂၈၅ ေယာက္၏ ထိေတြ႕မႈရွိသူ ၇၉၀ ဦးကို အနီးကပ္ေစာင့္ၾကည့္ စစ္ေဆးသည့္အခါ ပိုးအသစ္ေတြ႕ရွိသူ တစ္ဦးမွ မရွိျခင္း

၂ – ပိုးျပန္ေတြ႕လူနာ ၁၀၈ ဦးဆီမွ ဓာတ္ခြဲနမူနာမ်ားကို ပိုးေမြး culture လုပ္ေဆာင္ရာတြင္လည္း ရလဒ္မွာ ပိုးေပါက္ျခင္းမရွိပါ (တနည္း ပိုးကိုမေတြ႕ရွိရပါ)

၃ – ပိုးျပန္ေတြ႕ လူနာ ၂၃ ဦး ဆီမွ ေသြးနမူနာမ်ားကို ယူၿပီးစစ္ေဆးရာ ၎တို႔အားလုံး၏ ၉၆ % တြင္ ေရာဂါပိုးကို ခုခံႏိုင္သည့္ ပဋိပစၥည္းမ်ား ထြက္ေပၚေနၿပီကို ေတြ႕ရျခင္း

နံပါတ္ ၂ ေတြ႕ရွိခ်က္ကေတာ့ စင္ကာပူကူးစက္ ေရာဂါဌာနႏွင့္ စင္ကာပူေဆးတကၠသိုလ္တို႔ ပူးေပါင္းေဆာင္႐ြက္ေသာ လူနာ ၇၃ ဦးပါေသာ သုေတသနေတြ႕ရွိခ်က္တြင္လည္း ေရာဂါပိုးဝင္ေရာက္ၿပီး ၁၁ ရက္ေနာက္ပိုင္းတြင္ မည္သူ႔ကိုမွ် မကူးစက္ႏိုင္ေတာ့ေၾကာင္း ရွင္းရွင္းလင္း လင္းဖြင့္ဆိုထားပါသည္။

၈ ရက္ေျမာက္တြင္ ပိုးေမြး culture ျပဳလုပ္ပါကလည္း ပိုးမေပါက္ဖြားႏိုင္ေတာ့ပါ။ ၎သုေတသန စစ္တမ္း တြင္ ရွင္းရွင္းလင္းလင္းေရး ထားသည္မွာ ပိုးေတြ႕ရွိ PCR positive သည္ ပိုးကူးစက္ႏိုင္သည္ဟူေသာ အဓိပၸါယ္ မဟုတ္ေတာ့ေၾကာင္း ေျပာထား ပါသည္။

နံပါတ္ ၃ အေနျဖင့္ တ႐ုတ္ျပည္ ယူနန္ျပည္နယ္မွ ခ်စ္ၾကည္ေရး အကူအညီေပးေရး ေဆးအဖြဲ႕လာေရာက္စဥ္ကလည္း ေဆးအဖြဲ႕ေခါင္း ေဆာင္ကို PCR test ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးခဲ့ပါသည္ တ႐ုတ္ျပည္တြင္ပင္ PCR re positive လူနာမ်ားရွိေၾကာင္း PCR positive အေျဖကို ၅၇ ရက္အထိ လူနာတြင္ စမ္းသပ္ရရွိသည့္ အေျခအေနပင္ ရွိခဲ့ေၾကာင္း ေျဖၾကားပါသည္ အဆိုပါလူနာကို မည္ကဲ့သို႔ ေရွ႕ဆက္ လက္ေဆာင္႐ြက္ ပါသလဲ ဟု ေမးျမန္းရာ မည္သို႔မွ်မလုပ္ေတာ့ေၾကာင္း ထိုသူမွ လည္း အျခားသူမ်ားကို မကူးစက္ေစႏိုင္ ေတာ့ေၾကာင္း ေျဖၾကားသည္ကို မွတ္သားခဲ့ ရပါသည္။

အထက္ပါ အခ်က္ ၃ ခ်က္ ကို ေထာက္ရႈကာ ဆင္ျခင္ေတြးဆႏိုင္ၾကေစရန္ ရည္သန္ကာ ပို႔စ္တင္လိုက္ရပါသည္။

အခ်ဳပ္မွာ ေရာဂါပိုးကင္းစင္ၿပီးေနာက္ ပိုးျပန္ေတြ႕ျခင္းသည္ ၎ထံ မွ ကူးစက္ႏိုင္သည့္အေျခအေန ဟု အဓိပၸါယ္ေကာက္ယူ မမွားေစ သင့္ ေၾကာင္းႏွင့္ ၎သည္ ပိုးဝင္ေရာက္ကူးစက္ခဲ့ဖူးသည့္ ေျခရာလက္ရာမ်ားသာ ျဖစ္ပါေၾကာင္း ထပ္ေလာင္းသိေစ အပ္ပါသည္။

Khin Khin Gyi

00:51 am, 2-7-2020

Investigations and analysis of re positive cases

UNICODE

COVID-19 ရောဂါပျောက်ပြီး ၁ လ အကြာ မှာ ကိုဗစ်ပိုး ပြန်တွေ့တဲ့ တာချီလိတ် မှ လူနာအမှတ်( ၉၆ ) ကိစ ္စ ဒေါက်တာခင်ခင်ကြီး ရှင်းပြီ

COVID-19 ပိုးတွေ့ရင် ဘာလုပ်မလဲ ပိုးတွေ့သူ ကို သီးခြားထားရှိကုသမယ် သူနဲ့ထိတွေ့မှုရှိသူတွေကို ထောက်လှမ်းရှာဖွေမယ် လူနာ ကိုတော့ ဖြစ်ပေါ်လာတဲ့ လက္ခဏာပေါ်မူတည်ပြီး ကုသမှုပေးမယ် ကုသမှုပြည့်ပြီးနောက် သတ်မှတ် ရက်ပြည့်ရင် ဓာတ်ခွဲနမူနာကို ၄၈ နာရီခြား နှစ်ကြိမ်ယူပြီးစစ်ပါတယ် အဲဒီမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ရင်တော့ အခြေအနေကောင်းပါပြီ ဒီလိုနေရာမှာလဲ ပိုးတွေ့လိုက် ပိုး ပြန်တွေ့လိုက် ပိုးမတွေ့လိုက် တလှည့်စီဖြစ်ပြီး နှစ်ခါဆက်တိုက် ပိုးမတွေ့အဖြေရဖို့ ကြာနေတာမျိုးတွေ ရှိပါတယ် ဥပမာ မေ့ဆေး ဆရာဝန်ကြီး အဖြစ်မျိုးပါ။

ဒီလိုထပ်ယူတဲ့ နမူနာနှစ် ခုစလုံး ပိုးမတွေ့အဖြေထွက်မှသာ ပိုးကင်းစင်တယ်ဆိုပြီး သတ်မှတ်ပါတယ်။ သို့သော် ချက်ချင်းမဆင်းခိုင်း သေး ပါဘူး သူ့ရဲ့နဂိုရှိနေတဲ့ နောက်ခံရောဂါလက္ခဏာများပါ သက်သာမှ ဆေးရုံပေးဆင်းပါတယ် ဒါ့ကြောင့် သတင်းထုတ်ပြန်တဲ့နေရာမှာ ပိုး ကင်းလူနာကပိုများပြီး ဆေးရုံဆင်းနဲ့ အနည်းငယ်ကွာနေတာတွေ့ရမှာပါ ဥပမာ ကိုဗစ်နဲ့ ဆီးချို ကိုဗစ်နဲ့ နှလုံးရောဂါ ကျောက်ကပ်ရောဂါ စသဖြင့် တွဲနေတာတွေ ရှိပါတယ် ကိုဗစ်နဲ့ ကိုယ်ဝန်ဆောင်တွဲနေတာ ၃ ဦးရှိပြီး မနေ့ကတော့ တစ်ယောက်မွေးဖွားသွားပါတယ် ဒါတွေကို ပြောရ တာက ပိုမို ရှင်းလင်းစေချင်လို့ပါ။

သတင်းဌာနမှာ ပါနေတဲ့ တာချီလိတ်မြို့ က ပထမဆုံး ကို ဗစ်လူနာ ခွဲစိတ် ဆရာဝန် Case 96 ဟာ နှစ်ခါ ဆက်တိုက် ပိုးမတွေ့ အဖြေ ထွက်ပြီးနောက် ဆေးရုံမှ မေ ၂၀ မှာ ဆင်းပေးပြီးဖြစ် ပါတယ် ။ရန်ကုန်ကိုပြန်ဖို့ ပြန်စစ်တဲ့ အခါ မှာ ဆေးစစ်အဖြေမှာ ပိုးတွေ့ရှိ အဖြေ ရ တယ်ဆိုပြီး လူထုကြားမှာ သတင်းမီဒီယာတွေမှာ သတင်းထွက်နေတာဖြစ်ပါတယ် ဒီသတင်းမှန်ပါတယ် ဒီသတင်း နဲ့ ပတ်သက်ပြီး ပြည်သူ လူထု စိုးရိမ် ကြောက်လန့်မှုတွေ ရှိနေကြတာမို့ ပို့စ်တင်ရှင်းပြလိုက် ပါတယ် ။သတင်း ထုတ်ပြန်တဲ့နေရာ မှာ ပိုးတွေ့လူနာအသစ် ကိုသာ ပိုးတွေ့လူနာအသစ်အဖြစ် သတင်းထုတ်ပြန်တာဖြစ်ပါတယ် လူနာအဟောင်းတွေ ပိုးဆက်လက်တွေ့ရှိတာကို ထပ်မံမထုတ်ပြန်ပါဘူး ။

တချို့ ပိုးတွေ့လူနာတွေ ဟာ ၉ ကြိမ်မြောက်မှသာ စပြီး negative ဖြစ်တာမျိုးတွေ ရှိသလို တချို့ကျတော့လဲ ၃ ကြိမ်မြောက်ကစပြီး negative ဖြစ်တာမျိုးတွေ ရှိပါတယ် ဒါပေါ်မူတည်ပြီး ဆေးရုံဆင်းတာ မူတည်တဲ့ အတွက် တချို့သူတွေဟာ ပြန်ကောင်းသက်သာ ဆေး ရုံဆင်း မြန်ဆန်ပြီး တချို့တွေ နောက်ကျရတာ ဖြစ်ပါတယ် ပျှမ်းမျှဆေးရုံတက်ရောက်ချိန်ကတော့ ၂၃ ရက်ခန့်ရှိ ပါတယ်။ဟုတ်ပြီ ပိုး တွေ့တယ် ဆိုတာ ဘာလဲ အချုပ်ပြောရရင် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ကိုယူပြီး ဓာတ်ခွဲခန်းမှာ RNA virus ကို လုပ် ဆောင်ရတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အဆင့်ဆင့် ဆောင်ရွက်ရတဲ့ gold standard RT-PCR နည်းပညာနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

ဒါ ကိုနားလည်လွယ်အောင်ပြောမယ်ဆို အကောင်လိုက်ထုထည်ရှိနေတဲ့ ပိုးကိုရှာဖွေတာ မဟုတ်ပါဘူး ပိုးရှိလို့ဖြစ်ပေါ်နေတဲ့ ခြေရာလက် ရာကို ရှာတာဖြစ်ပါတယ်။ဟုတ်ပြီ ဆေးရုံဆင်းတယ်ဆိုတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပြီလားဆိုရင်တော့ နိုးပါ အိမ်မှာ သို့မဟုတ် ဟိုတယ်မှာ သို့မဟုတ် နေစရာအခက်အခဲ ရှိတဲ့သူတွေကိုတော့ ဆေးရုံမှာ တစ်ပတ်ဆက်ပြီး အသွားအလာကန့်သတ်ပါတယ် ဒါမှသာ သူ့ဆီ ကနေတခြား သူတွေကို ပိုးမကူးစက်စေနိုင်အောင် အဆင့်ဆင့် guideline အတိုင်း ဆောင်ရွက်ထားတာဖြစ်ပါတယ်။ဒါဆို ဒီလိုမျိုးဆောင် ရွက်ထား ရင်ကော စိတ်ချရပြီလား မေးရင်တော့ စိတ်ချရပါတယ်လို့ ဖြေရမှာပါပဲ ။

ဘာလို့ဒီလိုဖြေရသလဲဆိုတော့ တွေ့ရှိချက်တွေအပေါ် အခြေပြု ဖြေရတာဖြစ်ပါတယ်။နံပါတ် ၁ ကတော့ တောင်ကိုရီးယားက https://cdn.fbsbx.com/…/Findings_from_Investigation_and_ana… တွေ့ရှိချက်အပေါ် မူတည်ပါတယ်။

အချုပ်လိုရင်းကို ပြောရလျှင်…

၁ – ပိုးပြန်တွေ့လူနာ ၂၈၅ ယောက်၏ ထိတွေ့မှုရှိသူ ၇၉၀ ဦးကို အနီးကပ်စောင့်ကြည့် စစ်ဆေးသည့်အခါ ပိုးအသစ်တွေ့ရှိသူ တစ်ဦးမှ မရှိခြင်း

၂ – ပိုးပြန်တွေ့လူနာ ၁၀၈ ဦးဆီမှ ဓာတ်ခွဲနမူနာများကို ပိုးမွေး culture လုပ်ဆောင်ရာတွင်လည်း ရလဒ်မှာ ပိုးပေါက်ခြင်းမရှိပါ (တနည်း ပိုးကိုမတွေ့ရှိရပါ)

၃ – ပိုးပြန်တွေ့ လူနာ ၂၃ ဦး ဆီမှ သွေးနမူနာများကို ယူပြီးစစ်ဆေးရာ ၎င်းတို့အားလုံး၏ ၉၆ % တွင် ရောဂါပိုးကို ခုခံနိုင်သည့် ပဋိပစ္စည်းများ ထွက်ပေါ်နေပြီကို တွေ့ရခြင်း

နံပါတ် ၂ တွေ့ရှိချက်ကတော့ စင်ကာပူကူးစက် ရောဂါဌာနနှင့် စင်ကာပူဆေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော လူနာ ၇၃ ဦးပါသော သုတေသနတွေ့ရှိချက်တွင်လည်း ရောဂါပိုးဝင်ရောက်ပြီး ၁၁ ရက်နောက်ပိုင်းတွင် မည်သူ့ကိုမျှ မကူးစက်နိုင်တော့ကြောင်း ရှင်းရှင်းလင်း လင်းဖွင့်ဆိုထားပါသည်။

၈ ရက်မြောက်တွင် ပိုးမွေး culture ပြုလုပ်ပါကလည်း ပိုးမပေါက်ဖွားနိုင်တော့ပါ။ ၎င်းသုတေသန စစ်တမ်း တွင် ရှင်းရှင်းလင်းလင်းရေး ထားသည်မှာ ပိုးတွေ့ရှိ PCR positive သည် ပိုးကူးစက်နိုင်သည်ဟူသော အဓိပ္ပါယ် မဟုတ်တော့ကြောင်း ပြောထား ပါသည်။

နံပါတ် ၃ အနေဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်မှ ချစ်ကြည်ရေး အကူအညီပေးရေး ဆေးအဖွဲ့လာရောက်စဉ်ကလည်း ဆေးအဖွဲ့ခေါင်း ဆောင်ကို PCR test နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည် တရုတ်ပြည်တွင်ပင် PCR re positive လူနာများရှိကြောင်း PCR positive အဖြေကို ၅၇ ရက်အထိ လူနာတွင် စမ်းသပ်ရရှိသည့် အခြေအနေပင် ရှိခဲ့ကြောင်း ဖြေကြားပါသည် အဆိုပါလူနာကို မည်ကဲ့သို့ ရှေ့ဆက် လက်ဆောင်ရွက် ပါသလဲ ဟု မေးမြန်းရာ မည်သို့မျှမလုပ်တော့ကြောင်း ထိုသူမှ လည်း အခြားသူများကို မကူးစက်စေနိုင် တော့ကြောင်း ဖြေကြားသည်ကို မှတ်သားခဲ့ ရပါသည်။

အထက်ပါ အချက် ၃ ချက် ကို ထောက်ရှုကာ ဆင်ခြင်တွေးဆနိုင်ကြစေရန် ရည်သန်ကာ ပို့စ်တင်လိုက်ရပါသည်။

အချုပ်မှာ ရောဂါပိုးကင်းစင်ပြီးနောက် ပိုးပြန်တွေ့ခြင်းသည် ၎င်းထံ မှ ကူးစက်နိုင်သည့်အခြေအနေ ဟု အဓိပ္ပါယ်ကောက်ယူ မမှားစေ သင့် ကြောင်းနှင့် ၎င်းသည် ပိုးဝင်ရောက်ကူးစက်ခဲ့ဖူးသည့် ခြေရာလက်ရာများသာ ဖြစ်ပါကြောင်း ထပ်လောင်းသိစေ အပ်ပါသည်။

Khin Khin Gyi

00:51 am, 2-7-2020

Investigations and analysis of re positive cases

Add a Comment

Your email address will not be published. Required fields are marked *