ကမာၻ႔ေ႐ႊ ေစ်းကြက္ကို တုန္လႈပ္ေစ ခဲ့တဲ့ တ႐ုတ္ႏိုင္ငံက ေ႐ႊအတု ျပႆနာအေၾကာင္း တေစ့တ‌ေစာင္း

တ႐ုတ္ႏိုင္ငံ ဝူဟမ္ၿမိဳ႕ဟာ Covid-19 နဲ႔ပတ္သက္ၿပီး လိမ္လည္မႈေတြ ရွိခဲ့သလို ေ႐ႊနဲ႔ပတ္သက္ရင္လည္း အတုလုပ္တဲ့ ဗဟိုခ်က္မ ျဖစ္ တယ္လို႔ နယူးေရာ့တိုင္းက ဆိုခဲ့သလို ကမာၻ႔ေ႐ႊေစ်းကြက္မွာလည္း ငါတို႔အတုေတြ ဝယ္ထားမိသလားဆိုတဲ့ ပူပင္မႈေတြနဲ႔ တုန္လႈပ္ေန တယ္လို႔ ဆိုေၾကာင္းပါဗ်ား။….။ ဒီအပတ္တနလၤာေန႔က ထုတ္ျပန္ခဲ့တဲ့ Caixin သတင္းျဖစ္ပါတယ္။

ဘဏ္ႀကီး ၁၄ ခုမွာ အေပါင္ ထားတဲ့ ေ႐ႊတန္ခ်ိန္ 83 တန္ဟာ အတုေတြျဖစ္ေနတဲ့သတင္းထြက္ေပၚလာအၿပီး ကမာၻ႔ေ႐ႊေစ်းကြက္မွာ တုန္ လႈပ္ခဲ့ရတယ္ဟု ဆိုပါတယ္။ကို႐ိုနာဗိုင္းရပ္စတင္ရာ တ႐ုတ္ ႏိုင္ငံ ဝူဟန္ၿမိဳ႕က အႀကီးဆုံးေ႐ႊဆိုင္ႀကီးက အေပါင္ေပးထားတဲ့ ေ႐ႊေတြျဖစ္ သလို ဒီပမာဏဟာ တ႐ုတ္ျပည္တႏွစ္တာ ေ႐ႊထုတ္လုပ္မႈရဲ႕ 22% ရွိၿပီး တ႐ုတ္ဗဟိုဘဏ္ပိုင္ဆိုင္မႈရဲ႕ 4.2% ရွိပါတယ္။

ေ႐ႊအတုေတြ အေပါင္ထား ခဲ့တဲ့ Kingold ေ႐ႊဆိုင္ဟာ မူလက တ႐ုတ္ဗဟိုဘဏ္ရဲ႕လုပ္ငန္းခြဲတစ္ခုျဖစ္ဖူးသလို လုပ္ငန္းရွင္ Jia ဟာ စစ္ျပန္တစ္ဦးျဖစ္ၿပီး တ႐ုတ္စစ္တပ္ပိုင္ ေ႐ႊတြင္းႀကီးမ်ားကို ႀကီးၾကပ္သူတစ္ဦးျဖစ္ခဲ့ပါတယ္။ Kingold ေ႐ႊလုပ္ငန္းဟာ US Stock Exchange စာရင္းဝင္လည္းျဖစ္ပါတယ္။

ဘဏ္တစ္ခုက ေႂကြးဆုံးေ႐ႊကို ျပန္က်ိဳခ်ိန္မွာ ေၾကး (copper alloy) ေတြျဖစ္ေနတာေတြ႕ခဲ့ရအၿပီးမွာ ခုလိုသိခဲ့ရတာျဖစ္ပါတယ္။ ပိုင္ရွင္ Jia ကေတာ့ သူတို႔ မဟုတ္တာ မလုပ္ခဲ့ဖူး လို႔ ျငင္းဆိုခဲ့သလို ဘာေၾကာင့္ ေ႐ႊအတုေတြျဖစ္ခဲ့ရသလဲဆိုတာ စုံစမ္းစစ္ေဆးဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

REF: (U Ag Ky Win)

UNICODE

ကမ္ဘာ့ရွှေ ဈေးကွက်ကို တုန်လှုပ်စေ ခဲ့တဲ့ တရုတ်နိုင်ငံက ရွှေအတု ပြဿနာအကြောင်း တစေ့တ‌စောင်း

တရုတ်နိုင်ငံ ဝူဟမ်မြို့ဟာ Covid-19 နဲ့ပတ်သက်ပြီး လိမ်လည်မှုတွေ ရှိခဲ့သလို ရွှေနဲ့ပတ်သက်ရင်လည်း အတုလုပ်တဲ့ ဗဟိုချက်မ ဖြစ် တယ်လို့ နယူးရော့တိုင်းက ဆိုခဲ့သလို ကမ္ဘာ့ရွှေစျေးကွက်မှာလည်း ငါတို့အတုတွေ ဝယ်ထားမိသလားဆိုတဲ့ ပူပင်မှုတွေနဲ့ တုန်လှုပ်နေ တယ်လို့ ဆိုကြောင်းပါဗျား။….။ ဒီအပတ်တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ Caixin သတင်းဖြစ်ပါတယ်။

ဘဏ်ကြီး ၁၄ ခုမှာ အပေါင် ထားတဲ့ ရွှေတန်ချိန် 83 တန်ဟာ အတုတွေဖြစ်နေတဲ့သတင်းထွက်ပေါ်လာအပြီး ကမ္ဘာ့ရွှေစျေးကွက်မှာ တုန် လှုပ်ခဲ့ရတယ်ဟု ဆိုပါတယ်။ကိုရိုနာဗိုင်းရပ်စတင်ရာ တရုတ် နိုင်ငံ ဝူဟန်မြို့က အကြီးဆုံးရွှေဆိုင်ကြီးက အပေါင်ပေးထားတဲ့ ရွှေတွေဖြစ် သလို ဒီပမာဏဟာ တရုတ်ပြည်တနှစ်တာ ရွှေထုတ်လုပ်မှုရဲ့ 22% ရှိပြီး တရုတ်ဗဟိုဘဏ်ပိုင်ဆိုင်မှုရဲ့ 4.2% ရှိပါတယ်။

ရွှေအတုတွေ အပေါင်ထား ခဲ့တဲ့ Kingold ရွှေဆိုင်ဟာ မူလက တရုတ်ဗဟိုဘဏ်ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ဖူးသလို လုပ်ငန်းရှင် Jia ဟာ စစ်ပြန်တစ်ဦးဖြစ်ပြီး တရုတ်စစ်တပ်ပိုင် ရွှေတွင်းကြီးများကို ကြီးကြပ်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ Kingold ရွှေလုပ်ငန်းဟာ US Stock Exchange စာရင်းဝင်လည်းဖြစ်ပါတယ်။

ဘဏ်တစ်ခုက ကြွေးဆုံးရွှေကို ပြန်ကျိုချိန်မှာ ကြေး (copper alloy) တွေဖြစ်နေတာတွေ့ခဲ့ရအပြီးမှာ ခုလိုသိခဲ့ရတာဖြစ်ပါတယ်။ ပိုင်ရှင် Jia ကတော့ သူတို့ မဟုတ်တာ မလုပ်ခဲ့ဖူး လို့ ငြင်းဆိုခဲ့သလို ဘာကြောင့် ရွှေအတုတွေဖြစ်ခဲ့ရသလဲဆိုတာ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ဆိုပါတယ်။

REF:  (U Ag Ky Win)

Add a Comment

Your email address will not be published. Required fields are marked *