ကႏၲာရက်ိဳင္းေကာင္မ်ားသည္ ျမန္မာႏိုင္ငံရွိ ၿမိဳ႕ေပါင္း (၁၃)ၿမိဳ႕ကို ျဖတ္သန္းဝင္ေရာက္ႏိုင္၍ သတိေပးခ်က္ ထုတ္ျပန္ထား

အ႐ြယ္အစားႀကီးမားသည့္ ကႏၲရက်ိဳင္းေကာင္အုပ္စုမ်ားသည္ ဟိုတစ္စု၊ဒီတစ္စု ကြဲလာကာ သတိမထားမိခင္ ဥ ဥခ်၊အေကာင္းပြားလာႏိုင္ သည့္အတြက္ ထူးျခားမႈမ်ားေတြ႕ရွိပါက ထိေရာက္ေသာ ႏွိမ္နင္းမႈမ်ားေဆာင္႐ြက္ႏိုင္ရန္ သက္ဆိုင္ရာ စိုက္ပ်ိဳးေရးဦးစီးဌာနအဆင့္ဆင့္ႏွင့္ ဆက္စပ္ အဖြဲ႕အစည္း မ်ားကို ခ်က္ခ်င္း အေၾကာင္း ၾကားရန္ လိုအပ္ေၾကာင္းသိရသည္။

ကႏၲာရက်ိဳင္းေကာင္ႀကီးမ်ား၏ အ႐ြယ္ အစားသည္ အထီး (၄ – ၅) စင္တီမီတာ၊ အမ (၅ – ၆) စင္တီမီတာ ရွည္လ်ားၿပီး အဝါရင့္ေရာင္ (သို႔မဟုတ္) ပန္းေရာင္ရွိေၾကာင္းႏွင့္ အေတာင္ေပၚတြင္ အညိဳရင့္ ေရာင္ အေျပာက္မ်ား ရွိေၾကာင္းသိရသည္။ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ ျပည္ နယ္(၄) ခုရွိၿမိဳ႕ ၁၃ ခုကို ဖ်က္အားျပင္း ကႏၲာရက်ိဳင္းေကာင္ (ႏွံေကာင္) မ်ားျဖတ္သန္းဝင္ေရာက္ႏိုင္သည္ဟု ဆိုသည္။

ထိုေနရာမ်ားကို အႏၲရာယ္ရွိ ေစာင့္ၾကည့္ေနရာမ်ားအျဖစ္ သတ္မွတ္ထား ေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ထုတ္ျပန္သတိေပးထားေၾကာင္း သိရသည္။

အဆိုပါ ကႏၲာရက်ိဳင္းေကာင္မ်ားျဖတ္သန္းဝင္ေရာက္ႏိုင္ေသာ ေနရာမ်ားမွာ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ေလရွီး၊ဟုမၼလင္း၊တမူးႏွင့္ က ခ်င္ျပည္နယ္တြင္ ပူတာအို၊မခ်မ္းေဘာေဒသျဖစ္ကာ ရခိုင္ျပည္နယ္တြင္ ဘူး သီးေတာင္၊ေမာင္ေတာ၊ရေသ့ေတာင္၊စစ္ေတြ၊ေက်ာက္ျဖဴ ႏွင့္ ခ်င္းျပည္နယ္တြင္ တြန္းဇံ၊ထန္တလန္၊ ပလက္ဝ အစရွိေသာ ေနရာမ်ားကို သတ္မွတ္ထားေၾကာင္းသိရသည္။

REF: ျပည္ျမန္မာ

UNICODE

ကန္တာရကျိုင်းကောင်များသည် မြန်မာနိုင်ငံရှိ မြို့ပေါင်း (၁၃)မြို့ကို ဖြတ်သန်းဝင်ရောက်နိုင်၍ သတိပေးချက် ထုတ်ပြန်ထား

အရွယ်အစားကြီးမားသည့် ကန္တရကျိုင်းကောင်အုပ်စုများသည် ဟိုတစ်စု၊ဒီတစ်စု ကွဲလာကာ သတိမထားမိခင် ဥ ဥချ၊အကောင်းပွားလာနိုင် သည့်အတွက် ထူးခြားမှုများတွေ့ရှိပါက ထိရောက်သော နှိမ်နင်းမှုများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနအဆင့်ဆင့်နှင့် ဆက်စပ် အဖွဲ့အစည်း များကို ချက်ချင်း အကြောင်း ကြားရန် လိုအပ်ကြောင်းသိရသည်။

ကန္တာရကျိုင်းကောင်ကြီးများ၏ အရွယ် အစားသည် အထီး (၄ – ၅) စင်တီမီတာ၊ အမ (၅ – ၆) စင်တီမီတာ ရှည်လျားပြီး အဝါရင့်ရောင် (သို့မဟုတ်) ပန်းရောင်ရှိကြောင်းနှင့် အတောင်ပေါ်တွင် အညိုရင့် ရောင် အပြောက်များ ရှိကြောင်းသိရသည်။မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည် နယ်(၄) ခုရှိမြို့ ၁၃ ခုကို ဖျက်အားပြင်း ကန္တာရကျိုင်းကောင် (နှံကောင်) များဖြတ်သန်းဝင်ရောက်နိုင်သည်ဟု ဆိုသည်။

ထိုနေရာများကို အန္တရာယ်ရှိ စောင့်ကြည့်နေရာများအဖြစ် သတ်မှတ်ထား ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သတိပေးထားကြောင်း သိရသည်။

အဆိုပါ ကန္တာရကျိုင်းကောင်များဖြတ်သန်းဝင်ရောက်နိုင်သော နေရာများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေရှီး၊ဟုမ္မလင်း၊တမူးနှင့် က ချင်ပြည်နယ်တွင် ပူတာအို၊မချမ်းဘောဒေသဖြစ်ကာ ရခိုင်ပြည်နယ်တွင် ဘူး သီးတောင်၊မောင်တော၊ရသေ့တောင်၊စစ်တွေ၊ကျောက်ဖြူ နှင့် ချင်းပြည်နယ်တွင် တွန်းဇံ၊ထန်တလန်၊ ပလက်ဝ အစရှိသော နေရာများကို သတ်မှတ်ထားကြောင်းသိရသည်။

REF:  ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *