




UNICODE

စိတ်မကောင်းစရာပါ ဖားကန့်မြေပြိုမှုမှာ ပါသွားတဲ့ ခင်ပွန်းသည် ကြောင့် အရူးတစ်ပိုင်း ဖြစ်နေတဲ့ မိန်းခလေး(ရုပ်/သံ)

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ် ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေ မဆေးသမားများ ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်လေရာ ဘဝတိုင်း ဒီလိုအဖြစ်မျိုးမှကင်းဝေးကြပါစေဗျာ..ဒီလောက်များပြားတဲ့ သေဆုံးမှုမျိုးတစ်ခါမှ တောင်မကြားဖူးဘူးဗျာ ၊ (၁၉ ၁၅)အချိန် အထိ သေဆုံးသူ (၁၆၂)ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်း(၅၄)ဦးအား ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပါသည်။မြေပြိုမှုဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသူ (၂၃)ဦးအား ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါ သည်။(၁၅ ၃၅)အချိန်တွင် သေဆုံးသူ(၁၃)ဦး၏ ရုပ်အလောင်း များအား ထပ်မံရှာဖွေတွေ့ရှိသဖြင့်။

စုစုပေါင်း (၁၂၆)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိ ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိပါ သည်။(၁၁ ၁၀) အချိန်တွင် သေဆုံးသူ(၃၇)ဦးနှင့် (၁၂ ၀၅)အချိန် တွင် သေဆုံးသူ (၂၆)ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Crd : MFSD #Myanmar_Online_News

Add a Comment

Your email address will not be published. Required fields are marked *