ပါတီအခ်ိဳ႕က ကန႔္ကြက္ေနေသာ္လည္း ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ရာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ သုံးမယ္လို႔ NLDေျပာၿပီ

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို ခ်မွတ္ထားတဲ့ စံသတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီေအာင္ ေဆာင္႐ြက္မွာျဖစ္ၿပီး ျပည္သူ႔ဆႏၵ နဲ႔ေ႐ြးေကာက္ပြဲရလဒ္ တစ္ထပ္တည္းျဖစ္ေစရမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးလွသိန္းက ေျပာၾကားထာပါတယ္။ ၂၀၂၀ျပည့္ႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးကို လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ ေန႔မွာ က်င္းပသြား မွာ ျဖစ္ပါတယ္။

လာမယ့္အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးရာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံကို သုံးမယ္လို႔ NLD ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။ ေဒါက္တာ ေဇာ္ျမင့္ေမာင္က“အစဥ္အလာအရလည္း သုံးခဲ့ၿပီးသားရွိတယ္။ သမိုင္းေၾကာင္း အရလည္း သုံးခဲ့ၿပီးသားရွိတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ကေတာ့ သုံးမွာပဲေပါ့။

ဒါNLDရဲ႕ မူလားဆိုေတာ့ မူမဟုတ္ပါဘူး။ ဒါကြၽန္ေတာ္တို႔ရဲ႕ သိတတ္မႈနဲ႔ ကြၽန္ေတာ္တို႔ေခါင္းေဆာင္ရဲ႕ ဖခင္တစ္ဦးအေနနဲ႔ ကြၽန္ေတာ္တို႔ အမ်ိဳးသားေရးေခါင္းေဆာင္တစ္ဦးအေနနဲ႔ သုံးတာေပါ့”လို႔ ေျပာပါတယ္။ သည္ကေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ NLDဗဟိုအလုပ္ အမႈ ေဆာင္အစည္းအေဝးအၿပီးမွာ အခုလို ေျပာတာပါ။

သည္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲႀကီးမွာ ပါတီေတြအေနနဲ႔ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ အသုံးျပဳကာ မဲမဆြယ္ဖို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ ႏိုင္ငံေရးပါတီအခ်ိဳ႕က ေဝဖန္ကန႔္ကြက္ေနၾကတာ ျဖစ္ပါတယ္။

REF: KUMUDRA

UNICODE

ပါတီအချို့က ကန့်ကွက်နေသော်လည်း ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ သုံးမယ်လို့ NLDပြောပြီ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို ချမှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် ဆောင်ရွက်မှာဖြစ်ပြီး ပြည်သူ့ဆန္ဒ နဲ့ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောကြားထာပါတယ်။ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို လာမယ့် နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပသွား မှာ ဖြစ်ပါတယ်။

လာမယ့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို သုံးမယ်လို့ NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်က“အစဉ်အလာအရလည်း သုံးခဲ့ပြီးသားရှိတယ်။ သမိုင်းကြောင်း အရလည်း သုံးခဲ့ပြီးသားရှိတယ်ဆိုတော့ ကျွန်တော်တို့ကတော့ သုံးမှာပဲပေါ့။

ဒါNLDရဲ့ မူလားဆိုတော့ မူမဟုတ်ပါဘူး။ ဒါကျွန်တော်တို့ရဲ့ သိတတ်မှုနဲ့ ကျွန်တော်တို့ခေါင်းဆောင်ရဲ့ ဖခင်တစ်ဦးအနေနဲ့ ကျွန်တော်တို့ အမျိုးသားရေးခေါင်းဆောင်တစ်ဦးအနေနဲ့ သုံးတာပေါ့”လို့ ပြောပါတယ်။ သည်ကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ NLDဗဟိုအလုပ် အမှု ဆောင်အစည်းအဝေးအပြီးမှာ အခုလို ပြောတာပါ။

သည်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုကာ မဲမဆွယ်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ နိုင်ငံရေးပါတီအချို့က ဝေဖန်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

REF:   KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *