ဖားကန႔္တြင္ ေျမစာပုံၿပိဳက်မႈေၾကာင့္ ေသဆုံးဒဏ္ရာရမႈမ်ားအတြက္ တပ္မေတာ္၊ ျပည္ခိုင္ၿဖိဳးႏွင့္ျပည္သူ႔ေရွ႕ေဆာင္ပါတီ တို႔မွ ဝမ္းနည္းေၾကာင္း ေၾကျငာခ်က္ထုတ္

၂.၇.၂၀၂၀ ရက္ေန႔၊ ၀၈ ၀၀ ခ်ိန္ ၊ ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာ၊ လခူးေခ်ာင္ရပ္ ကြက္ရွိ တစ္သုံးလုံး ၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္ ၊ ဧရာရတနာစုေပါင္းလုပ္ကြက္ေဟာင္းေနရာမ်ားတြင္ ေရ မေဆးသမားမ်ား ေရမေဆးေက်ာက္ဝင္ ေရာက္တူးေဖာ္ေနစဥ္ မိုး႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ ႏြံလႈိင္း႐ိုက္ခတ္မႈ ျဖစ္ပြားၿပီး ေရမေဆးေက်ာက္ရွာေဖြသူမ်ား ႏြံနစ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

“မိသားစုဝင္ေတြကိုဆက္သြယ္၊ စိစစ္ေဆာင္႐ြက္ေနၿပီး အျမန္ဆုံးေထာက္ပံ့သြားႏိုင္ဖို႔ ဌာနဆိုင္ရာေတြနဲ႔ အတူ ပူးေပါင္းခ်ိတ္ဆက္ ေဆာင္ ႐ြက္လ်က္ရွိပါတယ္” ဟု ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္‌ေဒါက္တာကိုကိုႏိုင္ကကဆိုသည္။ယမန္ေန႔ မနက္ပိုင္းက ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ေဝွခါေက်း႐ြာတြင္ လုပ္ကြက္ေဟာင္းက်င္းၿပိဳက်၍ ေရမေဆးေက်ာက္ရွာသမား ရာႏွင့္ ခ်ီေသ ဆုံးသြားခဲ့ရၿပီး လက္ရွိအခ်ိန္အထိ ႐ုပ္အေလာင္း ၁၆၀ ေက်ာ္ကို ရွာေဖြေတြ႕ရွိထားသည္။

ေျမစာပုံၿပိဳက်မႈေၾကာင့္ ေက်ာက္စိမ္းရွာေဖြေနသူမ်ား ေသဆုံးဒဏ္ရာရမႈအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ၊ ျပည္ေထာင္စုႀကံ့ ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ တို႔မွ ဝမ္းနည္းေၾကာင္း သေဘာထားထုတ္ျပန္ခ်က္မ်ား အသီးသီး ထုတ္ျပန္ခဲ့ၾက သည္။ဇူလိုင္လ ၂ ရက္ နံနက္ ၀၆း၃၀ နာရီအခ်ိန္ခန႔္တြင္ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါလဂူးေခ်ာင္ရွိ ေက်ာက္စိမ္းလုပ္ ကြက္ေဟာင္း ေျမစာပုံၿပိဳက်မႈေၾကာင့္ ေက်ာက္စိမ္းရွာေဖြေနသူမ်ား ေသဆုံးဒဏ္ရာရမႈမ်ားျဖစ္ေပၚခဲ့သည့္အတြက္။

ေသဆုံးဒဏ္ရာရသူမ်ား၏ မိသားစုမ်ားႏွင့္ထပ္တူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ တို႔မွ မ်ားစြာေၾကကြဲဝမ္းနည္းရေၾကာင္းႏွင့္ လိုအပ္ေသာ လူမႈကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုလည္း ျပည္သူမ်ား ႏွင့္အတူလက္တြဲေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သေဘာထား ထုတ္ျပန္ခဲ့သည္။ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေက်း႐ြာအနီး ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီလုပ္ကြက္ ေျမသားၿပိဳက်မႈေၾကာင့္ ဇူလိုင္ ၂ ရက္ ညေန ၆ နာရီအထိ စာရင္းရရွိထားသည္။

ေသဆုံးသူ ၁၆၀ ဦးl ဒဏ္ရာရရွိသူ ၃၁ ဦး ရွိခဲ့ၿပီး ယင္းေနရာ၌ တပ္မေတာ္သားမ်ားl အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားl အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လွ်က္ရွိသည္။ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ မွတ္တမ္းမ်ားအရ ၂၀၂၀ ခုႏွစ္အတြင္း ဖားကန႔္တြင္ ေျမၿပိဳမႈေၾကာင့္ ေသဆုံးသူ ( ဇူလိုင္ ၂ ရက္ မပါ ) ၃၀ နီးပါးရွိခဲ့ၿပီး ၊ ၂၀၁၉ ခုႏွစ္အတြင္း ၉၃ ဦးေသဆုံး ခဲ့ ကာ၁၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးဒဏ်ရာရမှုများအတွက် တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့်ပြည်သူ့ရှေ့ဆောင်ပါတီ တို့မှ ဝမ်းနည်းကြောင်း ကြေငြာချက်ထုတ်

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ် ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေ မဆေးသမားများ ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

“မိသားစုဝင်တွေကိုဆက်သွယ်၊ စိစစ်ဆောင်ရွက်နေပြီး အမြန်ဆုံးထောက်ပံ့သွားနိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ အတူ ပူးပေါင်းချိတ်ဆက် ဆောင် ရွက်လျက်ရှိပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်‌ေဒါက်တာကိုကိုနိုင်ကကဆိုသည်။ယမန်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာတွင် လုပ်ကွက်ဟောင်းကျင်းပြိုကျ၍ ရေမဆေးကျောက်ရှာသမား ရာနှင့် ချီသေ ဆုံးသွားခဲ့ရပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၆၀ ကျော်ကို ရှာဖွေတွေ့ရှိထားသည်။

မြေစာပုံပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေနေသူများ သေဆုံးဒဏ်ရာရမှုအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ တို့မှ ဝမ်းနည်းကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြ သည်။ဇူလိုင်လ ၂ ရက် နံနက် ၀၆း၃၀ နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါလဂူးချောင်ရှိ ကျောက်စိမ်းလုပ် ကွက်ဟောင်း မြေစာပုံပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေနေသူများ သေဆုံးဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့သည့်အတွက်။

သေဆုံးဒဏ်ရာရသူများ၏ မိသားစုများနှင့်ထပ်တူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ တို့မှ များစွာကြေကွဲဝမ်းနည်းရကြောင်းနှင့် လိုအပ်သော လူမှုကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပြည်သူများ နှင့်အတူလက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် ဇူလိုင် ၂ ရက် ညနေ ၆ နာရီအထိ စာရင်းရရှိထားသည်။

သေဆုံးသူ ၁၆၀ ဦးl ဒဏ်ရာရရှိသူ ၃၁ ဦး ရှိခဲ့ပြီး ယင်းနေရာ၌ တပ်မတော်သားများl အုပ်ချုပ်ရေးအဖွဲ့များl အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ မှတ်တမ်းများအရ ၂၀၂၀ ခုနှစ်အတွင်း ဖားကန့်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ( ဇူလိုင် ၂ ရက် မပါ ) ၃၀ နီးပါးရှိခဲ့ပြီး ၊ ၂၀၁၉ ခုနှစ်အတွင်း ၉၃ ဦးသေဆုံး ခဲ့ ကာ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *