ဖားကန႔္ေျမၿပိဳက်၍ လူအမ်ားအျပားေသဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ ထုတ္ျပန္

၂.၇.၂၀၂၀ ရက္ေန႔၊ ၀၈ ၀၀ ခ်ိန္ ၊ ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာ၊ လခူးေခ်ာင္ရပ္ ကြက္ရွိ တစ္သုံးလုံး ၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္ ၊ ဧရာရတနာစုေပါင္းလုပ္ကြက္ေဟာင္းေနရာမ်ားတြင္ ေရ မေဆးသမားမ်ား ေရမေဆးေက်ာက္ဝင္ ေရာက္တူးေဖာ္ေနစဥ္ မိုး႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ ႏြံလႈိင္း႐ိုက္ခတ္မႈ ျဖစ္ပြားၿပီး ေရမေဆးေက်ာက္ရွာေဖြသူမ်ား ႏြံနစ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ဖားကန႔္ၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ လ်က္ရွိရာ ၀၉ ၃၀ အခ်ိန္တြင္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္း(၃၅)ေလာင္းႏွင့္ ၁၀ ၀၀ အခ်ိန္တြင္ ႐ုပ္အေလာင္း(၁၅)ေလာင္း စုစုေပါင္း ေသဆုံးသူ(၅၀)ဦး၏ ႐ုပ္အေလာင္း မ်ားအား ဆယ္ယူႏိုင္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါသည္။

ဆယ္ယူရရွိသည့္ အေလာင္း( ၁၁၃ ) ၊ လြတ္ေျမာက္ ဒဏ္ရာရ ( ၂၃ ) ဦး ၊ လူေပါင္း( ၂၀၀) ဦးထက္ မနည္း ေသဆုံးႏိုင္ ဟု မ်က္ျမင္မ်ား ခန႔္မွန္းေျပာဆိုေန ၾကသည္။ကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆယင္ရန္ အခက္ အခဲျဖစ္ ။(၁၁ : ၁၀) အခ်ိန္ တြင္ ေသဆုံးသူ(၃၇)ဦးႏွင့္ (၁၂ ၀၅)အခ်ိန္တြင္ ေသဆုံးသူ (၂၆)ဦး စုစုေပါင္း (၁၁၃)ဦးတို႔၏ ႐ုပ္အေလာင္းမ်ားအား ရွာေဖြေတြ႕ရွိခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္း မ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါသည္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္မွာ ေျမၿပိဳက်ခဲ့ၿပီး လူ႔အသက္ေပါင္းမ်ားစြာ ဆုံးရႈံးခဲ့ရတဲ့ ျဖစ္စဥ္အေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္အေနနဲ႔ မ်ားစြာဝမ္းနည္း စိတ္မေကာင္းျဖစ္ရေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ တပ္မေတာ္အေနနဲ႔ လိုအပ္တဲ့ ရွာေဖြကယ္ ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ကူညီေဆာင္႐ြက္သြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဒီကေန႔ ဇူလိုင္ ၂ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒီေန႔မနက္ ၈ နာရီေလာက္က ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေက်း႐ြာအနီး လုပ္ငန္းေတြ ယာယီရပ္နားထားတဲ့ ရတနာၾကယ္ ေက်ာက္မ်က္တူး ေဖာ္ေရးကုမၸဏီလုပ္ကြက္ရွိ အျမင့္ ၁၀၀၀ ေပ အလ်ား ၇၀၀ ေပခန႔္ ေျမသားေတြ ၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြတူးေဖာ္သူေတြ ေမ်ာပါေသဆုံးခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ ညေန ၆ နာရီအထိ ေသဆုံးသူ ၁၂၃ ဦးနဲ႔ ဒဏ္ရာရသူ ၃၁ ဦးရွိတယ္လို႔ တပ္မေတာ္က ထုတ္ျပန္ ထားၿပီး မီးသတ္တပ္ဖြဲ႕ကေတာ့ ေသဆုံးသူ ၁၂၆ ဦးနဲ႔ ဒဏ္ရာရသူ ၂၃ ဦး ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

REF: DAILY HOT NEWS

UNICODE

ဖားကန့်မြေပြိုကျ၍ လူအများအပြားသေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်ပြန်

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ် ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေ မဆေးသမားများ ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၀၉ ၃၀ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် ၁၀ ၀၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀)ဦး၏ ရုပ်အလောင်း များအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ဆယ်ယူရရှိသည့် အလောင်း( ၁၁၃ ) ၊ လွတ်မြောက် ဒဏ်ရာရ ( ၂၃ ) ဦး ၊ လူပေါင်း( ၂၀၀) ဦးထက် မနည်း သေဆုံးနိုင် ဟု မျက်မြင်များ ခန့်မှန်းပြောဆိုနေ ကြသည်။ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆေယင်ရန် အခက် အခဲဖြစ် ။(၁၁ : ၁၀) အချိန် တွင် သေဆုံးသူ(၃၇)ဦးနှင့် (၁၂ ၀၅)အချိန်တွင် သေဆုံးသူ (၂၆)ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တပ်မတော်အနေနဲ့ လိုအပ်တဲ့ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇူလိုင် ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး လုပ်ငန်းတွေ ယာယီရပ်နားထားတဲ့ ရတနာကြယ် ကျောက်မျက်တူး ဖော်ရေးကုမ္ပဏီလုပ်ကွက်ရှိ အမြင့် ၁၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားတွေ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေတူးဖော်သူတွေ မျောပါသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ညနေ ၆ နာရီအထိ သေဆုံးသူ ၁၂၃ ဦးနဲ့ ဒဏ်ရာရသူ ၃၁ ဦးရှိတယ်လို့ တပ်မတော်က ထုတ်ပြန် ထားပြီး မီးသတ်တပ်ဖွဲ့ကတော့ သေဆုံးသူ ၁၂၆ ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

REF:   DAILY  HOT  NEWS

Add a Comment

Your email address will not be published. Required fields are marked *