ဖားကန႔္ေျမၿပိဳမႈေၾကာင့္ ေသဆုံးၿပီး က်န္ရစ္သူ မိသားစုမ်ားအတြက္ အစိုးရက ေထာက္ပံ့ေၾကးေပးအပ္မႈမ်ား ျပဳလုပ္

၂.၇.၂၀၂၀ ရက္ေန႔၊ ၀၈ ၀၀ ခ်ိန္ ၊ ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာ၊ လခူးေခ်ာင္ရပ္ ကြက္ရွိ တစ္သုံးလုံး ၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္ ၊ ဧရာရတနာစုေပါင္းလုပ္ကြက္ေဟာင္းေနရာမ်ားတြင္ ေရ မေဆးသမားမ်ား ေရမေဆးေက်ာက္ဝင္ ေရာက္တူးေဖာ္ေနစဥ္ မိုး႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ ႏြံလႈိင္း႐ိုက္ခတ္မႈ ျဖစ္ပြားၿပီး ေရမေဆးေက်ာက္ရွာေဖြသူမ်ား ႏြံနစ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

“မိသားစုဝင္ေတြကိုဆက္သြယ္၊ စိစစ္ေဆာင္႐ြက္ေနၿပီး အျမန္ဆုံးေထာက္ပံ့သြားႏိုင္ဖို႔ ဌာနဆိုင္ရာေတြနဲ႔ အတူ ပူးေပါင္းခ်ိတ္ဆက္ ေဆာင္ ႐ြက္လ်က္ရွိပါတယ္” ဟု ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္‌ေဒါက္တာကိုကိုႏိုင္ကကဆိုသည္။ယမန္ေန႔ မနက္ပိုင္းက ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ေဝွခါေက်း႐ြာတြင္ လုပ္ကြက္ေဟာင္းက်င္းၿပိဳက်၍ ေရမေဆးေက်ာက္ရွာသမား ရာႏွင့္ ခ်ီေသ ဆုံးသြားခဲ့ရၿပီး လက္ရွိအခ်ိန္အထိ ႐ုပ္အေလာင္း ၁၆၀ ေက်ာ္ကို ရွာေဖြေတြ႕ရွိထားသည္။

ေသဆုံးသြားသူတို႔၏ က်န္ရစ္မိသားစုမ်ားႏွင့္ ထိခိုက္ဒဏ္ရာရသူမ်ားကို ေပးအပ္ျခင္းျဖစ္ၿပီး လက္ရွိတြင္ ျပည္နယ္အစိုးရအဖြဲ႕က ေငြက်ပ္ သိန္း ၅၀၀၊ လုပ္ငန္းရွင္မ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက ေငြက်ပ္ သိန္း၆၀၀ စုစုေပါင္း ေငြက်ပ္သိန္း ၁၁၀၀ကို ေပးအပ္ခဲ့သည္ဟုသိ ရသည္။ အလားတူ ျပည္ေထာင္စုအစိုးရအဖြဲ႕ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနကလည္း ေသဆုံး သြားသူတို႔အတြက္ေထာက္ပံ့မည္ဟု သိရသည္။

က်န္ရစ္သူမိသားစုဝင္တို႔ကို ေငြက်ပ္ ၃သိန္းစီႏွင့္ ထိခိုက္ဒဏ္ရာရသူမ်ားကို တစ္ဦးလွ်င္ ေငြက်ပ္ ၅၀၀၀၀ စီေထာက္ပံ့ရန္လည္းရွိေၾကာင္း ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္‌ေဒါက္တာကိုကိုႏိုင္က ေျပာသည္။

REF:   BLACKER

UNICODE

ဖားကန့်မြေပြိုမှုကြောင့် သေဆုံးပြီး ကျန်ရစ်သူ မိသားစုများအတွက် အစိုးရက ထောက်ပံ့ကြေးပေးအပ်မှုများ ပြုလုပ်

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ် ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေ မဆေးသမားများ ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

“မိသားစုဝင်တွေကိုဆက်သွယ်၊ စိစစ်ဆောင်ရွက်နေပြီး အမြန်ဆုံးထောက်ပံ့သွားနိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ အတူ ပူးပေါင်းချိတ်ဆက် ဆောင် ရွက်လျက်ရှိပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်‌ေဒါက်တာကိုကိုနိုင်ကကဆိုသည်။ယမန်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာတွင် လုပ်ကွက်ဟောင်းကျင်းပြိုကျ၍ ရေမဆေးကျောက်ရှာသမား ရာနှင့် ချီသေ ဆုံးသွားခဲ့ရပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၆၀ ကျော်ကို ရှာဖွေတွေ့ရှိထားသည်။

သေဆုံးသွားသူတို့၏ ကျန်ရစ်မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများကို ပေးအပ်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် သိန်း ၅၀၀၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများက ငွေကျပ် သိန်း၆၀၀ စုစုပေါင်း ငွေကျပ်သိန်း ၁၁၀၀ကို ပေးအပ်ခဲ့သည်ဟုသိ ရသည်။ အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း သေဆုံး သွားသူတို့အတွက်ထောက်ပံ့မည်ဟု သိရသည်။

ကျန်ရစ်သူမိသားစုဝင်တို့ကို ငွေကျပ် ၃သိန်းစီနှင့် ထိခိုက်ဒဏ်ရာရသူများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ စီထောက်ပံ့ရန်လည်းရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်‌ေဒါက်တာကိုကိုနိုင်က ပြောသည်။

REF:   BLACKER

Add a Comment

Your email address will not be published. Required fields are marked *