REF: THE  VOICE
UNICODE
ဖားကန့်မြေပြိုမှုဖြစ်စဉ်တွင် သေဆုံးသွားသူများကို စုပေါင်း မြေမြုပ်သဂြိုဟ်မှု ပြုလုပ်(ရုပ်သံ)
၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ် ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေ မဆေးသမားများ ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
မြေပြို ကျစဉ်မှာ နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေသူများ နွံနစ်မှုဖြစ်ပွား ကြောင်း သတင်းရရှိသည်။ “မိသားစုဝင် တွေကိုဆက်သွယ်၊ စိစစ်ဆောင်ရွက်နေပြီး အမြန်ဆုံးထောက်ပံ့သွားနိုင်ဖို့ ဌာနဆိုင်ရာတွေနဲ့ အတူ ပူးပေါင်းချိတ်ဆက် ဆောင် ရွက်လျက် ရှိပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်‌ေဒါက်တာကိုကိုနိုင်ကကဆိုသည်။
ယမန်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာတွင် လုပ်ကွက်ဟောင်းကျင်းပြိုကျ၍ ရေမဆေးကျောက် ရှာသမား ရာနှင့် ချီသေ ဆုံးသွားခဲ့ ရပြီး လက်ရှိ အချိန်အထိ ရုပ်အလောင်း ၁၆၀ ကျော်ကို ရှာဖွေ တွေ့ရှိထားသည်။ ဖားကန့်မြေပြို မှု ဖြစ်စဉ်တွင် ကွယ်လွန်သွား သူများကို ဝှေခါသုဿာန် ၌ ယနေ့ဇူလိုင်(၃)ရက်နေ့တွင် စုပေါင်း မြေမြုပ် ၍ သဂြိုဟ်မှု ပြု လုပ်သည်။
အားလုံး ကောင်းရာဘုံဘဝ ရောက်နိုင်ကြပါစေ…။
REF:   THE  VOICE
Add a Comment
Your email address will not be published.