သတ္မွတ္ရက္အတြင္း မွတ္ပုံ မတင္၍ ဖ်က္သိမ္းလိုက္ သည့္ ဆင္းကတ္မ်ား၏ လက္က်န္ေငြမ်ားကို ႏိုင္ငံေတာ္ ဘ႑ာအျဖစ္သိမ္းမည္

“ေအာ္ပေရတာေလးခုလုံးက ဖ်က္သိမ္း စာရင္းကို ဒီေန႔ျပဳစုေနၿပီ ကြၽန္ေတာ္ထင္တယ္ အဲဒီစာရင္းေတြ မနက္ဖန္ သန္ဘက္ခါေလာက္ ကြၽန္ေတာ္တို႔ဆီေရာက္မယ္။ ၂၀၁၇တုန္းက အဲလိုတစ္ခါလုပ္ဖူးတယ္။ အဲဒီတုန္းကဖ်က္သိမ္း ဆင္းကတ္ေတြဆီကေန သန္းတစ္ေထာင့္ ငါးရာဝန္းက်င္ရတယ္။

အဲဒီတုန္းက လူမႈဝန္ထမ္းရဲ႕ သဘာဝေဘးအႏၲရယ္ စီမံခန႔္ခြဲတဲ့ဆီကို လႉလိုက္တယ္”ဟုျမန္မာ့ ဆက္သြယ္ေရးက တာဝန္ရွိသူ တစ္ဦး ကေျပာသည္။ ယခုဖ်က္သိမ္းၿပီး ဆင္းကတ္မ်ား၏ လက္က်န္ေငြမ်ားကိုလည္းစာရင္းေတာင္းထားၿပီး ႏိုင္ငံေတာ္ဘ႑ာ အျဖစ္သိမ္းမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

မွတ္ပုံ မတင္၍ ဖ်က္သိမ္းလိုက္ သည့္ ဆင္းကတ္မ်ား ထံက လက္က်န္ေငြမ်ားကို ႏိုင္ငံေတာ္ ဘ႑ာအျဖစ္သိမ္းမည္။မွတ္ပုံမတင္သည့္ ဆင္းကတ္မ်ားကို ျမန္မာ့ ဆက္သြယ္ေရးကဖ်က္သိမ္းလိုက္ၿပီျဖစ္ၿပီးယင္း ဆင္းကတ္၏လက္က်န္ေငြမ်ားကို ႏိုင္ငံေတာ္ဘ႑ာ အျဖစ္ သိမ္းဆီးမည္ဟု ျမန္မာ့ဆက္သြယ္ေရး၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ျမန္မာႏိုင္ငံတြင္ ဆက္သြယ္ေရး ေအာ္ပေရတာ ၄ ခု၏ တရားဝင္မွတ္ပုံတင္ထားျခင္းမရွိသည့္ ဖုန္းဆင္းကတ္ မ်ားကို ဇူလိုင္ ၁ ရက္ကစၿပီး အၿပီးတိုင္ဖ်က္သိမ္းလိုက္ၿပီျဖစ္သည္။

REF: The Fifth Wave News

UNICODE

သတ်မှတ်ရက်အတွင်း မှတ်ပုံ မတင်၍ ဖျက်သိမ်းလိုက် သည့် ဆင်းကတ်များ၏ လက်ကျန်ငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းမည်

“အော်ပရေတာလေးခုလုံးက ဖျက်သိမ်း စာရင်းကို ဒီနေ့ပြုစုနေပြီ ကျွန်တော်ထင်တယ် အဲဒီစာရင်းတွေ မနက်ဖန် သန်ဘက်ခါလောက် ကျွန်တော်တို့ဆီရောက်မယ်။ ၂၀၁၇တုန်းက အဲလိုတစ်ခါလုပ်ဖူးတယ်။ အဲဒီတုန်းကဖျက်သိမ်း ဆင်းကတ်တွေဆီကနေ သန်းတစ်ထောင့် ငါးရာဝန်းကျင်ရတယ်။

အဲဒီတုန်းက လူမှုဝန်ထမ်းရဲ့ သဘာဝဘေးအန္တရယ် စီမံခန့်ခွဲတဲ့ဆီကို လှူလိုက်တယ်”ဟုမြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူ တစ်ဦး ကပြောသည်။ ယခုဖျက်သိမ်းပြီး ဆင်းကတ်များ၏ လက်ကျန်ငွေများကိုလည်းစာရင်းတောင်းထားပြီး နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းမည် ဖြစ်ကြောင်းလည်း သိရသည်။

မှတ်ပုံ မတင်၍ ဖျက်သိမ်းလိုက် သည့် ဆင်းကတ်များ ထံက လက်ကျန်ငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းမည်။မှတ်ပုံမတင်သည့် ဆင်းကတ်များကို မြန်မာ့ ဆက်သွယ်ရေးကဖျက်သိမ်းလိုက်ပြီဖြစ်ပြီးယင်း ဆင်းကတ်၏လက်ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆီးမည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာ ၄ ခု၏ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ် များကို ဇူလိုင် ၁ ရက်ကစပြီး အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

REF:   The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *