ဟသၤာတတြင္ လင္မရွိခိုက္ မယားႀကီးက မယားငယ္ကို ဓားျဖင့္ခုတ္သတ္၍ ေသဆုံးမႈျဖစ္ပြား

အခင္းျဖစ္ေနရာမွာ က်ဴးလြန္သူအမ်ိဳးသမီးကို ဖမ္းဆီး စစ္ေဆးေန တုန္းပါပဲ။ စကားမ်ားရင္းနဲ႔ ေဒါသျဖစ္ၿပီး ဓားနဲ႔ခုတ္သတ္ခဲ့တာလို႔ ထြက္ဆို ထားပါတယ္။ က်ဴးလြန္သူကို အဲဒီေန႔မွာပဲ ဖမ္းမိခဲ့တာပါ’’ ဟု ၎ရဲအရာရွိက ေျပာသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူသတ္မႈ က်ဴး လြန္သူအမ်ိဳးသမီးကို ကြင္း ေကာက္နယ္ေျမရဲစခန္းက ရာဇ သတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ) ျဖင့္ အမႈဖြင့္ထားသည္။

ဟသၤာတခ႐ိုင္ အဂၤပူ ၿမိဳ႕တြင္ စကားမ်ားရန္ျဖစ္ရာမွ ပထမဇနီးက ဒုတိယဇနီးကို ဓား ျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။ဇူလိုင္ ၁ ရက္ ေန႔လယ္ ၂ နာရီခြဲက အဂၤပူၿမိဳ႕ ဇီးခုံေက်း႐ြာ ေန ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္ ေသာ အသက္(၅၈) ႏွစ္အ႐ြယ္ ဦးကမား (ခ) ဦးလွဝင္းသည္ အ လုပ္ကိစၥျဖင့္ အျပင္သို႔သြားေနစဥ္ ၎၏ ပထမဇနီးျဖစ္သူ အသက္ (၃၁) ႏွစ္အ႐ြယ္ ေမျမင့္ေမာ္ႏွင့္။

ဒုတိယဇနီးျဖစ္သူ အသက္(၃၄) ႏွစ္အ႐ြယ္ မတင့္ေဝတို႔ႏွစ္ဦး သည္ ေနအိမ္ႏွင့္ ၾကက္ၿခံအၾကား ရွိ ေရခ်ိဳးကန္အနီး၌ စကားမ်ား ရန္ ျဖစ္ ခဲ့သည္။ထိုသို႔ စကားမ်ားရန္ျဖစ္စဥ္ ေမျမင့္ေမာ္က ေပါင္းရွင္းရာတြင္ အသုံးျပဳသည့္ ဓားရွည္ျဖင့္ ခုတ္ခဲ့ သျဖင့္ မတင့္ေဝမွာ ခႏၶာကိုယ္ အႏွံ႔ ျပတ္ရွဒဏ္ရာ ၁၄ ခ်က္ႏွင့္ ညာဘက္ခ်ိဳင္းေအာက္တြင္ ထိုး သြင္းဒဏ္ရာတစ္ခ်က္ ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ သည္။

လင္ျဖစ္သူ ဦးလွဝင္းမွာ ေဈးမွ ေနအိမ္ သို႔ျပန္ေရာက္စဥ္ ေနအိမ္ၿခံဝင္း အတြင္းရွိ ေရခ်ိဳးကန္အနီး၌ ဒဏ္ ရာမ်ားျဖင့္ ေသဆုံးေနေသာ မတင့္ေဝ၏ ႐ုပ္အေလာင္းကို ေတြ႕ရွိ၍ ပတ္ဝန္းက်င္အား စုံ စမ္းေမးျမန္းရာ ၎၏ ပထမဇနီး က ဓားျဖင့္ ခုတ္သတ္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္သည္ဟု အဂၤ ပူၿမိဳ႕ ကြင္းေကာက္နယ္ေျမရဲစ ခန္းမွ ရဲအရာရွိတစ္ဦးက ေျပာ သည္။

REF: 7DAY DAILY

UNICODE

ဟင်္သာတတွင် လင်မရှိခိုက် မယားကြီးက မယားငယ်ကို ဓားဖြင့်ခုတ်သတ်၍ သေဆုံးမှုဖြစ်ပွား

အခင်းဖြစ်နေရာမှာ ကျူးလွန်သူအမျိုးသမီးကို ဖမ်းဆီး စစ်ဆေးနေ တုန်းပါပဲ။ စကားများရင်းနဲ့ ဒေါသဖြစ်ပြီး ဓားနဲ့ခုတ်သတ်ခဲ့တာလို့ ထွက်ဆို ထားပါတယ်။ ကျူးလွန်သူကို အဲဒီနေ့မှာပဲ ဖမ်းမိခဲ့တာပါ’’ ဟု ၎င်းရဲအရာရှိက ပြောသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု ကျူး လွန်သူအမျိုးသမီးကို ကွင်း ကောက်နယ်မြေရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားသည်။

ဟင်္သာတခရိုင် အင်္ဂပူ မြို့တွင် စကားများရန်ဖြစ်ရာမှ ပထမဇနီးက ဒုတိယဇနီးကို ဓား ဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ဇူလိုင် ၁ ရက် နေ့လယ် ၂ နာရီခွဲက အင်္ဂပူမြို့ ဇီးခုံကျေးရွာ နေ မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သော အသက်(၅၈) နှစ်အရွယ် ဦးကမား (ခ) ဦးလှဝင်းသည် အ လုပ်ကိစ္စဖြင့် အပြင်သို့သွားနေစဉ် ၎င်း၏ ပထမဇနီးဖြစ်သူ အသက် (၃၁) နှစ်အရွယ် မေမြင့်မော်နှင့်။

ဒုတိယဇနီးဖြစ်သူ အသက်(၃၄) နှစ်အရွယ် မတင့်ဝေတို့နှစ်ဦး သည် နေအိမ်နှင့် ကြက်ခြံအကြား ရှိ ရေချိုးကန်အနီး၌ စကားများ ရန် ဖြစ် ခဲ့သည်။ထိုသို့ စကားများရန်ဖြစ်စဉ် မေမြင့်မော်က ပေါင်းရှင်းရာတွင် အသုံးပြုသည့် ဓားရှည်ဖြင့် ခုတ်ခဲ့ သဖြင့် မတင့်ဝေမှာ ခန္ဓာကိုယ် အနှံ့ ပြတ်ရှဒဏ်ရာ ၁၄ ချက်နှင့် ညာဘက်ချိုင်းအောက်တွင် ထိုး သွင်းဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ သည်။

လင်ဖြစ်သူ ဦးလှဝင်းမှာ ဈေးမှ နေအိမ် သို့ပြန်ရောက်စဉ် နေအိမ်ခြံဝင်း အတွင်းရှိ ရေချိုးကန်အနီး၌ ဒဏ် ရာများဖြင့် သေဆုံးနေသော မတင့်ဝေ၏ ရုပ်အလောင်းကို တွေ့ရှိ၍ ပတ်ဝန်းကျင်အား စုံ စမ်းမေးမြန်းရာ ၎င်း၏ ပထမဇနီး က ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု အင်္ဂ ပူမြို့ ကွင်းကောက်နယ်မြေရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *