အိႏၵိ ယ နဲ႔ အျငင္းပြား နယ္စပ္ မွာ ‘တ႐ုတ္ႏိုင္ငံ’လို႔ အဓိပၸါယ္ရ တဲ့ စာလုံး တ႐ုတ္ဘက္ က ေရး ထိုးလိုက္၍ တင္းမာမႈမ်ားျမင့္တက္

တ႐ုတ္ဟာ ပန္ေဂါင္ေရကန္အနီးမွာ “တ႐ုတ္ႏိုင္ငံ”ဆိုတဲ့ စာလုံးႀကီး ကို က်ဴးေက်ာ္ေရးထိုးခဲ့တာျဖစ္ၿပီး၊ အဆိုပါေနရာဟာ Line of Actual Control ေနရာနဲ႔ အနည္းငယ္သာ လွမ္းတဲ့အေနအထား ျဖစ္ပါတယ္။ ေနာက္ၿပီး တပ္သားေတြေနထိုင္ဖို႔ တဲငယ္ (၁၈၆)ခုကို ပန္ေဂါင္ ကမ္း႐ိုးတမ္းတစ္ေလွ်ာက္မွာ ထိုးခဲ့ပါတယ္။

အိႏၵိယဘက္ကေတာ့ အခုလုပ္ရပ္အတြက္ အလြန္စိတ္ဆိုးေဒါသထြက္ေနၿပီး၊ တ႐ုတ္ဟာ စစ္မျဖစ္ျဖစ္ေအာင္ ရန္စေနတာျဖစ္တဲ့အတြက္ သူတို႔အေနနဲ႔လည္း တစ္ျခားေျဖရွင္းဖို႔ နည္းလမ္း မရွိေတာ့ဘူးလို႔ ဆိုပါတယ္။ ဒီေနာက္ပိုင္း ႏွစ္ႏိုင္ငံ ထိေတြ႕မႈဟာ ႏွစ္ႏိုင္ငံ စစ္လည္း ျဖစ္ သြားႏိုင္ၿပီး၊ သို႔မဟုတ္ တတိယကမာၻစစ္ရဲ႕အစလည္း ျဖစ္သြားႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အိႏၵိယနဲ႔ ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ ဂယ္ဝန္ေတာင္ၾကား မွာ တ႐ုတ္ႏိုင္ငံလို႔ အဓိပၸါယ္ရတဲ့စာလုံးကို မန္ဒရင္းဘာသာ စကားနဲ႔ ေရးထိုးလိုက္ပါတယ္။ ဒီလုပ္ရပ္က ပဋိပ ကၡယမ္းပုံအတြင္း မီးစတစ္စ ခ်လိုက္တာနဲ႔ တူညီေနၿပီး၊ အိႏၵိယ ကေတာ့ ၾကည္း၊ ေရ၊ ေလ တပ္အသီးသီးကို အသင့္အေနအထား ျပင္ဆင္ထားၿပီးၿပီလို႔ ဆိုပါတယ္။

ဒီမတိုင္ခင္က တ႐ုတ္ဟာ အိႏၵိယနယ္စပ္၊ ယခင္ ပဋိပကၡျဖစ္ပြားခဲ့တဲ့ေနရာ နဲ႔ တစ္မိုင္အကြာမွာပဲ စစ္စခန္းေတြ အျမန္တည္ေဆာက္ကာ တပ္သားအင္အား (၃)ေသာင္းခန႔္နဲ႔ ေျခကုပ္ရယူထားခဲ့ပါတယ္။ တ႐ုတ္နဲ႔ အိႏၵိယတို႔ဟာ ဇြန္လ(၁၅)ရက္က ႏွစ္ဘက္ တပ္သားေတြၾကား လုံးေထြးသတ္ပုတ္ခဲ့ၾကၿပီး၊ ႏွစ္ဘက္ အက်အဆုံး မ်ားခဲ့ပါတယ္။

ဒါေပမယ့္ ညႇိႏႈိင္းမႈေျပလည္ခဲ့ၿပီး ပဋိပကၡအေရး စိတ္ေအးရၿပီ ထင္ခဲ့ေပမယ့္ (၂၄)နာရီ အၾကာမွာပဲ တ႐ုတ္ဘက္က ရန္စၿခိမ္းေျခာက္မႈ ေတြ ဆက္တိုက္ျပဳလုပ္ကာ ပိုင္နက္အျငင္းပြားေနရာမွာ တပ္စခန္းေတြ အျမန္တိုးခ်ဲ႕ျခင္း၊ ေျမတူးစက္မ်ားနဲ႔ ေတာင္ၿဖိဳျခင္း၊ နယ္နမိတ္ ခ်ဲ႕ထြင္ျခင္း၊ စစ္ယႏၲယားမ်ားျဖင့္ စစ္ေရးျပျခင္းေတြ ျပဳလုပ္ခဲ့ပါတယ္။

ဘာသာျပန္-လင္းသုတ

UNICODE

အိန္ဒိ ယ နဲ့ အငြင်းပွား နယ်စပ် မှာ ‘တရုတ်နိုင်ငံ’လို့ အဓိပ္ပါယ်ရ တဲ့ စာလုံး တရုတ်ဘက် က ရေး ထိုးလိုက်၍ တင်းမာမှုများမြင့်တက်

တရုတ်ဟာ ပန်ဂေါင်ရေကန်အနီးမှာ “တရုတ်နိုင်ငံ”ဆိုတဲ့ စာလုံးကြီး ကို ကျူးကျော်ရေးထိုးခဲ့တာဖြစ်ပြီး၊ အဆိုပါနေရာဟာ Line of Actual Control နေရာနဲ့ အနည်းငယ်သာ လှမ်းတဲ့အနေအထား ဖြစ်ပါတယ်။ နောက်ပြီး တပ်သားတွေနေထိုင်ဖို့ တဲငယ် (၁၈၆)ခုကို ပန်ဂေါင် ကမ်းရိုးတမ်းတစ်လျှောက်မှာ ထိုးခဲ့ပါတယ်။

အိန္ဒိယဘက်ကတော့ အခုလုပ်ရပ်အတွက် အလွန်စိတ်ဆိုးဒေါသထွက်နေပြီး၊ တရုတ်ဟာ စစ်မဖြစ်ဖြစ်အောင် ရန်စနေတာဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း တစ်ခြားဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒီနောက်ပိုင်း နှစ်နိုင်ငံ ထိတွေ့မှုဟာ နှစ်နိုင်ငံ စစ်လည်း ဖြစ် သွားနိုင်ပြီး၊ သို့မဟုတ် တတိယကမ္ဘာစစ်ရဲ့အစလည်း ဖြစ်သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

တရုတ်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဂယ်ဝန်တောင်ကြား မှာ တရုတ်နိုင်ငံလို့ အဓိပ္ပါယ်ရတဲ့စာလုံးကို မန်ဒရင်းဘာသာ စကားနဲ့ ရေးထိုးလိုက်ပါတယ်။ ဒီလုပ်ရပ်က ပဋိပ က္ခယမ်းပုံအတွင်း မီးစတစ်စ ချလိုက်တာနဲ့ တူညီနေပြီး၊ အိန္ဒိယ ကတော့ ကြည်း၊ ရေ၊ လေ တပ်အသီးသီးကို အသင့်အနေအထား ပြင်ဆင်ထားပြီးပြီလို့ ဆိုပါတယ်။

ဒီမတိုင်ခင်က တရုတ်ဟာ အိန္ဒိယနယ်စပ်၊ ယခင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာ နဲ့ တစ်မိုင်အကွာမှာပဲ စစ်စခန်းတွေ အမြန်တည်ဆောက်ကာ တပ်သားအင်အား (၃)သောင်းခန့်နဲ့ ခြေကုပ်ရယူထားခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ဟာ ဇွန်လ(၁၅)ရက်က နှစ်ဘက် တပ်သားတွေကြား လုံးထွေးသတ်ပုတ်ခဲ့ကြပြီး၊ နှစ်ဘက် အကျအဆုံး များခဲ့ပါတယ်။

ဒါပေမယ့် ညှိနှိုင်းမှုပြေလည်ခဲ့ပြီး ပဋိပက္ခအရေး စိတ်အေးရပြီ ထင်ခဲ့ပေမယ့် (၂၄)နာရီ အကြာမှာပဲ တရုတ်ဘက်က ရန်စခြိမ်းခြောက်မှု တွေ ဆက်တိုက်ပြုလုပ်ကာ ပိုင်နက်အငြင်းပွားနေရာမှာ တပ်စခန်းတွေ အမြန်တိုးချဲ့ခြင်း၊ မြေတူးစက်များနဲ့ တောင်ဖြိုခြင်း၊ နယ်နမိတ် ချဲ့ထွင်ခြင်း၊ စစ်ယန္တယားများဖြင့် စစ်ရေးပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဘာသာပြန်-လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *