အေျခခံပညာေက်ာင္းမ်ား ျပန္ဖြင့္ရာတြင္ ေက်ာင္းသား မိဘမ်ား စိုးရိမ္မႈ မရွိေစရန္ သတင္းထုတ္ျပန္မည္

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ရက္တြင္ စတင္ကူးစက္ျပန႔္ႏွံ႔ေသာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ ျပင္းထန္ အ ဆုတ္ေရာင္ေရာဂါသည္ ႏိုင္ငံေပါင္းတစ္ရာေက်ာ္သို႔ ကူးစက္ျပန႔္ႏွံ႔ခဲ့ၿပီး ၎ႏိုင္ငံမ်ားထဲ တြင္ ျမန္မာႏိုင္ငံလည္းပါဝင္ခဲ့ည္။ ယခုႏွစ္ပညာ သင္ႏွစ္တြင္ တစ္ႏိုင္ငံလုံးရွိ ေက်ာင္းသားဦးေရ ၉ သန္း ၇ သိန္း ဆရာ၊ ဆရာမဦးေရ ၄ သိန္းေက်ာ္ ခန႔္ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။

တစ္ႏိုင္ငံလုံးရွိ အေျခခံပညာ ေက်ာင္းမ်ား တစ္ေန႔လွ်င္ ေလးနာရီႏွင့္ စာသင္ခ်ိန္ ငါးခ်ိန္သင္ၾကားရန္ ၫႊန္ၾကား စာထုတ္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနအေျခခံပညာဦးစီးဌာနမွသိရသည္။ေက်ာင္းစာသင္ခ်ိန္မ်ားႏွင့္ပတ္သက္၍ ဇူလိုင္၃ရက္၌ People Media သတင္း ဌာန မွ ဆက္သြယ္ေမးျမန္းရာတြင္ အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။“

ဆရာ၊ ဆရာမေတြ တစ္ေနကုန္ mask တပ္ၿပီး စာသင္ဖို႔က ဘယ္ျဖစ္ႏိုင္ မွာလဲ။ဒါႀကီးကို ကေလးတပ္ခိုင္းလဲ တစ္ေန ကုန္ ဘယ္ရမလဲ။ အခုလည္းဆရာ တို႔လည္း စာထြက္ဖို႔ရွိတယ္။ တစ္ေန႔ကိုအမ်ားဆုံးေလးနာရီပဲ စာ သင္ဖို႔ေလ။ ငါးခ်ိန္ပဲသင္ဖို႔ဆိုၿပီး မေန႔က ဇူလိုင္ ၂ ရက္မွာ ဝန္ႀကီးက ၫႊန္ၾကားစာထြက္ခိုင္းထားတယ္။ ဒီေန႔ ဇူလိုင္ ၃ ရက္မွာ စာထြက္ ႏိုင္ဖို႔လုပ္ရတယ္။

အဲဒါက အတန္း အားလုံးေပါ့။ တစ္ေန႔ကို ေလးနာရီပဲ။ တခ်ိဳ႕က ေတာ့ ထင္ေနတာ။ ခုနစ္နာရီသင္လိုက္မယ္။ ရွစ္နာရီ သင္လိုက္မယ္။ မဆိုင္ဘူး။ အခုဟာက အရည္အေသြးကို သိပ္ၿပီးေမွ်ာ္မွန္းလို႔မရဘူး။ အခုဟာက ကေလးေတြကို ပညာသင္ခြင့္မ ဆုံးရႈံးေအာင္ ေလ့လာ သင္ယူတဲ့ဟာ မျပတ္သြားေအာင္ လုပ္ေပးတာေလ’’ဟု ၎ကေျပာသည္။

Credit- Media

UNICODE

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် ကျောင်းသား မိဘများ စိုးရိမ်မှု မရှိစေရန် သတင်းထုတ်ပြန်မည်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် စတင်ကူးစက်ပြန့်နှံ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန် အ ဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်းတစ်ရာကျော်သို့ ကူးစက်ပြန့်နှံ့ခဲ့ပြီး ၎င်းနိုင်ငံများထဲ တွင် မြန်မာနိုင်ငံလည်းပါဝင်ခဲ့ည်။ ယခုနှစ်ပညာ သင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားဦးရေ ၉ သန်း ၇ သိန်း ဆရာ၊ ဆရာမဦးရေ ၄ သိန်းကျော် ခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန် ငါးချိန်သင်ကြားရန် ညွှန်ကြား စာထုတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှသိရသည်။ကျောင်းစာသင်ချိန်များနှင့်ပတ်သက်၍ ဇူလိုင်၃ရက်၌ People Media သတင်း ဌာန မှ ဆက်သွယ်မေးမြန်းရာတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။“

ဆရာ၊ ဆရာမတွေ တစ်နေကုန် mask တပ်ပြီး စာသင်ဖို့က ဘယ်ဖြစ်နိုင် မှာလဲ။ဒါကြီးကို ကလေးတပ်ခိုင်းလဲ တစ်နေ ကုန် ဘယ်ရမလဲ။ အခုလည်းဆရာ တို့လည်း စာထွက်ဖို့ရှိတယ်။ တစ်နေ့ကိုအများဆုံးလေးနာရီပဲ စာ သင်ဖို့လေ။ ငါးချိန်ပဲသင်ဖို့ဆိုပြီး မနေ့က ဇူလိုင် ၂ ရက်မှာ ဝန်ကြီးက ညွှန်ကြားစာထွက်ခိုင်းထားတယ်။ ဒီနေ့ ဇူလိုင် ၃ ရက်မှာ စာထွက် နိုင်ဖို့လုပ်ရတယ်။

အဲဒါက အတန်း အားလုံးပေါ့။ တစ်နေ့ကို လေးနာရီပဲ။ တချို့က တော့ ထင်နေတာ။ ခုနစ်နာရီသင်လိုက်မယ်။ ရှစ်နာရီ သင်လိုက်မယ်။ မဆိုင်ဘူး။ အခုဟာက အရည်အသွေးကို သိပ်ပြီးမျှော်မှန်းလို့မရဘူး။ အခုဟာက ကလေးတွေကို ပညာသင်ခွင့်မ ဆုံးရှုံးအောင် လေ့လာ သင်ယူတဲ့ဟာ မပြတ်သွားအောင် လုပ်ပေးတာလေ’’ဟု ၎င်းကပြောသည်။

Credit- Media

Add a Comment

Your email address will not be published. Required fields are marked *