ေဝဖန္ခံေနရတဲ့ လူပ်ိဳ သီခ်င္း MTV နဲ႔ ပတ္သတ္ၿပီး ရတနာပုံ တကၠသိုလ္ေက်ာင္းသား ေတြ ကို ေတာင္းပန္ လိုက္ တဲ့ မေနာ

ေတာင္းပန္ရသည့္ ရည္႐ြယ္ခ်က္မ်ားမွာ🙏

၁။ အႏုပညာအလုပ္ကိုလုပ္သူ (သို႔) ထင္ေပၚေက်ာ္ၾကားသူတစ္ဦးဟာ အရာရာသတိထားရပါမယ္ မိမိေၾကာင့္ လူငယ္လူ႐ြယ္ေလးမ်ား မသိအျမင္မမွားေစခ်င္ေသာ ဆႏၵ အတုျမင္ အတတ္သင္ မျပဳေစခ်င္ေသာဆႏၵ ႏွင့္ ရတနာပုံ တကၠသိုလ္ ပါေမာကၡခ်ဳပ္ႏွင့္ ဆရာ ဆရာမ မ်ား ေက်ာင္းသား ေက်ာင္းသူမ်ား၏ ဂုဏ္သိကၡာကို မထိခိုက္ေစလိုေသာ ဆႏၵ✍️

၂။ က်ေနာ္ ကိုးကြယ္ ဆည္းကပ္ေသာဆရာေတာ္မ်ား မိဘ ညီအစ္ကို ေမာင္ႏွမ ဆရာ ဆရာမမ်ား မိတ္ေဆြမ်ားႏွင့္ သူငယ္ခ်င္းေကာင္း မ်ားအစုံစုံကို ေလးစားတန္ဖိုးထားျခင္း ဆုံးမသြန္သင္မႈညံ့သည္ဟု အထင္ခံရ၍ ထိုသူမ်ား၏ ဂုဏ္သိကၡာကိုက်ေနာ္ေၾကာင့္ မထိခိုက္ ေစလိုပါ🙏

၃။ က်ေနာ့္ရဲ႕ ေတးခ်စ္သူ ပရိသတ္မ်ား စိတ္ေသာက မေရာက္ေစခ်င္ပါ က်ေနာ့္ကိုခ်စ္သူခင္သူမ်ားက ထိုသူမ်ားကိုဆဲ ထိုသူမ်ားဘက္မွ ျပန္ဆဲနဲ႔ က်ေနာ္က ထိုသူေတြကို အကုသိုလ္ ေပးေနရာေရာက္ပါတယ္ခင္ဗ်ာ🙏

၄။ က်ေနာ့္မွာ ေန႔စဥ္ ရဟန္းသံဃာမ်ားကို ေဝယ်ာဝစၥျပဳလုပ္ၿပီး ဆြမ္းခံရင္း လူနတ္ျဗဟၼာ သတၱဝါအေပါင္းကို ေမတၱာပို႔ပါတယ္ မိသား စုႏွင့္အတူ ေအးခ်မ္းစြာ ျဖတ္သန္းရင္း လူဘဝအခ်ိန္ေတြကို တန္ဖိုးရွိစြာေနထိုင္သြားရမွာျဖစ္ပါတယ္ ✍️

ဒါေၾကာင့္ က်ေနာ့္ရဲ႕အမွားကို ျပဳျပင္ေပးသည့္ ညီေလး ညီမေလးမ်ား ေက်နပ္သည္အထိေတာင္းပန္ပါ့မယ္🙏 ဒီက်ေနာ့္ရဲ႕ မေနာ Manaaw Like Page မွေတာင္းပန္တာ အားရေက်နပ္မႈမရွိေသးလွ်င္ ကိုယ္တိုင္လာေရာက္ေတာင္းပန္ဆိုလည္း က်ေနာ္ ေတာင္း ပန္ပါ့မယ္ခင္ဗ်ား🙏

လူ ပ်ိဳ သီခ်င္း MTV နဲ႔ပတ္သတ္ၿပီး ရတနာပုံတကၠသိုလ္ေက်ာင္းသား ေတြကို ေတာင္းပန္လိုက္တဲ့ မေနာပါ။မဂၤလာပါ🙏 လူပ်ိဳ သီခ်င္း MTV ႏွင့္ ပက္သတ္ၿပီး က်ေနာ္ ေတာင္းပန္ပါ့မယ္ခင္ဗ်ာ🙏အခုလို လမ္းအမွန္ကိုေထာက္ျပေပးတဲ့ ညီေလး ညီမေလးမ်ားကို ေက်းဇူးတင္ပါတယ္🙏

ဒီလူပ်ိဳသီခ်င္းေလးဟာ ၾကည့္ရႈ႕သူမ်ား ေပ်ာ္႐ႊင္ေစခ်င္ ရယ္ေမာေစခ်င္တဲ့ ဆႏၵတစ္ခုတည္းႏွင့္သာ ပုံေဖာ္႐ိုက္ကူးခဲ့ျခင္းျဖစ္ပါတယ္ မည္သူ႔ကိုမွ် ထိခိုက္နစ္နာေစေအာင္ ရည္႐ြယ္ၿပီး မျပဳလုပ္ခဲ့ပါ ရတနာပုံ တကၠသိုလ္ႀကီးႏွင့္ ေက်ာင္းသား ေက်ာင္းသူေလးမ်ား ဆရာ ဆရာမမ်ားအားလုံး ဂုဏ္သိကၡာ ထိခိုက္နစ္နာခဲ့လွ်င္အႏူးအၫြတ္ေတာင္းပန္အပ္ပါတယ္ခင္ဗ်ာ🙏🙏🙏

🙏အားလုံးသာယာခ်မ္းေျမ့ပါေစ 🙏 မေနာယ ခု သတင္းကို ( မေနာ ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္။

REF: SHWE WIKI

UNICODE

ဝေဖန်ခံနေရတဲ့ လူပျို သီချင်း MTV နဲ့ ပတ်သတ်ပြီး ရတနာပုံ တက္ကသိုလ်ကျောင်းသား တွေ ကို တောင်းပန် လိုက် တဲ့ မနော

တောင်းပန်ရသည့် ရည်ရွယ်ချက်များမှာ🙏

၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့) ထင်ပေါ်ကျော်ကြားသူတစ်ဦးဟာ အရာရာသတိထားရပါမယ် မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင်မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ✍️

၂။ ကျနော် ကိုးကွယ် ဆည်းကပ်သောဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်း များအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကိုကျနော်ကြောင့် မထိခိုက် စေလိုပါ🙏

၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ ကျနော့်ကိုချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ🙏

၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါတယ် မိသား စုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ် ✍️

ဒါကြောင့် ကျနော့်ရဲ့အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည်အထိတောင်းပန်ပါ့မယ်🙏 ဒီကျနော့်ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက်တောင်းပန်ဆိုလည်း ကျနော် တောင်း ပန်ပါ့မယ်ခင်ဗျား🙏

လူ ပျို သီချင်း MTV နဲ့ပတ်သတ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသား တွေကို တောင်းပန်လိုက်တဲ့ မနောပါ။မင်္ဂလာပါ🙏 လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ်ခင်ဗျာ🙏အခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်🙏

ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ🙏🙏🙏

🙏အားလုံးသာယာချမ်းမြေ့ပါစေ 🙏 မနောယ ခု သတင်းကို ( မနော ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *