ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္း ေတာင္ကိုရီးယားအေပၚ “ေဒါသူပုန္ ထရတဲ့ အေၾကာင္းအရင္း

ေတာင္ကိုးရီးယားအစိုးရဟာ စာျဖန႔္ႀကဲတာေတြကိုဦးေဆာင္ေနသူကို ထိန္းသိမ္းထားတယ္လို႔ေျပာပါတယ္ တင္းမာမႈေတြျဖစ္ၿပီး တစ္ ပါတ္အတြင္းမွာ စစ္ေရးျပင္ဆင္မႈေတြကို ေျမာက္ကိုရီးယားက သူ႔ဘာသာျပန္႐ုပ္သိမ္းသြားခဲ့ပါတယ္ အေမရိကန္နဲ႔ ၿပဳံယမ္းျပန္ေဆြးေႏြး ေရးကိုအခုလိုအခ်ိန္မွာ ေ႐ြးေကာက္ပြဲမတိုင္ခင္ လုပ္ေပးဖို႔ ေတာင္းဆိုေပးလိုက္တာဟာ တာဝန္ေက် ေျပာလိုက္တာလား ထရမ့္အေနနဲ႔ ေနာက္တႀကိမ္ျပန္ေ႐ြးေကာက္ခံရဖို႔မရွိႏိုင္ဘူးထင္လို႔ လုပ္ေပးသြားပါဦးလို႔ ေျပာခ်င္တာလား ။

ေျမာက္ကိုရီးယားရဲ႕ေစာင္းေျမာင္းေနမႈေတြကို ေလ်ာ့ပါးေစခ်င္လို႔လား စသည္ျဖင့္ ႏိုင္ငံတကာက ေတြးေတာေနၾကပါတယ္။ ဘာ့ေၾကာင့္ လည္းဆိုရင္ ေ႐ြးေကာက္ပြဲအရမ္းနီးကပ္ေနတဲ့ကာလေရာက္ေနၿပီး ကမာၻ႔ကပ္ေရာဂါေၾကာင့္အေမရိကန္မွာ ဒုကၡအႀကီးအက်ယ္ ေရာက္ ေနခ်ိန္ႀကီးမွာေတာင္းဆိုလိုက္လို႔ပါပဲ။အေမရိကန္ သမၼတေဒၚနယ္ထရမ့္အေနနဲ႔ကင္မ္ဂ်ဳံအန္နဲ႔ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲ မတိုင္ ခင္မွာတစ္ေခါက္ေလာက္ေတာ့ ေတြ႕ဆုံဖို႔ေကာင္းတယ္လို႔ ေတာင္ကိုရီးယားသမၼတမြန္းေဂ်အင္းက ေျပာလိုက္ပါတယ္။

အေမရိကန္သမၼတထရမ့္နဲ႔ ကင္ဂ်ဳံအန္တို႔ဟာ ၂၀၁၈ တုန္းက စင္ကာပူမွာ ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့ၾကပါတယ္။ ၿပဳံယမ္းအစိုးရဟာ သူ႔ရဲ႕န်ဴကလီးယား လက္နက္အစီအစဥ္ေတြကို စြန႔္လႊတ္ေတာ့ေလမလားရယ္လို႔ ဆိုၿပီးႏိုင္ငံတကာက ေမွ်ာ္လင့္ခဲ့ၾကရတဲ့ေတြ႕ဆုံပြဲပါ။ ဒါေပမယ့္ ဒုတိယအႀကိမ္ ၂၀၁၉ ဗီယက္နမ္ႏိုင္ငံမွာ ထပ္ေတြ႕ၾကတဲ့အခါ ထရမ့္က ကင္ဂ်ဳံအန္ရဲ႕ေတာင္းဆိုခ်က္ကို ျငင္းပယ္လိုက္ရာကေန ေစ့စပ္ညႇိႏႈိင္းေရးဟာ ေဝးကြာသြားခဲ့ပါတယ္။

ပင္မန်ဴကလီးယားအေဆာက္အအုံေတြ ေထာက္ပံ့ေရးပစၥည္းေတြကိုဖ်က္ဆီးပစ္ေပးမယ္အျပန္အလွန္အေနနဲ႔ ေျမာက္ကိုရီးယားအေပၚကို ခ်မွတ္ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈေတြကို ႐ုပ္သိမ္းေပးပါဆိုတဲ့ ကင္ဂ်ဳံအန္ရဲ႕ ကမ္းလွမ္းမႈကို ေဒၚနယ္ထရမ့္က ျငင္းဆန္လိုက္လို႔ျဖစ္ပါ တယ္။အဂၤါေန႔တုန္းက ဥေရာပ ေကာင္စီအႀကီးအကဲ Charles Michelနဲ႔ ဗီဒီယိုကြန္ဖရင့္ ျပဳလုပ္ရင္း ေတာင္ကိုရီးယားသမၼတ မြန္းက ရပ္တန႔္ေနတဲ့ ထရမ့္နဲ႔ ကင္မ္တို႔အၾကားကန်ဴကလီးယားအေရးေဆြးေႏြးပြဲကိုျပန္လုပ္ေစခ်င္တဲ့အေၾကာင္း ေျပာခဲ့တာပါ ။

အေမရိကန္သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ တစ္ေခါက္ေလာက္ ေတာ့ အေမရိကန္နဲ႔ေျမာက္ကိုရီးယားအၾကားမွာ ေဆြးေႏြးၾကဖို႔လိုေန တယ္လို႔သူကေျပာခဲ့ပါတယ္။န်ဴကလီးယားပ႐ိုဂရမ္နဲ႔ စီးပြားေရးပိတ္ဆို႔မႈကိစၥေတြဟာ အေမရိကန္နဲ႔ေျမာက္ကိုးရီးယားတို႔ အေနနဲ႔ ေဆြး ေႏြးပြဲကပဲေျဖရွင္းရင္းအေျဖရွာလို႔ရႏိုင္မယ္လို႔သူကဆိုပါတယ္ သမၼတမြန္းရဲ႕ ႐ုံးဟာ ဒီသတင္းနဲ႔ထင္ျမင္ယူဆခ်က္ကို ဝါရွင္တန္ကိုေပးပို႔ခဲ့ သလို ျဖစ္ေျမာက္ေရးႀကိဳးပမ္းရာမွာ ပါဝင္ၾကတဲ့သူေတြဆီကိုလည္း ေပးပို႔ခဲ့ၾကတယ္လို႔သိရပါတယ္။

အေမရိကန္အစိုးရႏိုင္ငံျခားေရးဒုဝန္ႀကီး Stephen Biegun က ႏွစ္ဖက္စလုံးအတြက္ျပန္လည္ညႇိႏႈိင္းေဆြးေႏြးၾကဖို႔ အခ်ိန္ရပါေသးတယ္ တိုးတက္ေကာင္းမြန္တဲ့အေျခအေနေတြကို ေဖာ္ေဆာင္ႏိုင္ပါေသးတယ္လို႔ ေျပာၿပီးလို႔ရက္အနည္းငယ္အၾကာမွာ ေတာင္ကိုရီးယားသမၼတ မြန္းက အခုလိုေျပာျပေတာင္းဆိုလိုက္တာပါပဲ ။Stephen Biegun က ႏိုဝင္ဘာလေ႐ြးေကာက္ပြဲ မတိုင္ခင္မွာ လူခ်င္းေတြ႕ဆုံဖို႔ဆိုတာဟာ ခက္ခဲပါတယ္ ဘာလို႔ဆိုေတာ့ ကပ္ေရာဂါႀကီးေၾကာင့္ ေနရာတကာမွာအခက္အခဲေတြ ျဖစ္ေနလို႔ပါပဲလို႔ ေျပာခဲ့ေသးတာပါ ။

ဒါကို ေတာင္ကိုရီးယားသမၼတက ျပန္ေတာင္းဆိုလိုက္တာျဖစ္ပါတယ္ ခုအခ်ိန္ကေန ေ႐ြးေကာက္ပြဲကာလအတြင္းမွာ မျဖစ္ႏိုင္ဘူး ထင္ တယ္ မျဖစ္ဖို႔မ်ားတယ္ တကမာၻလုံးမွာ အစီအစဥ္ေတြအကုန္လုံးဖ်က္သိမ္းေနၾကရတယ္ေလ လို႔ Stephen Biegun က ဘရပ္ဆဲလ္ဖိုရမ္ အစည္းအေဝးလုပ္ေနတုန္းမွာ ေျပာခဲ့တာပါ။ေတာင္နဲ႔ေျမာက္ကိုရီးယားႏွစ္ႏိုင္ငံဟာ ဆက္ဆံေရးျပန္တင္းမာေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့လမွာ ေျမာက္ကိုရီးယားအစိုးရဟာ နယ္စပ္က သံတမန္႐ုံးကိုေဖာက္ခြဲဖ်က္ဆီးခဲ့ပါတယ္။

စစ္ေရးလႈပ္ရွားမႈေတြအတြက္အသင့္ျပင္ထားၾကၿပီးမွ ေျမာက္ကိုရီးယားက ျပန္႐ုပ္သိမ္းလိုက္ခဲ့တာပါ။ေျမာက္ကေနေတာင္ကို ထြက္ ေျပးခဲ့ၾကတဲ့ျပည္ေျပးေတြဟာ နယ္စပ္ကေန ဝါဒျဖန႔္စာ႐ြက္ေတြပါတဲ့ ေလဘူေပါင္းေတြလႊတ္တင္ခဲ့တာကို ေတာင္ကိုရီးယား အစိုးရက မတားဆီးခဲ့ဘူးဆိုတဲ့ စြပ္စြဲခ်က္ရယ္ အေမရိကန္နဲ႔ ေဆြးေႏြးပြဲရပ္တန႔္ေနၿပီး ဘာအက်ိဳးထူးမွမရခဲ့တာအေပၚမွာ ေတာင္ကိုရီးယားက မတိုက္တြန္းဘူးဆိုတာေတြရယ္ က်ဆင္းေနတဲ့စီးပြားေရးအတြက္ ညႇိႏႈိင္းမေပးဘူး ဆိုတာေတြနဲ႔ ျပႆနာရွာၿပီးေဖာက္ခြဲဖ်က္ဆီးခဲ့တာပါ။

အၿမဲလို ရန္ရွာၿပီး ျပႆနာေပးေနတဲ့ေျမာက္ကိုရီးယားဟာ နယ္စပ္ ေကေဆာင္း႐ုံးအေဆာက္အအုံေဖာက္ခြဲခဲ့တာ မွာ အဓိကအေၾကာင္း က ကင္ဂ်ဳံအန္းမိန္းမကိုေနာက္ေျပာင္ထားလို႔ ျဖစ္တယ္ဆိုၿပီး ခုရက္ပိုင္းမွာသိလာရပါတယ္ ျပည္ေျပးေတြဟာ သူ႔မိန္းမဓါတ္ပုံေတြကို ဖိုတိုေရွာ့နဲ႔ျပင္ဆင္ၿပီး ဟာသလုပ္သလို ျမင္မေကာင္းေအာင္လုပ္ထားတယ္လို႔ သိရပါတယ္။

REF: L.K.T

UNICODE

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တောင်ကိုရီးယားအပေါ် “ဒေါသူပုန် ထရတဲ့ အကြောင်းအရင်း

တောင်ကိုးရီးယားအစိုးရဟာ စာဖြန့်ကြဲတာတွေကိုဦးဆောင်နေသူကို ထိန်းသိမ်းထားတယ်လို့ပြောပါတယ် တင်းမာမှုတွေဖြစ်ပြီး တစ် ပါတ်အတွင်းမှာ စစ်ရေးပြင်ဆင်မှုတွေကို မြောက်ကိုရီးယားက သူ့ဘာသာပြန်ရုပ်သိမ်းသွားခဲ့ပါတယ် အမေရိကန်နဲ့ ပြုံယမ်းပြန်ဆွေးနွေး ရေးကိုအခုလိုအချိန်မှာ ရွေးကောက်ပွဲမတိုင်ခင် လုပ်ပေးဖို့ တောင်းဆိုပေးလိုက်တာဟာ တာဝန်ကျေ ပြောလိုက်တာလား ထရမ့်အနေနဲ့ နောက်တကြိမ်ပြန်ရွေးကောက်ခံရဖို့မရှိနိုင်ဘူးထင်လို့ လုပ်ပေးသွားပါဦးလို့ ပြောချင်တာလား ။

မြောက်ကိုရီးယားရဲ့စောင်းမြောင်းနေမှုတွေကို လျော့ပါးစေချင်လို့လား စသည်ဖြင့် နိုင်ငံတကာက တွေးတောနေကြပါတယ်။ ဘာ့ကြောင့် လည်းဆိုရင် ရွေးကောက်ပွဲအရမ်းနီးကပ်နေတဲ့ကာလရောက်နေပြီး ကမ္ဘာ့ကပ်ရောဂါကြောင့်အမေရိကန်မှာ ဒုက္ခအကြီးအကျယ် ရောက် နေချိန်ကြီးမှာတောင်းဆိုလိုက်လို့ပါပဲ။အမေရိကန် သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ကင်မ်ဂျုံအန်နဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင် ခင်မှာတစ်ခေါက်လောက်တော့ တွေ့ဆုံဖို့ကောင်းတယ်လို့ တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းက ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအန်တို့ဟာ ၂၀၁၈ တုန်းက စင်ကာပူမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ ပြုံယမ်းအစိုးရဟာ သူ့ရဲ့နျူကလီးယား လက်နက်အစီအစဉ်တွေကို စွန့်လွှတ်တော့လေမလားရယ်လို့ ဆိုပြီးနိုင်ငံတကာက မျှော်လင့်ခဲ့ကြရတဲ့တွေ့ဆုံပွဲပါ။ ဒါပေမယ့် ဒုတိယအကြိမ် ၂၀၁၉ ဗီယက်နမ်နိုင်ငံမှာ ထပ်တွေ့ကြတဲ့အခါ ထရမ့်က ကင်ဂျုံအန်ရဲ့တောင်းဆိုချက်ကို ငြင်းပယ်လိုက်ရာကနေ စေ့စပ်ညှိနှိုင်းရေးဟာ ဝေးကွာသွားခဲ့ပါတယ်။

ပင်မနျူကလီးယားအဆောက်အအုံတွေ ထောက်ပံ့ရေးပစ္စည်းတွေကိုဖျက်ဆီးပစ်ပေးမယ်အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားအပေါ်ကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးပါဆိုတဲ့ ကင်ဂျုံအန်ရဲ့ ကမ်းလှမ်းမှုကို ဒေါ်နယ်ထရမ့်က ငြင်းဆန်လိုက်လို့ဖြစ်ပါ တယ်။အင်္ဂါနေ့တုန်းက ဥရောပ ကောင်စီအကြီးအကဲ Charles Michelနဲ့ ဗီဒီယိုကွန်ဖရင့် ပြုလုပ်ရင်း တောင်ကိုရီးယားသမ္မတ မွန်းက ရပ်တန့်နေတဲ့ ထရမ့်နဲ့ ကင်မ်တို့အကြားကနျူကလီးယားအရေးဆွေးနွေးပွဲကိုပြန်လုပ်စေချင်တဲ့အကြောင်း ပြောခဲ့တာပါ ။

အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် တစ်ခေါက်လောက် တော့ အမေရိကန်နဲ့မြောက်ကိုရီးယားအကြားမှာ ဆွေးနွေးကြဖို့လိုနေ တယ်လို့သူကပြောခဲ့ပါတယ်။နျူကလီးယားပရိုဂရမ်နဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စတွေဟာ အမေရိကန်နဲ့မြောက်ကိုးရီးယားတို့ အနေနဲ့ ဆွေး နွေးပွဲကပဲဖြေရှင်းရင်းအဖြေရှာလို့ရနိုင်မယ်လို့သူကဆိုပါတယ် သမ္မတမွန်းရဲ့ ရုံးဟာ ဒီသတင်းနဲ့ထင်မြင်ယူဆချက်ကို ဝါရှင်တန်ကိုပေးပို့ခဲ့ သလို ဖြစ်မြောက်ရေးကြိုးပမ်းရာမှာ ပါဝင်ကြတဲ့သူတွေဆီကိုလည်း ပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။

အမေရိကန်အစိုးရနိုင်ငံခြားရေးဒုဝန်ကြီး Stephen Biegun က နှစ်ဖက်စလုံးအတွက်ပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့ အချိန်ရပါသေးတယ် တိုးတက်ကောင်းမွန်တဲ့အခြေအနေတွေကို ဖော်ဆောင်နိုင်ပါသေးတယ်လို့ ပြောပြီးလို့ရက်အနည်းငယ်အကြာမှာ တောင်ကိုရီးယားသမ္မတ မွန်းက အခုလိုပြောပြတောင်းဆိုလိုက်တာပါပဲ ။Stephen Biegun က နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်ခင်မှာ လူချင်းတွေ့ဆုံဖို့ဆိုတာဟာ ခက်ခဲပါတယ် ဘာလို့ဆိုတော့ ကပ်ရောဂါကြီးကြောင့် နေရာတကာမှာအခက်အခဲတွေ ဖြစ်နေလို့ပါပဲလို့ ပြောခဲ့သေးတာပါ ။

ဒါကို တောင်ကိုရီးယားသမ္မတက ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ် ခုအချိန်ကနေ ရွေးကောက်ပွဲကာလအတွင်းမှာ မဖြစ်နိုင်ဘူး ထင် တယ် မဖြစ်ဖို့များတယ် တကမ္ဘာလုံးမှာ အစီအစဉ်တွေအကုန်လုံးဖျက်သိမ်းနေကြရတယ်လေ လို့ Stephen Biegun က ဘရပ်ဆဲလ်ဖိုရမ် အစည်းအဝေးလုပ်နေတုန်းမှာ ပြောခဲ့တာပါ။တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ ဆက်ဆံရေးပြန်တင်းမာနေတာဖြစ်ပြီး ပြီးခဲ့တဲ့လမှာ မြောက်ကိုရီးယားအစိုးရဟာ နယ်စပ်က သံတမန်ရုံးကိုဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေအတွက်အသင့်ပြင်ထားကြပြီးမှ မြောက်ကိုရီးယားက ပြန်ရုပ်သိမ်းလိုက်ခဲ့တာပါ။မြောက်ကနေတောင်ကို ထွက် ပြေးခဲ့ကြတဲ့ပြည်ပြေးတွေဟာ နယ်စပ်ကနေ ဝါဒဖြန့်စာရွက်တွေပါတဲ့ လေဘူပေါင်းတွေလွှတ်တင်ခဲ့တာကို တောင်ကိုရီးယား အစိုးရက မတားဆီးခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်ရယ် အမေရိကန်နဲ့ ဆွေးနွေးပွဲရပ်တန့်နေပြီး ဘာအကျိုးထူးမှမရခဲ့တာအပေါ်မှာ တောင်ကိုရီးယားက မတိုက်တွန်းဘူးဆိုတာတွေရယ် ကျဆင်းနေတဲ့စီးပွားရေးအတွက် ညှိနှိုင်းမပေးဘူး ဆိုတာတွေနဲ့ ပြဿနာရှာပြီးဖောက်ခွဲဖျက်ဆီးခဲ့တာပါ။

အမြဲလို ရန်ရှာပြီး ပြဿနာပေးနေတဲ့မြောက်ကိုရီးယားဟာ နယ်စပ် ကေဆောင်းရုံးအဆောက်အအုံဖောက်ခွဲခဲ့တာ မှာ အဓိကအကြောင်း က ကင်ဂျုံအန်းမိန်းမကိုနောက်ပြောင်ထားလို့ ဖြစ်တယ်ဆိုပြီး ခုရက်ပိုင်းမှာသိလာရပါတယ် ပြည်ပြေးတွေဟာ သူ့မိန်းမဓါတ်ပုံတွေကို ဖိုတိုရှော့နဲ့ပြင်ဆင်ပြီး ဟာသလုပ်သလို မြင်မကောင်းအောင်လုပ်ထားတယ်လို့ သိရပါတယ်။

REF:   L.K.T

Add a Comment

Your email address will not be published. Required fields are marked *