(၁)ရက္တည္း ကိုဗစ္-၁၉အတည္ျပဳလူနာ (၅၅,၀၀၀) ေက်ာ္ထိစံခ်ိန္တင္ျမင့္တက္လာေသာ အေမရိကန္ျပည္ေထာင္စု
|အေမရိကန္ျပည္ေထာင္စုတြင္ ကိုဗစ္-၁၉ ကူးစက္မႈမ်ား အဆမတန္မ်ားျပားေနၿပီး ေဆး႐ုံတင္ကုသမႈမ်ားလည္း တဟုန္ထိုးျမင့္တက္လာ ေၾကာင္း သိရပါတယ္။ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ coronavirus စစ္ေဆးမႈ၏ အတည္ျပဳလူနာေတြ႕ရွိမႈသည္ ေရွးယခင္သီတင္းပတ္ က 5 ရာခိုင္ႏႈန္းခန႔္ ရွိခဲ့ရာမွ ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း 7 ရာခိုင္ႏႈန္းအထိတိုးလာေၾကာင္း ႐ိုက္တာသတင္းဌာနရဲ႕ ေလ့လာခ်က္မ်ား အရ သိရပါတယ္။အရီဇိုးနား ျပည္နယ္၏ ၿပီးခဲ့သည္အပတ္က အတည္ျပဳလူနာေတြ႕ရွိမႈႏႈန္းသည္ 24 ရာခိုင္ႏႈန္း ထိရွိခဲ့ၿပီး ဖေလာ္ရီဒါ ျပည္ နယ္၌ 16 ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း သိရပါတယ္။
နီဗားဒါး ၊ ေတာင္ကယ္႐ိုလိုင္းနားႏွင့္တကၠဆက္(Texas)ျပည္နယ္အားလုံး၌ ၁၅% ထိရွိေၾကာင္း ေလ့လာမႈ မ်ားအရသိရပါတယ္။ အေမရိ ကန္ျပည္ေထာင္စု၌ ၾကာသပေတးေန႔ တစ္ေန႔တည္းတြင္ Covid-19 ေရာဂါ ျဖစ္ပြားသူေပါင္း ၅၅,၀၀၀ ေက်ာ္ အထိ တိုးလာခဲ့ေၾကာင္း သိ ရပါတယ္။ အဆိုပါ အေရအတြက္ဟာ ကမာၻေပၚရွိအျခားႏိုင္ငံမ်ား၌ တစ္ေန႔တာအတြင္း ျဖစ္ပြားမႈထက္ ျမင့္မား ၿပီး ကမာၻ႔စံခ်ိန္တင္ခဲ့ ေၾကာင္း ႐ိုက္တာ သတင္းဌာနရဲ႕ မွတ္တမ္းမ်ားအရ သိရပါတယ္။ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက အေမရိကန္ျပည္ေထာင္စုတြင္ coronavirus လႈိင္းေၾကာင့္ သမၼတထရန႔္ အစိုးရရဲ႕ ကပ္ေရာဂါအေပၚကိုင္တြယ္မႈကိုပိုမိုအႏုစိတ္ကိုင္တြယ္ဖို႔ အေၾကာင္းဖန္ လာတာပါ။
အေမရိကန္ႏိုင္ငံရဲ႕ တင္ျပခ်က္မ်ားအရ ၾကာသပေတးေန႔ ေႏွာင္းပိုင္း၌ အဆိုပါေန႔တြင္ အတည္ျပဳလူနာေပါင္း ၅၅၂၇၄ ေယာက္အထိ တိုးလာခဲ့ၿပီး ဇြန္လ ၁၉ ရက္ေန႔က ဘရာဇီးလ္ႏိုင္ငံ၏ တစ္ေန႔တာစံခ်ိန္ ၅၄၇၇၁ ေယာက္ကိုေက်ာ္လြန္ၿပီး ထိပ္ဆုံး၌ ရပ္တည္ခဲ့ေၾကာင္း သိရပါတယ္။ လြန္ခဲ့ေသာႏွစ္ပတ္ခန႔္က အေမရိကန္ျပ ည္ေထာင္စုတြင္ တစ္ေန႔ လွ်င္ အတည္ျပဳ လူနာအသစ္ ၂၂၀၀၀ ခန႔္ တိုးလာခဲ့ ေၾကာင္းတင္ျပခဲ့ပါတယ္။ စာရင္းမွတ္တမ္းမ်ား အရ ၿပီးခဲ့သည့္ ၇ ရက္တိုင္တိုင္ ေရာဂါျဖစ္ပြားသူေပါင္း ေန႔စဥ္ ၄၀၀၀၀ ေက်ာ္တိုးလာခဲ့ၿပီး၊ ၃ ရက္ဆက္တိုက္ စံခ်ိန္တင္တိုးမ်ားလာေၾကာင္းသိရပါတယ္။
႐ိုက္တာသတင္းဌာနရဲ႕ ေလ့လာခ်က္မ်ားအရ ဇြန္လအေစာပိုင္းႏွစ္ပတ္ႏွင့္ႏႈိင္းယွဥ္ပါက လြန္ခဲ့ေသာ ၁၄ ရက္အတြင္းအေမရိကန္ျပည္နယ္ ၅၀ အနက္ ၃၇ ခုတြင္ကူးစက္မႈအသစ္မ်ား ျမင့္တက္ခဲ့ေၾကာင္း သိရပါတယ္။ဖေလာ္ရီဒါျပည္နယ္၌ ၾကာသပေတးေန႔ တစ္ေန႔တာအတြင္း ေရာဂါျဖစ္ပြားသူအသစ္ အေယာက္ ၁၀၀၀၀ ေက်ာ္စံခ်ိန္တင္တိုးလာခဲ့ၿပီး အျခားျပည္နယ္မ်ားႏွင့္ႏႈိင္းယွဥ္လွ်င္ အျမင့္ဆုံးစံခ်ိန္ျဖစ္ ေၾကာင္း သိရပါတယ္။ေနထိုင္သူ ၂၁ သန္းရွိသည့္ အဆိုပါျပည္နယ္သည္ အျခားမည္သည့္ဥေရာပႏိုင္ငံ၌မဆို ျဖစ္ပြားမႈႏႈန္းထက္ ေန႔စဥ္ Coronavirus ကူးစက္မႈႏႈန္း ပိုမိုမ်ားျပားေၾကာင္းအစီရင္ခံခဲ့ပါတယ္။
REF: The Lifestyle Myanmar
UNICODE
(၁)ရက်တည်း ကိုဗစ်-၁၉အတည်ပြုလူနာ (၅၅,၀၀၀) ကျော်ထိစံချိန်တင်မြင့်တက်လာသော အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်မှုများ အဆမတန်များပြားနေပြီး ဆေးရုံတင်ကုသမှုများလည်း တဟုန်ထိုးမြင့်တက်လာ ကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ coronavirus စစ်ဆေးမှု၏ အတည်ပြုလူနာတွေ့ရှိမှုသည် ရှေးယခင်သီတင်းပတ် က 5 ရာခိုင်နှုန်းခန့် ရှိခဲ့ရာမှ ပြီးခဲ့သည့် သီတင်းပတ်အတွင်း 7 ရာခိုင်နှုန်းအထိတိုးလာကြောင်း ရိုက်တာသတင်းဌာနရဲ့ လေ့လာချက်များ အရ သိရပါတယ်။အရီဇိုးနား ပြည်နယ်၏ ပြီးခဲ့သည်အပတ်က အတည်ပြုလူနာတွေ့ရှိမှုနှုန်းသည် 24 ရာခိုင်နှုန်း ထိရှိခဲ့ပြီး ဖလော်ရီဒါ ပြည် နယ်၌ 16 ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။
နီဗားဒါး ၊ တောင်ကယ်ရိုလိုင်းနားနှင့်တက္ကဆက်(Texas)ပြည်နယ်အားလုံး၌ ၁၅% ထိရှိကြောင်း လေ့လာမှု များအရသိရပါတယ်။ အမေရိ ကန်ပြည်ထောင်စု၌ ကြာသပတေးနေ့ တစ်နေ့တည်းတွင် Covid-19 ရောဂါ ဖြစ်ပွားသူပေါင်း ၅၅,၀၀၀ ကျော် အထိ တိုးလာခဲ့ကြောင်း သိ ရပါတယ်။ အဆိုပါ အရေအတွက်ဟာ ကမ္ဘာပေါ်ရှိအခြားနိုင်ငံများ၌ တစ်နေ့တာအတွင်း ဖြစ်ပွားမှုထက် မြင့်မား ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ ကြောင်း ရိုက်တာ သတင်းဌာနရဲ့ မှတ်တမ်းများအရ သိရပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အမေရိကန်ပြည်ထောင်စုတွင် coronavirus လှိုင်းကြောင့် သမ္မတထရန့် အစိုးရရဲ့ ကပ်ရောဂါအပေါ်ကိုင်တွယ်မှုကိုပိုမိုအနုစိတ်ကိုင်တွယ်ဖို့ အကြောင်းဖန် လာတာပါ။
အမေရိကန်နိုင်ငံရဲ့ တင်ပြချက်များအရ ကြာသပတေးနေ့ နှောင်းပိုင်း၌ အဆိုပါနေ့တွင် အတည်ပြုလူနာပေါင်း ၅၅၂၇၄ ယောက်အထိ တိုးလာခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ဘရာဇီးလ်နိုင်ငံ၏ တစ်နေ့တာစံချိန် ၅၄၇၇၁ ယောက်ကိုကျော်လွန်ပြီး ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ လွန်ခဲ့သောနှစ်ပတ်ခန့်က အမေရိကန်ပြ ည်ထောင်စုတွင် တစ်နေ့ လျှင် အတည်ပြု လူနာအသစ် ၂၂၀၀၀ ခန့် တိုးလာခဲ့ ကြောင်းတင်ပြခဲ့ပါတယ်။ စာရင်းမှတ်တမ်းများ အရ ပြီးခဲ့သည့် ၇ ရက်တိုင်တိုင် ရောဂါဖြစ်ပွားသူပေါင်း နေ့စဉ် ၄၀၀၀၀ ကျော်တိုးလာခဲ့ပြီး၊ ၃ ရက်ဆက်တိုက် စံချိန်တင်တိုးများလာကြောင်းသိရပါတယ်။
ရိုက်တာသတင်းဌာနရဲ့ လေ့လာချက်များအရ ဇွန်လအစောပိုင်းနှစ်ပတ်နှင့်နှိုင်းယှဉ်ပါက လွန်ခဲ့သော ၁၄ ရက်အတွင်းအမေရိကန်ပြည်နယ် ၅၀ အနက် ၃၇ ခုတွင်ကူးစက်မှုအသစ်များ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ဖလော်ရီဒါပြည်နယ်၌ ကြာသပတေးနေ့ တစ်နေ့တာအတွင်း ရောဂါဖြစ်ပွားသူအသစ် အယောက် ၁၀၀၀၀ ကျော်စံချိန်တင်တိုးလာခဲ့ပြီး အခြားပြည်နယ်များနှင့်နှိုင်းယှဉ်လျှင် အမြင့်ဆုံးစံချိန်ဖြစ် ကြောင်း သိရပါတယ်။နေထိုင်သူ ၂၁ သန်းရှိသည့် အဆိုပါပြည်နယ်သည် အခြားမည်သည့်ဥရောပနိုင်ငံ၌မဆို ဖြစ်ပွားမှုနှုန်းထက် နေ့စဉ် Coronavirus ကူးစက်မှုနှုန်း ပိုမိုများပြားကြောင်းအစီရင်ခံခဲ့ပါတယ်။
REF: The Lifestyle Myanmar