ၫြန႔္ေပါင္းအစိုးရ ဆိုသည့္အခ်က္ကို မစဥ္းစားဘဲ အစိုးရဖြဲ႕ႏိုင္ရန္ ႀကိဳးစားမည္ဟု NLD ပါတီမွ ေဒါက္တာေဇာ္ျမင့္ေမာင္ေျပာၾကား

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲဆႏၵရွင္ ျပည္သူမ်ားအေနျဖင့္ လူပုဂၢိဳလ္ကို ၾကည့္ လာမည္ဆိုေသာ သေဘာထားသည္ ဆီေလ်ာ္သည့္ အ ေၾကာင္းျပခ်က္ျဖစ္ေၾကာင္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကား သည္။ေဒါက္တာေဇာ္ျမင့္ေမာင္က “ေနာက္ ပါတီကို ၾကည့္ပါဆိုၿပီး ကြၽန္ေတာ္က ဆက္လုပ္တယ္။ ဘာေၾကာင့္ ပါတီကို ၾကည့္ပါသလဲဆိုေတာ့ ကိုယ္ေပးလိုက္တဲ့ မဲတစ္ခုက အစိုးရဖြဲ႕ႏိုင္တဲ့ပါတီကို မဲေပးဖို႔ လိုတယ္။ တစ္တိုင္းျပည္လုံးကို ျပဳျပင္ေျပာင္းလဲမႈ လုပ္ဖို႔ဆိုတာ အစိုးရဖြဲ႕ႏိုင္မွ လုပ္ႏိုင္မွာေပါ့။

အဲဒီေတာ့ ကိုယ္ေပးလိုက္တဲ့ မဲက အစိုးရမဖြဲ႕ႏိုင္ဘူး ဆိုလို႔ရွိရင္ ကိုယ့္ေဒသ ကိုယ့္ၿမိဳ႕နယ္ အ က်ိဳးေတြပဲ လုပ္ႏိုင္မွာျဖစ္တဲ့အတြက္ ပါတီ ကိုလည္း ၾကည့္ပါ။ အဲဒီေတာ့ ပါတီကို ၾကည့္ ဖို႔ဆိုလို႔ရွိရင္ေတာ့ ပါတီမွာ ေခါင္းေဆာင္ ေနတဲ့လူ ဘယ္သူလဲဆိုတာ ေခါင္းေဆာင္မႈ ကို ၾကည့္ရမွာေပါ့။ အဲဒီေခါင္းေဆာင္ရဲ႕ အ ရည္အေသြးကို မူတည္ၿပီးေတာ့မွ ပါတီက ဘယ္ေလာက္ခိုင္မာတယ္။ ရွင္သန္တယ္။ တက္ႂကြ တယ္ဆိုတာ သိမွာျဖစ္တဲ့အတြက္ ပါတီကိုလည္း ၾကည့္ပါ၊ လူကိုလည္း ၾကည့္ ပါ” ဟု ေျပာၾကားသည္။

၁၉၉၀ ေ႐ြးေကာက္ပြဲမွစတင္၍ ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီအျမစ္တြယ္ရန္ဟု ေႂကြးေၾကာ္လာသည့္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အား ပါတီအေနႏွင့္ ၾကည့္သင့္ၿပီး မိမိတို႔ဘက္က ျပည္သူမ်ား မဲေပးခ်င္သည့္၊ မဲေပးလိုေသာ ဆႏၵရွိမည့္ ပုဂၢိဳလ္မ်ားကို ေ႐ြးေပးရန္ တာဝန္ရွိ ေၾကာင္းလည္း ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာၾကားသည္။ၫြန႔္ေပါင္းအစိုးရဆိုသည့္အခ်က္အား စဥ္းစားျခင္းမရွိေသးဘဲ ဒီမိုကေရ စီ ခိုင္မာ ရွင္သန္ေအာင္အစိုးရဖြဲ႕ ႏိုင္သည္အထိ ႀကိဳးစားမည္ဟု NLD ပါတီ ဒုတိယဥကၠ႒(၂) ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားသည္။

ဇူလိုင္ ၂ ရက္က ေနျပည္ေတာ္ရွိ စည္ပင္ဧည့္ရိပ္သာ၌ က်င္းပသည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ (CEC) အစည္းအေဝးအၿပီး ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းေထာက္တစ္ဦးက ၂၀၁၅ ေ႐ြး ေကာက္ပြဲတြင္ NLD ပါတီ အစိုးရ ဖြဲ႕ႏိုင္ခဲ့ ေသာ္လည္း ၂၀၂၀ တြင္ အစိုးရ ဖြဲ႕ႏိုင္သည့္ ရာခိုင္ႏႈန္းကိုမရရွိႏိုင္ဟု သုံးသပ္ေနၾကျခင္း ေၾကာင့္ ၫြန႔္ေပါင္းဆိုပါက မည္ သို႔လုပ္မည္နည္းႏွင့္ မည္မွ်အထိ ႏိုင္မည္ဟု ေမွ်ာ္လင့္ ထားသနည္းဆိုသည့္ သတင္းေထာက္တစ္ဦး၏ ေမးျမန္းမႈကို ေဒါက္တာေဇာ္ျမင့္ ေမာင္ က အထက္ပါအတိုင္း ထည့္သြင္းေျဖၾကားခဲ့ ျခင္းျဖစ္သည္။

REF: ELEVEN MEDIA

UNICODE

ညွန့်ပေါင်းအစိုးရ ဆိုသည့်အချက်ကို မစဉ်းစားဘဲ အစိုးရဖွဲ့နိုင်ရန် ကြိုးစားမည်ဟု NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင်ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်ကို ကြည့် လာမည်ဆိုသော သဘောထားသည် ဆီလျော်သည့် အ ကြောင်းပြချက်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြား သည်။ဒေါက်တာဇော်မြင့်မောင်က “နောက် ပါတီကို ကြည့်ပါဆိုပြီး ကျွန်တော်က ဆက်လုပ်တယ်။ ဘာကြောင့် ပါတီကို ကြည့်ပါသလဲဆိုတော့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ခုက အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးဖို့ လိုတယ်။ တစ်တိုင်းပြည်လုံးကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတာ အစိုးရဖွဲ့နိုင်မှ လုပ်နိုင်မှာပေါ့။

အဲဒီတော့ ကိုယ်ပေးလိုက်တဲ့ မဲက အစိုးရမဖွဲ့နိုင်ဘူး ဆိုလို့ရှိရင် ကိုယ့်ဒေသ ကိုယ့်မြို့နယ် အ ကျိုးတွေပဲ လုပ်နိုင်မှာဖြစ်တဲ့အတွက် ပါတီ ကိုလည်း ကြည့်ပါ။ အဲဒီတော့ ပါတီကို ကြည့် ဖို့ဆိုလို့ရှိရင်တော့ ပါတီမှာ ခေါင်းဆောင် နေတဲ့လူ ဘယ်သူလဲဆိုတာ ခေါင်းဆောင်မှု ကို ကြည့်ရမှာပေါ့။ အဲဒီခေါင်းဆောင်ရဲ့ အ ရည်အသွေးကို မူတည်ပြီးတော့မှ ပါတီက ဘယ်လောက်ခိုင်မာတယ်။ ရှင်သန်တယ်။ တက်ကြွ တယ်ဆိုတာ သိမှာဖြစ်တဲ့အတွက် ပါတီကိုလည်း ကြည့်ပါ၊ လူကိုလည်း ကြည့် ပါ” ဟု ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲမှစတင်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအမြစ်တွယ်ရန်ဟု ကြွေးကြော်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ပါတီအနေနှင့် ကြည့်သင့်ပြီး မိမိတို့ဘက်က ပြည်သူများ မဲပေးချင်သည့်၊ မဲပေးလိုသော ဆန္ဒရှိမည့် ပုဂ္ဂိုလ်များကို ရွေးပေးရန် တာဝန်ရှိ ကြောင်းလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။ညွန့်ပေါင်းအစိုးရဆိုသည့်အချက်အား စဉ်းစားခြင်းမရှိသေးဘဲ ဒီမိုကရေ စီ ခိုင်မာ ရှင်သန်အောင်အစိုးရဖွဲ့ နိုင်သည်အထိ ကြိုးစားမည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ ကျင်းပသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ (CEC) အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၂၀၁၅ ရွေး ကောက်ပွဲတွင် NLD ပါတီ အစိုးရ ဖွဲ့နိုင်ခဲ့ သော်လည်း ၂၀၂၀ တွင် အစိုးရ ဖွဲ့နိုင်သည့် ရာခိုင်နှုန်းကိုမရရှိနိုင်ဟု သုံးသပ်နေကြခြင်း ကြောင့် ညွန့်ပေါင်းဆိုပါက မည် သို့လုပ်မည်နည်းနှင့် မည်မျှအထိ နိုင်မည်ဟု မျှော်လင့် ထားသနည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါက်တာဇော်မြင့် မောင် က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *