QUARANTINE စင္တာအျဖစ္ အသုံးျပဳေနတဲ့ ေမာ္လၿမိဳင္တကၠသိုလ္က အခန္းတခ်ိဳ႕ ဖ်က္ဆီးခံရၿပီး ပိုက္ဆံမ်ား ခိုးယူခံရမႈ ျဖစ္ပြား

ကြၽန္ေတာ္တို႔ကေတာ့ အခု စိစစ္ေနတာေတြေတာ့ရွိပါတယ္။ သက္ဆိုင္ရာ ကာယကံရွင္ေတြရဲ႕ သေဘာ အတိုင္းပါပဲ အခုလိုဖ်က္ဆီးတာ ေတြအတြက္ကေတာ့ သက္ဆိုင္ရာဌာနက တာဝန္ရွိသူေတြရဲ႕ သေဘာအတိုင္း ေဆာင္႐ြက္ရမွာပါ။ ကြၽန္ေတာ္က အဲ့ဒီအေပၚမွာ ေဆာင္႐ြက္ ေပး ရမွာျဖစ္ပါတယ္” လို႔ ေမာ္လၿမိဳင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈး ဦးေဝလင္းထြန္းက ေျပာပါတယ္။

ေမာ္လၿမိဳင္တကၠသိုလ္ထဲ Quarantien လာဝင္ေနတဲ့ သူေတြဟာ အေယာက္(၇၀၀) ေက်ာ္ေလာက္ထိ ရွိေနၿပီလို႔ လည္း သိရပါတယ္။ Quarantine စင္တာအျဖစ္ ျပဳလုပ္ ထားတဲ့ ေမာ္လၿမိဳင္တကၠသိုလ္ ထဲမွာ အခန္းေတြ ဖ်က္ဆီးခံ ခဲ့ရသလို ပိုက္ဆံတခ်ိဳ႕လည္း ပါသြား တယ္လို႔ ေမာ္လၿမိဳင္ တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ က သိရပါတယ္။

အေဆာင္မႈးအခန္း၊ အေဆာင္နည္းျပအခန္းနဲ႔ ေက်ာင္းသူ/ ေက်ာင္းသားေတြ ရဲ႕ အသုံးအေဆာင္ေတြ ထားတဲ့ အခန္းေတြဟာ ေသာ့ေတြ ႐ိုက္ဖ်က္ခံ ထားရသလို ျပတင္းေပါက္မွန္ေတြ႐ိုက္ခြဲခံထားရၿပီး ပစၥည္းေတြနဲ႔ စာ႐ြက္စာတမ္းေတြ၊ အဝတ္အစား အသုံးအေဆာင္ေတြ ဖ်က္ဆီးခံ ခဲ့ရတာလို႔ သိရပါတယ္။

ဖ်က္ဆီးခံလိုက္ရတဲ့ ေနရာေတြက ပိုက္ဆံေတြ၊ ကြန္ပ်ဳတာ Hard Disk နဲ႔ စာအုပ္ ေတြလည္း ေပ်ာက္ဆုံးေနသလို အေပါ့(ဆီး) သြား ထားတဲ့ ဘူးေတြ ကိုပါ အခန္းထဲမွာ ထားခဲ့တယ္လို႔ သိရပါတယ္။Quarantine သမားေတြ ထဲမွာ ဘယ္အသုတ္က ဘယ္လိုျဖစ္သြားတယ္ ဆိုတာေတာ့ မသိရေသးဘူး။ ကြၽန္ေတာ္တို႔ ဘက္ကေတာ့ ဓာတ္ပုံမွတ္တမ္းေတြနဲ႔တကြ အစိုးရအဖြဲ႕ကိုစာတင္မယ္။

အစိုးရအဖြဲ႕က ဘယ္ေလာက္ထိ တာဝန္ခံမႈတာဝန္ယူမႈရွိမလဲဆိုတာကြၽန္ေတာ္တို႔ေစာင့္ၾကည့္မယ္။” လို႔ ေမာ္လၿမိဳင္ တကၠသိုလ္ေက်ာင္း သားမ်ား သမဂၢဥကၠ႒ ကိုမင္းသံစဥ္ဦးက ေျပာပါတယ္။အရင္ကလည္း တကၠသိုလ္ဝင္း ထဲက အမ်ိဳးသမီးအေဆာင္ မွာ Quarantine ဝင္တဲ့သူက အရက္မူးၿပီး မွန္ေတြ ႐ိုက္ခြဲသြားတဲ့ အတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒ နဲ႔အေရးယူမႈတခုရွိခဲ့တယ္လို႔ သိရပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ – O Media

UNICODE

QUARANTINE စင်တာအဖြစ် အသုံးပြုနေတဲ့ မော်လမြိုင်တက္ကသိုလ်က အခန်းတချို့ ဖျက်ဆီးခံရပြီး ပိုက်ဆံများ ခိုးယူခံရမှု ဖြစ်ပွား

ကျွန်တော်တို့ကတော့ အခု စိစစ်နေတာတွေတော့ရှိပါတယ်။ သက်ဆိုင်ရာ ကာယကံရှင်တွေရဲ့ သဘော အတိုင်းပါပဲ အခုလိုဖျက်ဆီးတာ တွေအတွက်ကတော့ သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေရဲ့ သဘောအတိုင်း ဆောင်ရွက်ရမှာပါ။ ကျွန်တော်က အဲ့ဒီအပေါ်မှာ ဆောင်ရွက် ပေး ရမှာဖြစ်ပါတယ်” လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝေလင်းထွန်းက ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ်ထဲ Quarantien လာဝင်နေတဲ့ သူတွေဟာ အယောက်(၇၀၀) ကျော်လောက်ထိ ရှိနေပြီလို့ လည်း သိရပါတယ်။ Quarantine စင်တာအဖြစ် ပြုလုပ် ထားတဲ့ မော်လမြိုင်တက္ကသိုလ် ထဲမှာ အခန်းတွေ ဖျက်ဆီးခံ ခဲ့ရသလို ပိုက်ဆံတချို့လည်း ပါသွား တယ်လို့ မော်လမြိုင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ က သိရပါတယ်။

အဆောင်မှုးအခန်း၊ အဆောင်နည်းပြအခန်းနဲ့ ကျောင်းသူ/ ကျောင်းသားတွေ ရဲ့ အသုံးအဆောင်တွေ ထားတဲ့ အခန်းတွေဟာ သော့တွေ ရိုက်ဖျက်ခံ ထားရသလို ပြတင်းပေါက်မှန်တွေရိုက်ခွဲခံထားရပြီး ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေ၊ အဝတ်အစား အသုံးအဆောင်တွေ ဖျက်ဆီးခံ ခဲ့ရတာလို့ သိရပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ နေရာတွေက ပိုက်ဆံတွေ၊ ကွန်ပျုတာ Hard Disk နဲ့ စာအုပ် တွေလည်း ပျောက်ဆုံးနေသလို အပေါ့(ဆီး) သွား ထားတဲ့ ဘူးတွေ ကိုပါ အခန်းထဲမှာ ထားခဲ့တယ်လို့ သိရပါတယ်။Quarantine သမားတွေ ထဲမှာ ဘယ်အသုတ်က ဘယ်လိုဖြစ်သွားတယ် ဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဘက်ကတော့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အစိုးရအဖွဲ့ကိုစာတင်မယ်။

အစိုးရအဖွဲ့က ဘယ်လောက်ထိ တာဝန်ခံမှုတာဝန်ယူမှုရှိမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်မယ်။” လို့ မော်လမြိုင် တက္ကသိုလ်ကျောင်း သားများ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းသံစဉ်ဦးက ပြောပါတယ်။အရင်ကလည်း တက္ကသိုလ်ဝင်း ထဲက အမျိုးသမီးအဆောင် မှာ Quarantine ဝင်တဲ့သူက အရက်မူးပြီး မှန်တွေ ရိုက်ခွဲသွားတဲ့ အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ နဲ့အရေးယူမှုတခုရှိခဲ့တယ်လို့ သိရပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် – O Media

Add a Comment

Your email address will not be published. Required fields are marked *