တစ္႐ြာလုံး မူးယစ္ႏြံ ထဲ နစ္ေနတဲ့ မိုင္းေနာင္ၿမိဳ႕က ပါတက္ ေက်း႐ြာ(႐ုပ္သံ)

ကေလးေပါင္းမ်ားစြာ ရွိေနတဲ့ ဒီေက်း႐ြာမွာ စာသင္ေက်ာင္းလည္း မရွိျပန္ပါဘူး။ စာသင္ေက်ာင္း ကို လြန္ခဲ့တဲ့ ၃ ႏွစ္က ဖြင့္ဖို႔ ႀကိဳးစားခဲ့ ေပမယ့္ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ ျပန္ပိတ္လိုက္ရပါတယ္။မူးယစ္ႏြံနစ္ေနတဲ့ ဒီေက်း႐ြာထဲရွိ ကေလး ေပါင္းမ်ားစြာရဲ႕ ပညာေရး အနာဂတ္ ဟာ ေမွာင္မဲလ်က္ ရွိေနပါတယ္။

ဒီအေၾကာင္းကို ေ႐ႊဖီေျမ သတင္းေထာက္မိုင္းအတၱက ႐ိုက္ကူးၿပီး မိုင္းအႏိုင္က တင္ဆက္ထားပါတယ္။ပါတက္လို႔ေခၚတဲ့ ဒီေက်း႐ြာဟာ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းေနာင္ၿမိဳ႕နဲ႔ မနီးမေဝးမွာ တည္ရွိပါတယ္။ ဆိုင္ကယ္နဲ႔သြားရင္ မိနစ္ ၂၀ ခန႔္သာ ေမာင္းရၿပီး လမ္းမႀကီးေဘး မွာတင္ တည္ရွိပါတယ္။ ဒီ႐ြာမွာ တအာင္း(ပေလာင္)လူမ်ိဳးေတြ ေနထိုင္ပါတယ္။

အိမ္ေျခ ၈၀ ေက်ာ္ခန႔္ရွိတဲ့ ဒီ႐ြာဟာ လွပတဲ့ ေတာင္တန္းေတြ ဝိုင္းကာရံထားေပမယ့္ မူးယစ္ေဆးဝါး ဟာ တစ္႐ြာလုံးကို ဝါးမ်ိဳထားပါ တယ္။ေယာက်ာ္းတိုင္းလိုလို မူးယစ္ေဆးသုံးၾကၿပီး အခ်ိဳ႕က မိန္းမေတြပါ သုံးစြဲၾကပါတယ္။

Credit Shwe Phee Myay News Agency

UNICODE

တစ်ရွာလုံး မူးယစ်နွံ ထဲ နစ်နေတဲ့ မိုင်းနောင်မြို့က ပါတက် ကျေးရွာ(ရုပ်သံ)

ကလေးပေါင်းများစွာ ရှိနေတဲ့ ဒီကျေးရွာမှာ စာသင်ကျောင်းလည်း မရှိပြန်ပါဘူး။ စာသင်ကျောင်း ကို လွန်ခဲ့တဲ့ ၃ နှစ်က ဖွင့်ဖို့ ကြိုးစားခဲ့ ပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ ခြိမ်းခြောက်မှုကြောင့် ပြန်ပိတ်လိုက်ရပါတယ်။မူးယစ်နွံနစ်နေတဲ့ ဒီကျေးရွာထဲရှိ ကလေး ပေါင်းများစွာရဲ့ ပညာရေး အနာဂတ် ဟာ မှောင်မဲလျက် ရှိနေပါတယ်။

ဒီအကြောင်းကို ရွှေဖီမြေ သတင်းထောက်မိုင်းအတ္တက ရိုက်ကူးပြီး မိုင်းအနိုင်က တင်ဆက်ထားပါတယ်။ပါတက်လို့ခေါ်တဲ့ ဒီကျေးရွာဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ခန့်သာ မောင်းရပြီး လမ်းမကြီးဘေး မှာတင် တည်ရှိပါတယ်။ ဒီရွာမှာ တအာင်း(ပလောင်)လူမျိုးတွေ နေထိုင်ပါတယ်။

အိမ်ခြေ ၈၀ ကျော်ခန့်ရှိတဲ့ ဒီရွာဟာ လှပတဲ့ တောင်တန်းတွေ ဝိုင်းကာရံထားပေမယ့် မူးယစ်ဆေးဝါး ဟာ တစ်ရွာလုံးကို ဝါးမျိုထားပါ တယ်။ယောကျာ်းတိုင်းလိုလို မူးယစ်ဆေးသုံးကြပြီး အချို့က မိန်းမတွေပါ သုံးစွဲကြပါတယ်။

Credit Shwe Phee Myay News Agency

Add a Comment

Your email address will not be published. Required fields are marked *