တပ္မေတာ္သားေတြမ်ား လြတ္လြတ္ လပ္လပ္မဲ ေပးခြင့္ရတယ္ဆိုလို႔ရွိရင္ မဲအရည္အတြက္တိုးလာႏိုင္ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ေျပာ

တပ္မေတာ္အေနျဖင့္ လာမည့္ ေ႐ြးေကာက္ပြဲတြင္ တပ္မဲ႐ုံမ်ားျပင္ပတြင္ထားရွိေရးကိစၥႏွင့္ပတ္သက္၍ ေ႐ြး ေကာက္ပြဲေကာ္မရွင္၏ စည္းမ်ဥ္းစည္းကမ္းႏွင့္အညီလိုက္နာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲ တြင္ လုံၿခဳံးေရးအပါအဝင္ လိုအပ္သည္မ်ားကို လည္း လုပ္ေဆာင္ေပးငြားမည္ျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ အတြင္းေရးျဖစ္သူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာဆိုထားသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ လာမည့္ ၂၀၂၀ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ တပ္တြင္းမဲ႐ုံမ်ားအား တပ္ရင္းတပ္ ဖြဲ႕ျပင္ပသင့္ေလ်ာ္သည့္ေနရာ တြင္ ထားရွိေရး၊ မဲဆႏၵနယ္ျပင္ ပေရာက္ရွိသူမ်ားမဲေပးခြင့္ကို ရက္ေပါင္း ၁၈၀ မဲေပးခြင့္အစား ရက္ေပါင္း ၉၀ သို႔ေျပာင္းလဲျပင္ဆင္ရန္ ျပင္ဆင္ခ်က္အခ်ိဳ႕ကို တင္သြင္းခဲ့ၿပီး ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳမွတ္ တမ္းတင္ ထားျခင္း ျဖစ္ ေၾကာင္း သိရသည္။

တပ္မဲ႐ုံမ်ားအား တပ္ရင္းတပ္ဖြဲ႕ျပင္ပထုတ္လိုက္သည့္အတြက္ မဲအေရအတြက္တိုးလာႏိုင္မည္ဟု ခန႔္မွန္း ေၾကာင္း NLD ပါတီ၏ ဒု-ဥကၠဌ (၂) ျဖစ္သူ ေဒါက္တာေဇာ္ျမင့္ေမာင္ကေျပာသည္။ ဇူလိုင္လ၂ ရက္က ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာတြင္ ျပဳလုပ္ခဲ့သည့္ NLD ပါတီ ဗဟိုအလုပ္ အမႈေဆာင္အစည္းအေဝး အၿပီး တြင္သတင္းမီဒီယာမ်ား ၏ ေမးျမန္းမႈအေပၚ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာျခင္းျဖစ္ သည္။ ဘာပဲေျပာေျပာ ကြၽန္ေတာ္တို႔က ေမွ်ာ္လင့္တာ ေပါ့ဗ်ာ။

တပ္မေတာ္သားေတြမ်ားလြတ္လြတ္ လပ္လပ္မဲ ေပးခြင့္ရတယ္ဆိုလို႔ရွိရင္ မဲအရည္အတြက္တိုးလာႏိုင္ တယ္ဆိုၿပီးေတာ့ ခန႔္မွန္းထားတာ ေပါ့။ ဒါကလည္း ကံေသကံမေျပာလို႔မရပါဘူး” ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ကေျပာသည္။၂၀၂၀ ျပည့္ႏွစ္အေထြေထြ ေ႐ြးေကာက္ပြဲကို ႏို ဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ဆႏၵမဲေပးခြင့္ရွိသူေပါင္း ၃၇ သန္းေက်ာ္ရွိၿပီး မဲ႐ုံေပါင္း ေလးေသာင္းေက်ာ္ လ်ာထား ေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မ ရွင္ထံ မွသိရသည္။

REF: THE FIFTH WAVE NEWS

UNICODE

တပ်မတော်သားတွေများ လွတ်လွတ် လပ်လပ်မဲ ပေးခွင့်ရတယ်ဆိုလို့ရှိရင် မဲအရည်အတွက်တိုးလာနိုင်ဟု ဒေါက်တာဇော်မြင့်မောင်ပြော

တပ်မတော်အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တပ်မဲရုံများပြင်ပတွင်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ ရွေး ကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ တွင် လုံခြုံးရေးအပါအဝင် လိုအပ်သည်များကို လည်း လုပ်ဆောင်ပေးငွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများအား တပ်ရင်းတပ် ဖွဲ့ပြင်ပသင့်လျော်သည့်နေရာ တွင် ထားရှိရေး၊ မဲဆန္ဒနယ်ပြင် ပရောက်ရှိသူများမဲပေးခွင့်ကို ရက်ပေါင်း ၁၈၀ မဲပေးခွင့်အစား ရက်ပေါင်း ၉၀ သို့ပြောင်းလဲပြင်ဆင်ရန် ပြင်ဆင်ချက်အချို့ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှတ် တမ်းတင် ထားခြင်း ဖြစ် ကြောင်း သိရသည်။

တပ်မဲရုံများအား တပ်ရင်းတပ်ဖွဲ့ပြင်ပထုတ်လိုက်သည့်အတွက် မဲအရေအတွက်တိုးလာနိုင်မည်ဟု ခန့်မှန်း ကြောင်း NLD ပါတီ၏ ဒု-ဥက္ကဌ (၂) ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကပြောသည်။ ဇူလိုင်လ၂ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့သည့် NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေး အပြီး တွင်သတင်းမီဒီယာများ ၏ မေးမြန်းမှုအပေါ် ဒေါက်တာဇော်မြင့်မောင်က ပြောခြင်းဖြစ် သည်။ ဘာပဲပြောပြော ကျွန်တော်တို့က မျှော်လင့်တာ ပေါ့ဗျာ။

တပ်မတော်သားတွေများလွတ်လွတ် လပ်လပ်မဲ ပေးခွင့်ရတယ်ဆိုလို့ရှိရင် မဲအရည်အတွက်တိုးလာနိုင် တယ်ဆိုပြီးတော့ ခန့်မှန်းထားတာ ပေါ့။ ဒါကလည်း ကံသေကံမပြောလို့မရပါဘူး” ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို နို ဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော် လျာထား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မ ရှင်ထံ မှသိရသည်။

REF:   THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *