




Source – CNN

UNICODE

လက်သ န့်ဆေးရည် တချို့တွင် အန္တရာယ်ရှိဓာတ်ပစ္စည်းများ ပါဝင်၍ အဆိပ်အတော က် ဖြစ်နိုင် ဟု FDA သတိေ ပးပြီ

ESKIBIOCHEM ကုမ္ပဏီထုတ် မီသနောပါတဲ့ လက်သန့်ဆေးရည်တွေကို ပြန်သိမ်းထားပြီဖြစ်ပေမယ့်လည်း ထုတ်ကုန်တချို့ကတော့ စတိုးဆိုင်တွေမှာ ရှိနေနိုင်သေးတယ်လို့လည်း FDA က ထပ်မံ သတိပေးထားပါတယ်။လက်ဆေးဖို့ ဆပ်ပြာနဲ့ ရေကို မရနိုင်သေးတဲ့အခြေ အနေမျိုးမှာ အရက်ပြန်တွေနဲ့လုပ်ထားတဲ့ လက်သုတ်ဆေးတချို့ကို သုံးဖို့ FDA က အကြံပြုထားပါတယ်။

လက် သန့်ဆေးရည်တချို့ထဲမှာ အဆိပ်အတောက်တွေ ပါဝင်နိုင်ခြေရှိတယ်လို့ အစားအစာ နဲ့ ဆေးဝါးစီမံကွပ်ကဲရေး (FDA) က သတိ ပေးလိုက်ပါတယ်။လက်သန့်ဆေးရည် ထုတ်ကုန်တချို့ထဲမှာ အရေပြားကတဆင့် စုပ်ယူပြီး အဆိပ်သင့်စေနိုင်သလို၊ ခန္ဓာကိုယ်ထဲရောက် သွားရင် အသက်အန္တရာယ်ရှိနိုင်တဲ့ မီသနောအဆိပ်တွေ ပါဝင်နေနိုင်တယ်လို့ (FDA) က ပြောပါတယ်။

မီသနော ထိတွေ့မိရင် ခေါင်းကိုက်တာ ၊ မူးဝေတာ ၊ အော့အန်တာ၊ သတိမေ့တာ ၊ မေ့မြောတာ နဲ့ လေဖြတ်တာတွေ အပါအဝင် အပြင်း စားလက္ခဏာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

Credit OnesNewsMyanmar

Source – CNN

Add a Comment

Your email address will not be published. Required fields are marked *