ေစ်းေပါေပါနဲ႔ ျမန္မာျပည္ထဲ တစိမ့္စိမ့္စီးဝင္ၿပီး ႀကီးထြားလာေနတဲ့ တရားမဝင္ တ႐ုတ္ဘီယာေစ်းကြက္

တ႐ုတ္ကေတာ့ ျမန္မာျပည္သားေတြကို ဇီး႐ိုးဘတ္ဂ်က္တိုး၊ တစ္ရႉးငွက္ေပ်ာကိစၥမ်ားနည္းတူ အခုတခါလည္း ႐ိုးသားေသာ ေက်းလက္ က တိုင္းရင္းသားမ်ားကို ႏြားမ႐ႊံ႕ပိတ္ဘီယာတံဆိပ္ ကပ္ထားသည့္အရည္မ်ားကို ထိုးေရာင္းေနၾကေလၿပီ။ မည္သည့္ပါဝင္ပစၥည္းမ်ားျဖင့္ ထုတ္လုပ္ထားမွန္းမသိသည့္အရည္မ်ားကို ေသာက္သုံးေနၾကပါၿပီ။ ေနာင္သုံးေလးႏွစ္ၾကာေသာခါ အမ်ိဳးအမည္မသိ ဘယ္လိုေရာဂါဆန္း ေတြ ခံစားၾကရဦးမလဲဟု စဥ္းစား ေနမိပါသည္။ဘီယာတဘူး ၅ဝဝ က်ပ္ ‘ေဖာက္ . . . ရႉး . . .”ကြင္းခ်ိတ္ေအာက္မွာ “Free Beer” ဒါသည္ ျဖစ္ေစခ်င္တဲ့ဆႏၵေဇာနဲ႔ အိပ္မက္မက္ေနျခင္း မဟုတ္။

ျမန္မာျပည္အေရွ႕တလႊားမွာ အမွန္တကယ္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာေတြ ျဖစ္ေပၚေနပါၿပီ။ဘီယာတဘူးကိုမွ ငါးရာက်ပ္ပဲေပး ရတဲ့အျပင္ တဘူးေသာက္ တဘူးေပါက္ကံစမ္းမဲေတြ ဗုံးေပါ လေအာေပးေနတယ္ဆို စာဖတ္သူယုံခ်င္မွယုံပါလိမ့္မယ္။ သို႔ေသာ္ ဒီစာကို အခ်ိန္ ၅ မိနစ္ေပးၿပီး အဆုံးထိဖတ္ၾကည့္ပါ။ေတာင္ႀကီးၿမိဳ႕ႏွင့္အနီးတဝိုက္တြင္ ဆင္ႏွင့္ နဂါးတို႔ အေပါင္းအပါတစုႏွင့္အတူ ေသာင္းက်န္း ခ်င္ တိုင္း ေသာင္းက်န္းေနၾကသည္ဟု မိတ္ေဆြတဦးက ဖုန္းဆက္ၿပီးေျပာေတာ့ အံအားသင့္ခဲ့ရသည္။ ဆင္ႏွင့္နဂါးဆိုသည္မွာ တိရစာၦန္မ်ားကို ဆို လိုျခင္းမဟုတ္ဘဲ တ႐ုတ္ျပည္မွတရားမဝင္ ဝင္ေရာက္လာ သည့္ဘီယာမ်ားကို ဆိုလိုျခင္းျဖစ္ ေၾကာင္း မိတ္ေဆြျဖစ္သူက ရွင္းျပသည္။

ကြင္းဆင္း ေလ့လာခဲ့ရာတြင္ ေတာင္ႀကီးၿမိဳ႕ႏွင့္ အနီးတဝိုက္ၿမိဳ႕နယ္ မ်ားျဖစ္ သည့္ ကေလာ၊ ေအာင္ပန္း၊ ေညာင္ေ႐ႊ၊ ရပ္ ေစာက္၊ ဟိုပုံး၊ ဖယ္ခုံ၊ မိုးၿဗဲၿမိဳ႕နယ္မ်ားအထိ တ႐ုတ္ဘက္မွဝင္လာသည့္ အမ်ိဳးအမည္မသိ ဘီ ယာမ်ား ပ်ံ႕ႏွံ႔ ေနသည္ကို ေတြ႕ခဲ့ရသည္။ ဘူးမ်ားေပၚတြင္ တံဆိပ္အမ်ိဳးမ်ိဳး၊ ဆင္၊ ျခေသၤ့၊ နဂါး တိရစာၦန္႐ုပ္ပုံ အမ်ိဳးမ်ိဳး ပါရွိသျဖင့္ ေဒ သ ခံမ်ားက ဆင္၊ နဂါး စသျဖင့္ အလြယ္ေခၚၾကသလို တ ဘူးကို ၅ဝဝ က်ပ္သာေပးရသျဖင့္ ။အခ်ိဳ႕ကလည္း ”ငါးရာတန္ဘီယာ”ဟု ေခၚဆိုၾကသည္။ ထို တရားမဝင္ဘီယာမ်ားသည္ တ႐ုတ္-ျမန္မာ နယ္စပ္ကိုျဖတ္၍ ေတာင္ႀကီးၿမိဳ႕ အထိ ၁၂ ဘီးကားႀကီး မ်ားျဖင့္ေရာက္ရွိလာၿပီး ။

ေဒသတြင္းျဖန႔္ခ်ိျခင္းကို လက္ခံဒိုင္ႏွစ္ဦး၊ သုံးဦးက လုပ္ကိုင္ေနျခင္း ျဖစ္သည္။’အခုဆိုရင္ ဒီတရားမဝင္ တ႐ုတ္ဘီယာေတြက ေတာ္ေတာ္ ေလးပ်ံ႕ေနၿပီ။ ၁၂ ဘီးကားေတြနဲ႔ ေပၚတင္သယ္ေနၾကတာ။ ၁၂ ဘီးကားတစီးကို ဖာ ၂၂ဝဝ ေလာက္ပါတယ္။ ေတာင္ႀကီးၿမိဳ႕မွာကို ဆိုင္ေရွ႕ ေတြမွာ ဒီအတိုင္းပုံထားတဲ့ အေျခအေနျဖစ္ေနၿပီ။ ႐ြာဘက္ကလူေတြကလည္း ေစ်းေပါ ေတာ့ ေတာ္ေတာ္လည္းေသာက္ေနၾကတယ္”ဟု ေတာင္ႀကီးၿမိဳ႕ခံတဦးက ေျပာသည္။ ေတာင္ႀကီးၿမိဳ႕ႏွင့္အနီးတဝိုက္တြင္ ဆင္ႏွင့္ နဂါး တံဆိပ္ ဘီယာမ်ားသာမက အျခားအမည္မ်ိဳးစုံႏွင့္ တ႐ုတ္ဘီယာအမ်ိဳးအစား ၂ဝ ခန႔္ အလုံးအရင္းျဖင့္ ဝင္ေရာက္ေနသည္မွာ ႏွစ္ႏွင့္ခ်ီေနၿပီဟု သိရသည္။

ေစ်းကြက္ထိုးေဖာက္ပုံမွာ ေစ်းႏႈန္းကို အျခားဘီယာမ်ားထက္ သိသိ သာသာ ခ်ထားသည့္အျပင္ ကံစမ္းမဲ လႈိင္လႈိင္ေပးၿပီး ဆြဲေဆာင္ထား သည္။ လက္လီေရာင္း ခ်သည့္ ဆိုင္မ်ားအတြက္လည္း ကံစမ္းမဲ တ ဖာလဲ တိုင္းလဲတိုင္း ၆ဝဝ မွ ၈ဝဝ က်ပ္အထိ ျပန္အမ္းေပးသည္ဟု သိရသည္။ ကံစမ္းမဲကေတာ့ ေတာ္ေတာ္ေပါက္တယ္။ျပန္လဲရင္လည္း ေကာ္မရွင္ျပန္ေပးေသးတယ္။ ကြၽန္မတို႔က လာလဲတဲ့သူဆီက မဲတခုကို ၅ဝ က်ပ္ ယူတယ္။ ကြၽန္မတို႔အတြက္ေတာ့ ေရာင္းရတာ အဆင္ေျပတယ္။ တရားဝင္လား၊ မဝင္လားေတာ့ ေသခ်ာမသိဘူး။ သူမ်ားေတြလည္း ေရာင္းေနၾက တာပဲေလ”ဟု ဟိုပုံးၿမိဳ႕နယ္မွ ကုန္စုံဆိုင္ပိုင္ရွင္တဦးက ေျပာသည္။

ပအိုဝ့္တိုင္းရင္းသားလက္ နက္ကိုင္မ်ား ထုတ္လုပ္သည့္ဘီယာဟု အထင္မွားေနၾကသည္။’ကြၽန္ေတာ္တို႔နယ္ဘက္မွာလည္း ေတာ္ေတာ္ မ်ားမ်ားေသာက္ၾကတယ္။ ပအိုဝ့္႐ြာေတြဘက္က နဂါးဘီယာကို ေတာ္ေတာ္ေသာက္ၾကတယ္။ တဘူး ၅ဝဝ ဆိုေတာ့လည္း ေအာက္ေျခ လူတန္းစားက ေသာက္ၾကတာေပါ့။ ၿပီးေတာ့ သူတို႔လူမ်ိဳးထုတ္တဲ့ ဘီယာလို႔ေတာင္ တခ်ိဳ႕က ထင္ေနၾကတာေလ။ ကြၽန္ေတာ္လည္း အ စက ပအိုဝ့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ပတ္သက္တယ္လို႔ ထင္ေနတာ။ ဒီကိစၥကို ေလ့လာစုံစမ္းၿပီးေတာ့ ျပည္နယ္ လႊတ္ေတာ္ မွာ ေမးခြန္းေမးသြားဖို႔ စီစဥ္ထားပါတယ္”ဟု ရပ္ေစာက္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေျပာသည္။

တဘူးကို ၅ဝဝ ေရာင္းႏိုင္ရင္ ထုတ္လုပ္မႈစရိတ္က ၂ဝဝ ေလာက္ပဲရွိမယ္။ ဘူးခြံဖိုးရွိမယ္။ သယ္ယူစရိတ္စရိတ္ရွိမယ္။ အဲဒီေတာ့ သူတို႔အ ေနနဲ႔ အခြန္မေပးရဦးဘဲထားဦး ကုန္ၾကမ္းအမွန္ သုံးႏိုင္မွာ မဟုတ္ေလာက္ဘူး။ အရသာအတုလို ဓာတုေဆးေတြပဲသုံးၾကမွာ ေပါ့” ဟု ေတာင္ႀကီးၿမိဳ႕ခံတဦးက ဆိုသည္။ဘီယာခ်က္လုပ္ျခင္းအဆင့္ဆင့္ျဖစ္သည့္ မုေယာစပါးကိုအေညႇာက္ေဖာက္၍ ကစီဓာတ္ မွ သၾကား ဓာတ္ေျပာင္းျခင္း၊ ၿပီးေနာက္ တေစးျဖင့္ ကေစာ္ေဖာက္ျခင္း၊ ဗ်စ္ပြင့္အခါးဓာတ္ျဖင့္ ဘီယာအခ်ိဳအရသာကို ထိန္းခ်ဳပ္ျခင္း၊ ဘူး၊ ပုလင္း သြတ္ျခင္း အစရွိသည့္ စနစ္တက် ျဖတ္သန္း၍ ထုတ္လုပ္ထားျခင္းဟုတ္၊ မဟုတ္ စဥ္းစားၾကည့္လွ်င္ပင္ သိရွိႏိုင္ပါသည္။

ဘီယာဘူးေပၚတြင္ပါရွိသည့္ စာသားမ်ားမွာလည္း တခ်ိဳ႕က အဂၤလိပ္၊ ထိုင္း၊ တ႐ုတ္ ဘာသာစုံ ျဖင့္ေရးသားထားသလို အခ်ိဳ႕ဘူးမ်ားဆို လွ်င္ ျမန္မာဘာသာ၊ တိုင္းရင္းသားဘာသာမ်ားျဖင့္ပါ ေရးသား ထားသည္ကို ေတြ႕ရသည္။ ျဖစ္ကတတ္ဆန္းထုတ္ လုပ္ထားမွန္း ဘူးမ်ား၊ ဖာမ်ားေပၚတြင္ပါရွိသည့္ စားလုံးေပါင္းသတ္ပုံအမွားမ်ားကို ၾကည့္ရႈျခင္းျဖင့္ သိႏိုင္သည္။

REF: NEWS WATCH

UNICODe

ဈေးပေါပေါနဲ့ မြန်မာပြည်ထဲ တစိမ့်စိမ့်စီးဝင်ပြီး ကြီးထွားလာနေတဲ့ တရားမဝင် တရုတ်ဘီယာဈေးကွက်

တရုတ်ကတော့ မြန်မာပြည်သားတွေကို ဇီးရိုးဘတ်ဂျက်တိုး၊ တစ်ရှူးငှက်ပျောကိစ္စများနည်းတူ အခုတခါလည်း ရိုးသားသော ကျေးလက် က တိုင်းရင်းသားများကို နွားမရွှံ့ပိတ်ဘီယာတံဆိပ် ကပ်ထားသည့်အရည်များကို ထိုးရောင်းနေကြလေပြီ။ မည်သည့်ပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်ထားမှန်းမသိသည့်အရည်များကို သောက်သုံးနေကြပါပြီ။ နောင်သုံးလေးနှစ်ကြာသောခါ အမျိုးအမည်မသိ ဘယ်လိုရောဂါဆန်း တွေ ခံစားကြရဦးမလဲဟု စဉ်းစား နေမိပါသည်။ဘီယာတဘူး ၅ဝဝ ကျပ် ‘ဖောက် . . . ရှူး . . .”ကွင်းချိတ်အောက်မှာ “Free Beer” ဒါသည် ဖြစ်စေချင်တဲ့ဆန္ဒဇောနဲ့ အိပ်မက်မက်နေခြင်း မဟုတ်။

မြန်မာပြည်အရှေ့တလွှားမှာ အမှန်တကယ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ပေါ်နေပါပြီ။ဘီယာတဘူးကိုမှ ငါးရာကျပ်ပဲပေး ရတဲ့အပြင် တဘူးသောက် တဘူးပေါက်ကံစမ်းမဲတွေ ဗုံးပေါ လအောပေးနေတယ်ဆို စာဖတ်သူယုံချင်မှယုံပါလိမ့်မယ်။ သို့သော် ဒီစာကို အချိန် ၅ မိနစ်ပေးပြီး အဆုံးထိဖတ်ကြည့်ပါ။တောင်ကြီးမြို့နှင့်အနီးတဝိုက်တွင် ဆင်နှင့် နဂါးတို့ အပေါင်းအပါတစုနှင့်အတူ သောင်းကျန်း ချင် တိုင်း သောင်းကျန်းနေကြသည်ဟု မိတ်ဆွေတဦးက ဖုန်းဆက်ပြီးပြောတော့ အံအားသင့်ခဲ့ရသည်။ ဆင်နှင့်နဂါးဆိုသည်မှာ တိရစ္ဆာန်များကို ဆို လိုခြင်းမဟုတ်ဘဲ တရုတ်ပြည်မှတရားမဝင် ဝင်ရောက်လာ သည့်ဘီယာများကို ဆိုလိုခြင်းဖြစ် ကြောင်း မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

ကွင်းဆင်း လေ့လာခဲ့ရာတွင် တောင်ကြီးမြို့နှင့် အနီးတဝိုက်မြို့နယ် များဖြစ် သည့် ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ရပ် စောက်၊ ဟိုပုံး၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များအထိ တရုတ်ဘက်မှဝင်လာသည့် အမျိုးအမည်မသိ ဘီ ယာများ ပျံ့နှံ့ နေသည်ကို တွေ့ခဲ့ရသည်။ ဘူးများပေါ်တွင် တံဆိပ်အမျိုးမျိုး၊ ဆင်၊ ခြင်္သေ့၊ နဂါး တိရစ္ဆာန်ရုပ်ပုံ အမျိုးမျိုး ပါရှိသဖြင့် ဒေ သ ခံများက ဆင်၊ နဂါး စသဖြင့် အလွယ်ခေါ်ကြသလို တ ဘူးကို ၅ဝဝ ကျပ်သာပေးရသဖြင့် ။အချို့ကလည်း ”ငါးရာတန်ဘီယာ”ဟု ခေါ်ဆိုကြသည်။ ထို တရားမဝင်ဘီယာများသည် တရုတ်-မြန်မာ နယ်စပ်ကိုဖြတ်၍ တောင်ကြီးမြို့ အထိ ၁၂ ဘီးကားကြီး များဖြင့်ရောက်ရှိလာပြီး ။

ဒေသတွင်းဖြန့်ချိခြင်းကို လက်ခံဒိုင်နှစ်ဦး၊ သုံးဦးက လုပ်ကိုင်နေခြင်း ဖြစ်သည်။’အခုဆိုရင် ဒီတရားမဝင် တရုတ်ဘီယာတွေက တော်တော် လေးပျံ့နေပြီ။ ၁၂ ဘီးကားတွေနဲ့ ပေါ်တင်သယ်နေကြတာ။ ၁၂ ဘီးကားတစီးကို ဖာ ၂၂ဝဝ လောက်ပါတယ်။ တောင်ကြီးမြို့မှာကို ဆိုင်ရှေ့ တွေမှာ ဒီအတိုင်းပုံထားတဲ့ အခြေအနေဖြစ်နေပြီ။ ရွာဘက်ကလူတွေကလည်း စျေးပေါ တော့ တော်တော်လည်းသောက်နေကြတယ်”ဟု တောင်ကြီးမြို့ခံတဦးက ပြောသည်။ တောင်ကြီးမြို့နှင့်အနီးတဝိုက်တွင် ဆင်နှင့် နဂါး တံဆိပ် ဘီယာများသာမက အခြားအမည်မျိုးစုံနှင့် တရုတ်ဘီယာအမျိုးအစား ၂ဝ ခန့် အလုံးအရင်းဖြင့် ဝင်ရောက်နေသည်မှာ နှစ်နှင့်ချီနေပြီဟု သိရသည်။

စျေးကွက်ထိုးဖောက်ပုံမှာ စျေးနှုန်းကို အခြားဘီယာများထက် သိသိ သာသာ ချထားသည့်အပြင် ကံစမ်းမဲ လှိုင်လှိုင်ပေးပြီး ဆွဲဆောင်ထား သည်။ လက်လီရောင်း ချသည့် ဆိုင်များအတွက်လည်း ကံစမ်းမဲ တ ဖာလဲ တိုင်းလဲတိုင်း ၆ဝဝ မှ ၈ဝဝ ကျပ်အထိ ပြန်အမ်းပေးသည်ဟု သိရသည်။ ကံစမ်းမဲကတော့ တော်တော်ပေါက်တယ်။ပြန်လဲရင်လည်း ကော်မရှင်ပြန်ပေးသေးတယ်။ ကျွန်မတို့က လာလဲတဲ့သူဆီက မဲတခုကို ၅ဝ ကျပ် ယူတယ်။  ကျွန်မတို့အတွက်တော့ ရောင်းရတာ အဆင်ပြေတယ်။ တရားဝင်လား၊ မဝင်လားတော့ သေချာမသိဘူး။ သူများတွေလည်း ရောင်းနေကြ တာပဲလေ”ဟု ဟိုပုံးမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ပအိုဝ့်တိုင်းရင်းသားလက် နက်ကိုင်များ ထုတ်လုပ်သည့်ဘီယာဟု အထင်မှားနေကြသည်။’ကျွန်တော်တို့နယ်ဘက်မှာလည်း တော်တော် များများသောက်ကြတယ်။ ပအိုဝ့်ရွာတွေဘက်က နဂါးဘီယာကို တော်တော်သောက်ကြတယ်။ တဘူး ၅ဝဝ ဆိုတော့လည်း အောက်ခြေ လူတန်းစားက သောက်ကြတာပေါ့။ ပြီးတော့ သူတို့လူမျိုးထုတ်တဲ့ ဘီယာလို့တောင် တချို့က ထင်နေကြတာလေ။ ကျွန်တော်လည်း အ စက ပအိုဝ့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်တယ်လို့ ထင်နေတာ။ ဒီကိစ္စကို လေ့လာစုံစမ်းပြီးတော့ ပြည်နယ် လွှတ်တော် မှာ မေးခွန်းမေးသွားဖို့ စီစဉ်ထားပါတယ်”ဟု ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

တဘူးကို ၅ဝဝ ရောင်းနိုင်ရင် ထုတ်လုပ်မှုစရိတ်က ၂ဝဝ လောက်ပဲရှိမယ်။ ဘူးခွံဖိုးရှိမယ်။ သယ်ယူစရိတ်စရိတ်ရှိမယ်။ အဲဒီတော့ သူတို့အ နေနဲ့ အခွန်မပေးရဦးဘဲထားဦး ကုန်ကြမ်းအမှန် သုံးနိုင်မှာ မဟုတ်လောက်ဘူး။ အရသာအတုလို ဓာတုဆေးတွေပဲသုံးကြမှာ ပေါ့” ဟု တောင်ကြီးမြို့ခံတဦးက ဆိုသည်။ဘီယာချက်လုပ်ခြင်းအဆင့်ဆင့်ဖြစ်သည့် မုယောစပါးကိုအညှောက်ဖောက်၍ ကစီဓာတ် မှ သကြား ဓာတ်ပြောင်းခြင်း၊ ပြီးနောက် တစေးဖြင့် ကစော်ဖောက်ခြင်း၊ ဗျစ်ပွင့်အခါးဓာတ်ဖြင့် ဘီယာအချိုအရသာကို ထိန်းချုပ်ခြင်း၊ ဘူး၊ ပုလင်း သွတ်ခြင်း အစရှိသည့် စနစ်တကျ ဖြတ်သန်း၍ ထုတ်လုပ်ထားခြင်းဟုတ်၊ မဟုတ် စဉ်းစားကြည့်လျှင်ပင် သိရှိနိုင်ပါသည်။

ဘီယာဘူးပေါ်တွင်ပါရှိသည့် စာသားများမှာလည်း တချို့က အင်္ဂလိပ်၊ ထိုင်း၊ တရုတ် ဘာသာစုံ ဖြင့်ရေးသားထားသလို အချို့ဘူးများဆို လျှင် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာများဖြင့်ပါ ရေးသား ထားသည်ကို တွေ့ရသည်။ ဖြစ်ကတတ်ဆန်းထုတ် လုပ်ထားမှန်း ဘူးများ၊ ဖာများပေါ်တွင်ပါရှိသည့် စားလုံးပေါင်းသတ်ပုံအမှားများကို ကြည့်ရှုခြင်းဖြင့် သိနိုင်သည်။

REF:  NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *