ကိုမဟုတ္သလို ကိုဗစ္အစ စပိန္က” ဆိုၿပီး ေပၚေပၚ ထင္ထင္စြပ္စြဲလိုက္တဲ့ တ႐ုတ္

တ႐ုတ္ႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးနဲ ကာကြယ္ေရးဌာနအႀကီးအကဲကလည္း ကိုဗစ္-၁၉ရဲ႕ ဇစ္ျမစ္ကို လိုက္ရင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ပါဝင္ပတ္သက္ေနမွာ ျဖစ္ၿပီး၊ ဝူဟန္မွာ ဓာတ္ခြဲခန္း ဖြင့္ထား႐ုံေလာက္နဲ႔ေတာ့ သူတို႔ဆီကို ကိုဗစ္စတင္ခဲ့ရာေဒသလို႔ေျပာရင္ အျမင္ က်ဥ္း ေျမာင္းလြန္းရာ က်တယ္လို႔ ေျပာခဲ့ပါတယ္။ WHO ရဲ႕ အေထြေထြဒါ႐ိုက္တာ Tedros Adhanom Ghebreyesus က ဗိုင္းရပ္စ္စတင္ရာ ဇစ္ျမစ္ကို သိႏိုင္ရင္ ကာကြယ္ေဆး ေဖာ္ထုတ္ဖို႔ လြယ္ကူတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ သူက တ႐ုတ္ႏိုင္ငံဟာ ဗိုင္းရပ္စ္ စတင္ရာျဖစ္တယ္ဆိုတဲ့ အခ်က္ကို လက္မခံဘဲ အႀကိမ္ႀကိမ္ ပယ္ခ်ခဲ့ၿပီး၊ ေဒၚနယ္ထရမ့္က တ႐ုတ္ဗိုင္းရပ္စ္လို႔ တံဆိပ္ကပ္ခဲ့မႈကိုလည္း အျပင္းအထန္ ကန႔္ကြက္ခဲ့ဖူးပါတယ္။ ဗိုင္းရပ္စ္နာမည္ကို ႏိုင္ငံတစ္ခုရဲ႕နာမည္နဲ႔ ေခၚေဝၚ ခ်င္းဟာ မသင့္ျမတ္ေၾကာင္း ေထာက္ျပခဲ့တာပါ။ ထရမ့္ကလည္း WHO အေနနဲ႔ တ႐ုတ္ကို မ်က္ႏွာေပးလြန္းတယ္လို႔ စြပ္စြဲၿပီး၊ ရန္ပုံေငြ ထည့္ဝင္မႈကို ရပ္နားခဲ့ပါတယ္။ ယင္းေနာက္ WHO နဲ႔ မပတ္သက္ေတာ့ဘူးလို႔ ေၾကညာ ခဲ့ပါတယ္။

ကမာၻတစ္ဝွမ္း လူဦးေရ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုဗစ္-၁၉ဟာ တ႐ုတ္ႏိုင္ငံကေန စတင္ ခဲ့တာလို႔ သိထားၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ဝူဟန္ဓာတ္ခြဲခန္းကေန လူဦးေရ(၁၂)သန္းေလာက္ရွိတဲ့ ေဒသခံေတြကို စတင္ဒုကၡေပးခဲ့ၿပီး၊ သုေတသီေတြကေတာ့ ကိုဗစ္ဟာ တ႐ုတ္ႏိုင္ငံ မွာ စတင္နာမည္ႀကီးတဲ့ ကာလမတိုင္မီ ႏွစ္လေလာက္ ေစာၿပီး ပ်ံ႕ႏွံ႔ေနခဲ့ၿပီလို႔ ဆိုၾကပါတယ္။ ေရာဂါအမည္ သတ္သတ္မွတ္မွတ္ မရွိခင္ တုန္းကေတာ့ ထူးဆန္းလြန္းတဲ့ အဖ်ားေရာဂါလို႔ တံဆိပ္ ကပ္ခဲ့ၾကသလို၊ တခ်ိဳ႕သတင္းေတြမွာေတာ့ ထူးဆန္းလြန္းတဲ့ အဆုပ္ေရာင္ေရာ ဂါလို႔ သတ္မွတ္ခဲ့ပါတယ္။

ကိုဗစ္-၁၉လို႔ WHO က နာမည္မသတ္မွတ္ေသးခင္မွာ အေမရိကန္သမၼတထရမ့္က တ႐ုတ္ဗိုင္းရပ္စ္လို႔ ေျပာဆိုခဲ့လို႔ နာမည္ႀကီး ခဲ့ပါေသး တယ္။တခ်ိဳ႕သတင္းေတြကေတာ့ ဝူဟန္ၿမိဳ႕ကို အစြဲျပဳၿပီး ဝူဟန္ဗိုင္းရပ္စ္လို႔ ေဖာ္ျပၾကပါတယ္။ အေနာက္ ဥေရာပေတြကေတာ့ တ႐ုတ္က ဇီဝလက္နက္အျဖစ္ ဖန္တီးထားတဲ့ ဗိုင္းရပ္စ္လို႔ ေဖာ္ျပခဲ့ၾကရာ၊ တ႐ုတ္အေျခစိုက္ သတင္းစာေတြနဲ႔ အျငင္းပြားခဲ့ၾကပါေသးတယ္။ အဲဒီ ေနာက္ တ႐ုတ္အေျခစိုက္ လူမႈကြန္ရက္ေတြမွာ ဗိုင္းရပ္ စ္ဟာ အေမရိကန္က စတင္ခဲ့တာျဖစ္ေၾကာင္း၊ ေကာလာဟလေတြ စတင္ျဖန႔္ ေဝခဲ့ပါတယ္။

အေမရိကန္ စုံေထာက္ေတြရဲ႕ ေဖာ္ထုတ္ခ်က္ေတြအရ တ႐ုတ္အစိုးရဟာ သတင္း အမွားေတြ ျဖန႔္ေဝဖို႔၊ ထင္ေယာင္ထင္မွား သတင္းေတြ ဖန္တီးဖို႔အတြက္ မီဒီယာအသင္းေတြ တည္ေထာင္ေပးထားတယ္လို႔ ဆိုပါတယ္။ ဒီလို သတင္းအမွားေတြကို အမ်ားျပည္သူက ျမင္ဖန္မ်ား၊ အခ်က္အလက္ အမွားေတြ ကို အသိမွားလာတဲ့အခါ အမွန္က အမွားျဖစ္ၿပီး၊ အမွားကေန အမွန္ျဖစ္ေအာင္ တ႐ုတ္က ႀကံေဆာင္ေန တယ္ လို႔ ဆိုပါတယ္။အဲဒီနည္းနဲ႔ ကိုဗစ္ဟာ တ႐ုတ္ႏိုင္ငံကေန စတင္ခဲ့တာဆိုတဲ့ သမိုင္းကို ေျဖာက္ဖ်က္ခ်င္ ပုံရပါတယ္။

ဒါေပမယ့္ မီဒီယာအင္အားခ်င္း ယွဥ္တဲ့အခါမွာေတာ့ ဥေရာပကို တ႐ုတ္တို႔ မယွဥ္ႏိုင္ခဲ့ဘဲ လက္ရွိအခ်ိန္ထိ ေတာ္ေတာ္မ်ားမ်ားက ကိုဗစ္ ဟာ တ႐ုတ္ကေနစတင္ခဲ့တာဆိုၿပီး လက္ခံေနၾကတယ္လို႔ ဆိုရမွာပါ။ အခုအခါ မွာေတာ့ တ႐ုတ္မီဒီယာေတြက ကိုဗစ္အစ စပိန္ကဆိုၿပီး ေဖာ္ျပ လာပါတယ္။ ကိုဗစ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ မူလအရင္းအခံမဟုတ္ေၾကာင္း၊ ဥေရာပက စတင္ခဲ့တာ ျဖစ္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။ အထူးသျဖင့္ ကိုဗစ္ဟာ ဘာစီလိုနာကေန စတင္ခဲ့တာလို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ အမ်ားျပည္သူဆိုင္ရာက်န္းမာေရး အႀကီးတန္းအႀကံေပး Wang Guangfa ရဲ႕အဆိုအရ (၂၀၁၉)ခုႏွစ္ မတ္လတုန္းက လုပ္ခဲ့ တဲ့ သုေတသနလုပ္ငန္းမွာ ဘာစီလိုနာက စြန႔္ပစ္ေရဆိုးေတြအတြင္း ကိုဗစ္နမူနာေတြ ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

Ref ; The Sun

ေလးစားမႈျဖင့္ ခရစ္ဒက္ လင္းသုတ

UNICODE

ကိုမဟုတ်သလို ကိုဗစ်အစ စပိန်က” ဆိုပြီး ပေါ်ပေါ် ထင်ထင်စွပ်စွဲလိုက်တဲ့ တရုတ်

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ ကာကွယ်ရေးဌာနအကြီးအကဲကလည်း ကိုဗစ်-၁၉ရဲ့ ဇစ်မြစ်ကို လိုက်ရင် နိုင်ငံတော်တော်များများက ပါဝင်ပတ်သက်နေမှာ ဖြစ်ပြီး၊ ဝူဟန်မှာ ဓာတ်ခွဲခန်း ဖွင့်ထားရုံလောက်နဲ့တော့ သူတို့ဆီကို ကိုဗစ်စတင်ခဲ့ရာဒေသလို့ပြောရင် အမြင် ကျဉ်း မြောင်းလွန်းရာ ကျတယ်လို့ ပြောခဲ့ပါတယ်။ WHO ရဲ့ အထွေထွေဒါရိုက်တာ Tedros Adhanom Ghebreyesus က ဗိုင်းရပ်စ်စတင်ရာ ဇစ်မြစ်ကို သိနိုင်ရင် ကာကွယ်ဆေး ဖော်ထုတ်ဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူက တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ် စတင်ရာဖြစ်တယ်ဆိုတဲ့ အချက်ကို လက်မခံဘဲ အကြိမ်ကြိမ် ပယ်ချခဲ့ပြီး၊ ဒေါ်နယ်ထရမ့်က တရုတ်ဗိုင်းရပ်စ်လို့ တံဆိပ်ကပ်ခဲ့မှုကိုလည်း အပြင်းအထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ ဗိုင်းရပ်စ်နာမည်ကို နိုင်ငံတစ်ခုရဲ့နာမည်နဲ့ ခေါ်ဝေါ် ချင်းဟာ မသင့်မြတ်ကြောင်း ထောက်ပြခဲ့တာပါ။ ထရမ့်ကလည်း WHO အနေနဲ့ တရုတ်ကို မျက်နှာပေးလွန်းတယ်လို့ စွပ်စွဲပြီး၊ ရန်ပုံငွေ ထည့်ဝင်မှုကို ရပ်နားခဲ့ပါတယ်။ ယင်းနောက် WHO နဲ့ မပတ်သက်တော့ဘူးလို့ ကြေညာ ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း လူဦးရေ တော်တော်များများကတော့ ကိုဗစ်-၁၉ဟာ တရုတ်နိုင်ငံကနေ စတင် ခဲ့တာလို့ သိထားကြပါတယ်။ တရုတ်နိုင်ငံမှာ ဝူဟန်ဓာတ်ခွဲခန်းကနေ လူဦးရေ(၁၂)သန်းလောက်ရှိတဲ့ ဒေသခံတွေကို စတင်ဒုက္ခပေးခဲ့ပြီး၊ သုတေသီတွေကတော့ ကိုဗစ်ဟာ တရုတ်နိုင်ငံ မှာ စတင်နာမည်ကြီးတဲ့ ကာလမတိုင်မီ နှစ်လလောက် စောပြီး ပျံ့နှံ့နေခဲ့ပြီလို့ ဆိုကြပါတယ်။ ရောဂါအမည် သတ်သတ်မှတ်မှတ် မရှိခင် တုန်းကတော့ ထူးဆန်းလွန်းတဲ့ အဖျားရောဂါလို့ တံဆိပ် ကပ်ခဲ့ကြသလို၊ တချို့သတင်းတွေမှာတော့ ထူးဆန်းလွန်းတဲ့ အဆုပ်ရောင်ရော ဂါလို့ သတ်မှတ်ခဲ့ပါတယ်။

ကိုဗစ်-၁၉လို့ WHO က နာမည်မသတ်မှတ်သေးခင်မှာ အမေရိကန်သမ္မတထရမ့်က တရုတ်ဗိုင်းရပ်စ်လို့ ပြောဆိုခဲ့လို့ နာမည်ကြီး ခဲ့ပါသေး တယ်။တချို့သတင်းတွေကတော့ ဝူဟန်မြို့ကို အစွဲပြုပြီး ဝူဟန်ဗိုင်းရပ်စ်လို့ ဖော်ပြကြပါတယ်။ အနောက် ဥရောပတွေကတော့ တရုတ်က ဇီဝလက်နက်အဖြစ် ဖန်တီးထားတဲ့ ဗိုင်းရပ်စ်လို့ ဖော်ပြခဲ့ကြရာ၊ တရုတ်အခြေစိုက် သတင်းစာတွေနဲ့ အငြင်းပွားခဲ့ကြပါသေးတယ်။ အဲဒီ နောက် တရုတ်အခြေစိုက် လူမှုကွန်ရက်တွေမှာ ဗိုင်းရပ် စ်ဟာ အမေရိကန်က စတင်ခဲ့တာဖြစ်ကြောင်း၊ ကောလာဟလတွေ စတင်ဖြန့် ဝေခဲ့ပါတယ်။

အမေရိကန် စုံထောက်တွေရဲ့ ဖော်ထုတ်ချက်တွေအရ တရုတ်အစိုးရဟာ သတင်း အမှားတွေ ဖြန့်ဝေဖို့၊ ထင်ယောင်ထင်မှား သတင်းတွေ ဖန်တီးဖို့အတွက် မီဒီယာအသင်းတွေ တည်ထောင်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီလို သတင်းအမှားတွေကို အများပြည်သူက မြင်ဖန်များ၊ အချက်အလက် အမှားတွေ ကို အသိမှားလာတဲ့အခါ အမှန်က အမှားဖြစ်ပြီး၊ အမှားကနေ အမှန်ဖြစ်အောင် တရုတ်က ကြံဆောင်နေ တယ် လို့ ဆိုပါတယ်။အဲဒီနည်းနဲ့ ကိုဗစ်ဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့တာဆိုတဲ့ သမိုင်းကို ဖြောက်ဖျက်ချင် ပုံရပါတယ်။

ဒါပေမယ့် မီဒီယာအင်အားချင်း ယှဉ်တဲ့အခါမှာတော့ ဥရောပကို တရုတ်တို့ မယှဉ်နိုင်ခဲ့ဘဲ လက်ရှိအချိန်ထိ တော်တော်များများက ကိုဗစ် ဟာ တရုတ်ကနေစတင်ခဲ့တာဆိုပြီး လက်ခံနေကြတယ်လို့ ဆိုရမှာပါ။ အခုအခါ မှာတော့ တရုတ်မီဒီယာတွေက ကိုဗစ်အစ စပိန်ကဆိုပြီး ဖော်ပြ လာပါတယ်။ ကိုဗစ်ဟာ တရုတ်နိုင်ငံရဲ့ မူလအရင်းအခံမဟုတ်ကြောင်း၊ ဥရောပက စတင်ခဲ့တာ ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ဟာ ဘာစီလိုနာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အများပြည်သူဆိုင်ရာကျန်းမာရေး အကြီးတန်းအကြံပေး Wang Guangfa ရဲ့အဆိုအရ (၂၀၁၉)ခုနှစ် မတ်လတုန်းက လုပ်ခဲ့ တဲ့ သုတေသနလုပ်ငန်းမှာ ဘာစီလိုနာက စွန့်ပစ်ရေဆိုးတွေအတွင်း ကိုဗစ်နမူနာတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Ref ; The Sun

လေးစားမှုဖြင့် ခရစ်ဒက် လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *