




Jasmine (Mckzone Daily)

Source: worldofbuzz

UNICODE

ညီမအရင်း လို သဘောထားခဲ့ေ ပမဲ့ နောက်ကွယ် မှာကိုယ့်ယောင်္ကျား နဲ့ တိတ်တိတ် ပုန်းနေတဲ့မိန်းမကို အရှက်ခွဲပစ်ခဲ့တဲ့အမျိုးသမီး

ကြေကွဲစရာ အဖြစ်အပျက် တစ်ခုပါ။Hanna အမည်ရှိ တဲ့ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးဟာ အသက် 34 နှစ်ရှိနေပြီဖြစ်တဲ့အ ပြက် မိတ်ကပ်ဆရာတစ်ယောက် အနေနဲ့အလုပ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ် ။ ထို့နောက် သူမဟာ Yaya အမည်ရှိတဲ့ မိန်းကလေးကို Kuala Lumpur မြို့မှာ marketing သင်တန်းတက်နေတုန်း အဖော်မရှိဘဲတစ်ယောက်တည်းထိုင်နေခဲ့တာကိုတွေ့ရှိခဲ့လို့ စပြီးခေါ်ပြော နှုတ်ဆက်ရင်း ထိုအချိန် ကတည်းကသူမတို့ဟာ ညီမအရင်းတွေလို ခင်မင်ခဲ့ကြပါတယ် ။

Hanna ဟာ သူမရဲ့နောက်ကွယ်မှာ ခင်ပွန်းဖြစ်သူ နဲ့ အဆိုပါမိန်းကလေးတို့ဖောက်ပြန်နေခဲ့တာကို ရင်ကွဲဝမ်းနည်းစွာနှင့် Facebook စာမျက်နှာပေါ်မှာဝေမျှခဲ့ရင်း အဆိုပါကိစ္စဟာအတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။Hanna ကတော့ အဆိုပါမိန်းကလေး နဲ့ သူမရဲ့ခင်ပွန်းတို့ အချင်းချင်း message ပေးပို့ရင်း ချစ်သူအဖြစ်သို့ရောက်ရှိခဲ့ကြတဲ့ သူတို့ရဲ့ စာတွေကိုဖတ်မိခဲ့ပါတယ် ။ Hanna ဟာ အဆိုပါမိန်းကလေးကို နားလည်သဘောပေါက်မယ်ထင်ပြီး အရင်ဆုံး ထိတ်တိုက်တွေ့ဆုံပြီးဖြေရှင်းခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း ခင်ပွန်းဖြစ်သူနှင့် အဆိုပါမိန်းကလေးတို့ဟာ Saudi Arabia နိုင်ငံမှာရှိတဲ့ Media မြို့သို့ အတူသွားရောက်ခဲ့ပြီး အဆိုပါ မိန်းကလေးရဲ့မွေးနေ့ကို အတူတူဖြတ်သန်းခဲ့ကြပါတယ် ။ထို့အပြင် သူမရဲ့ခင်ပွန်းဟာ သူမ တတိယမြောက်ကိုယ်ဝန် စလွယ်တဲ့အချိန် ကစပြီး ဖောက်ပြန်နေခဲ့တာဖြစ်ပြီး ၊ ပြီးခဲ့တဲ့ January 6 ရက်နေ့က အဆိုပါမိန်းကလေးနဲ့ ထိုင်းနယ်စပ်ဖက်မှာ လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကိုကြားသိရပြီးနောက်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းချင်နေပြီဖြစ်ပါတယ်။

မယားကြီးတစ်ယောက်အနေနဲ့ ဆက်ပြီးမနေနိုင်ကြောင်း ရင်ကွဲဝမ်းနည်းစွာဖြင့် သူမရဲ့ Facebook စာမျက်နှာမှာ ဝေမျှသွားခဲ့ပါတယ် ။ သူမရဲ့အကြောင်းကို ပြန်လည်ဝေမျှသူလည်း အများအပြားရှိခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *