



REF: SHWE WIKI

UNICODE

တ ရုတ် မှာ ‌ရွှေတုရောင်းချ မှုတွေ ရှိနေ၍ မြန်မာကုန်သည်များ သတိထားရန် ရွှေလုပ်ငန်းရှင်းများ အသင်း အသိပေး

ရွှေအတုတွေ ဟာ နယ်စပ်ကနေ ပုံစံမျိုးစုံနဲ့ ဝင်လာနိုင်တာကြောင့် ပွဲစားသဘောမျိုး မပူးပေါင်းမိကြဖို့လည်း တိုက်တွန်းထား ပါတယ်။ ခွဲခြားရခက်နေတဲ့ ရွှေအတုအစစ်ကို သိပ်သည်းဆည်းဆနဲ့ အရည်အသွေးရာခိုင်နှုန်းစစ်ဆေးတဲ့ စက်နှစ်မျိုးလုံး ကို အသုံးပြုမှသာ သိသာ ထင်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မှာ တရုတ်နိုင်ငံသားတွေက ရွှေတုံးအတု ( ၂၀၀ ) ကို လိမ်ညာရောင်ချ ခဲ့ဖူး ပါတယ်။၂၀၂၀ ဇူလိုင်( ၄ ) ရက် အိမ်နီးချင်း တရုတ်နိုင်ငံ မှာ ရွှေတုံး အတုရောင်းချမှုတွေ ပျံ့နှံ့နေတာကြောင့် ပုံမှန် မဟုတ်တဲ့ ရွှေတွေ ကို သတိထားဝယ်ယူ ဖို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်းများ အသင်း က သတိပေး ထား ပါ တယ် ။

“ပြည်တွင်း မှာက သူ့ Brand နဲ့ သူ ထုတ်တယ်လေ ။ ဒီက ဗမာလောင်း တဲ့ ပုံစံနဲ့ ဟိုဘက်က ဝင်လာတဲ့ပုံနဲ့က လုံးဝမတူဘူး ။ လောင်း ခြင်းလည်း မတူဘူး ဗြက်လည်းမတူဘူး အားလုံးမတူဘူး။ အဲလိုမတူတဲ့ ဟာတွေ ကုန်အမှတ်ကနိုင်ငံခြားတံဆိပ် နဲ့ ဝင်လာတာတွေ ကို သတိထား သင့်တယ်”လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဦးကျော်ဝင်းက O Media ကို ပြောပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *