ဖားကန႔္ေျမၿပိဳမႈမွာ အသက္ေဘး ကေန သီသီေလး လြတ္ေျမာက္လာတဲ့ ေရမေဆးသမား တစ္ဦးရဲ႕ ေျပာျပခ်က္ ( ႐ုပ္/သံ )

ဖားကန႔္ေျမစာပုံ ၿပိဳက်မႈ ရွာေဖြ ကယ္ဆယ္ေရးဟာ ဒီကေန႔ ဆိုရင္ သုံးရက္ေျမာက္ရွိလာၿပီျဖစ္ၿပီး အေလာင္းျပန္ေတြ႕ရႏိုးႏိုး နဲ႔ လာ ေရာက္ေစာင့္ဆိုင္း ေနတဲ့ သူေတြလည္း ရွိေနဆဲပါ။ျပန္လည္ရွာေတြ႕ ခဲ့တဲ့ ႐ုပ္အေလာင္းေတြ ကို သက္ဆိုင္ရာ မိသားစုဝင္ေတြက ျပန္လည္ သယ္ေဆာင္ၾကတာ ရွိသလို မိသားစုဆႏၵအရ အုပ္ခ်ဳပ္ေရး အဖြဲ႕ ကလည္း သၿဂိဳဟ္ေပးတာရွိပါတယ္။

ပိုင္ရွင္မဲ့ အေလာင္းအခ်ိဳ႕လည္းရွိေနၿပီး ဒီအေလာင္းေတြ ကိုေတာ့ အုပ္ခ်ဳပ္ေရးဘက္ကပဲ သၿဂိဳဟ္ေပးသြားမယ္လို႔ သိရပါတယ္။ ကယ္ ဆယ္ေရး အဖြဲ႕ေတြကေတာ့ ႀကိဳးစားပမ္းစား ရွာေဖြေနတုန္း ပါပဲ။ဒါ့အတူ ေျမၿပိဳတဲ့ အထဲ ပါသြားတဲ့ မိမိ တို႔ရဲ႕သက္ဆိုင္သူေတြ ၊မိသားစုဝင္ ေတြ ၊ မိတ္ေဆြေတြ ကို ျပန္ေတြ႕ ရဖို႔ ေမွ်ာ္လင့္တႀကီး နဲ႔ ေစာင့္ေမွ်ာ္ေနၾကသူေတြကလည္း အမ်ားႀကီးပါ။

ကယ္ဆယ္ေရး အဖြဲ႕ေတြ ရဲ႕ခပ္လွမ္းလွမ္းမွာ ဟိုတစ္စု ၊ဒီတစ္စု ေတြ႕ျမင္ႏိုင္ပါတယ္။ သူကေတာ့ အသက္ေဘး ကေန သီသီေလးလြတ္ ေျမာက္လာတဲ့ ေရမေဆးသမား တစ္ဦးျဖစ္သူ ကိုသိန္းသန္းစိုးပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖားကန႔္ ၊ ေဝွခါေမွာ္မွာ ေျမၿပိဳ မႈျဖစ္ပြား ခ်ိန္မွာ ကိုသန္းစိုး လည္း ေရမေဆးေက်ာက္ရွာေဖြ ေနခ်ိန္ ျဖစ္ပါတယ္။

ဒါေပမယ့္ ေျမၿပိဳတာကို သိသိခ်င္းပဲ အျမန္ေျပး တက္လာႏိုင္တဲ့အတြက္ အသက္ေဘးက ေနလြတ္ခဲ့တာပါ။ ကိုသန္းစိုးလို အခ်ိန္မီေျပး မတက္ ႏိုင္တဲ့သူေတြ ကေတာ့ အသက္ဆုံးရႈံး ခဲ့ရပါတယ္။ကိုသန္းစိုး လိုပဲ ရရာေျပးဆြဲၿပီး တက္ေျပး ခဲ့လို႔ အသက္ေဘးက လြတ္ေျမာက္ သြားသူေတြလည္းရွိပါတယ္။ ဒါေပမယ့္ ဒီလိုလူမ်ိဳးက လူနည္းစုပါ။

ျဖစ္စဥ္ကို ျမင္ေတြ႕လိုက္ရတဲ့ ေဒသခံေတြ ေျမၿပိဳက်မႈမွာ ပါသြားတဲ့ေရမေဆးေက်ာက္ ရွာေဖြသူဟာ ႏွစ္ရာေလာက္ ရွိမယ္လို႔ခန႔္မွန္း ထား ပါတယ္။ ေျမၿပိဳတာကို ၾကားရၿပီးေနာက္ ျဖစ္စဥ္ကို သြားေရာက္ၾကည့္ရႈခဲ့သူ အမ်ိဳးသမီးတစ္ဦးျဖစ္သူ မခင္ႏွင္းေဌး ကအခု လိုေျပာ ျပပါ တယ္။ေျမၿပိဳက်မႈ ျဖစ္စဥ္ထဲမွာ တူေတာ္စပ္သူ ပါသြားတဲ့ ဦးေအာင္သန္း ကေတာ့ သူရဲ႕ တူကို ျပန္ေတြ႕ ရေပမယ့္ အသက္မရွိေတာ့ပါဘူး။

ဒီကေန႔ အထိေတာ့ ကယ္ဆယ္ေရးလုပ္ရာ မွာ ႐ုပ္အေလာင္း ၁၇၄ ေလာင္းကိုေတြ႕ရွိ ထားရပါၿပီ။ ကယ္ဆယ္ေရး လုပ္ရတာ ကေတာ့ မ လြယ္ကူလွပါဘူး။ ရာသီဥတု အေျခအေနအရ မိုးသည္းလာတဲ့ အခ်ိန္မွာ ေခတၱရပ္နားလိုက္ ရတာေတြရွိပါတယ္။

႐ုပ္သံသတင္းေထာက္ – ၿဖိဳးၿဖိဳးေဇာ္

UNICODE

ဖားကန့်မြေပြိုမှုမှာ အသက်ဘေး ကနေ သီသီလေး လွတ်မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးရဲ့ ပြောပြချက် ( ရုပ်/သံ )

ဖားကန့်မြေစာပုံ ပြိုကျမှု ရှာဖွေ ကယ်ဆယ်ရေးဟာ ဒီကနေ့ ဆိုရင် သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး အလောင်းပြန်တွေ့ရနိုးနိုး နဲ့ လာ ရောက်စောင့်ဆိုင်း နေတဲ့ သူတွေလည်း ရှိနေဆဲပါ။ပြန်လည်ရှာတွေ့ ခဲ့တဲ့ ရုပ်အလောင်းတွေ ကို သက်ဆိုင်ရာ မိသားစုဝင်တွေက ပြန်လည် သယ်ဆောင်ကြတာ ရှိသလို မိသားစုဆန္ဒအရ အုပ်ချုပ်ရေး အဖွဲ့ ကလည်း သဂြိုဟ်ပေးတာရှိပါတယ်။

ပိုင်ရှင်မဲ့ အလောင်းအချို့လည်းရှိနေပြီး ဒီအလောင်းတွေ ကိုတော့ အုပ်ချုပ်ရေးဘက်ကပဲ သဂြိုဟ်ပေးသွားမယ်လို့ သိရပါတယ်။ ကယ် ဆယ်ရေး အဖွဲ့တွေကတော့ ကြိုးစားပမ်းစား ရှာဖွေနေတုန်း ပါပဲ။ဒါ့အတူ မြေပြိုတဲ့ အထဲ ပါသွားတဲ့ မိမိ တို့ရဲ့သက်ဆိုင်သူတွေ ၊မိသားစုဝင် တွေ ၊ မိတ်ဆွေတွေ ကို ပြန်တွေ့ ရဖို့ မျှော်လင့်တကြီး နဲ့ စောင့်မျှော်နေကြသူတွေကလည်း အများကြီးပါ။

ကယ်ဆယ်ရေး အဖွဲ့တွေ ရဲ့ခပ်လှမ်းလှမ်းမှာ ဟိုတစ်စု ၊ဒီတစ်စု တွေ့မြင်နိုင်ပါတယ်။ သူကတော့ အသက်ဘေး ကနေ သီသီလေးလွတ် မြောက်လာတဲ့ ရေမဆေးသမား တစ်ဦးဖြစ်သူ ကိုသိန်းသန်းစိုးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖားကန့် ၊ ဝှေခါမှော်မှာ မြေပြို မှုဖြစ်ပွား ချိန်မှာ ကိုသန်းစိုး လည်း ရေမဆေးကျောက်ရှာဖွေ နေချိန် ဖြစ်ပါတယ်။

ဒါပေမယ့် မြေပြိုတာကို သိသိချင်းပဲ အမြန်ပြေး တက်လာနိုင်တဲ့အတွက် အသက်ဘေးက နေလွတ်ခဲ့တာပါ။ ကိုသန်းစိုးလို အချိန်မီပြေး မတက် နိုင်တဲ့သူတွေ ကတော့ အသက်ဆုံးရှုံး ခဲ့ရပါတယ်။ကိုသန်းစိုး လိုပဲ ရရာပြေးဆွဲပြီး တက်ပြေး ခဲ့လို့ အသက်ဘေးက လွတ်မြောက် သွားသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးက လူနည်းစုပါ။

ဖြစ်စဉ်ကို မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေ မြေပြိုကျမှုမှာ ပါသွားတဲ့ရေမဆေးကျောက် ရှာဖွေသူဟာ နှစ်ရာလောက် ရှိမယ်လို့ခန့်မှန်း ထား ပါတယ်။ မြေပြိုတာကို ကြားရပြီးနောက် ဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူ အမျိုးသမီးတစ်ဦးဖြစ်သူ မခင်နှင်းဌေး ကအခု လိုပြော ပြပါ တယ်။မြေပြိုကျမှု ဖြစ်စဉ်ထဲမှာ တူတော်စပ်သူ ပါသွားတဲ့ ဦးအောင်သန်း ကတော့ သူရဲ့ တူကို ပြန်တွေ့ ရပေမယ့် အသက်မရှိတော့ပါဘူး။

ဒီကနေ့ အထိတော့ ကယ်ဆယ်ရေးလုပ်ရာ မှာ ရုပ်အလောင်း ၁၇၄ လောင်းကိုတွေ့ရှိ ထားရပါပြီ။ ကယ်ဆယ်ရေး လုပ်ရတာ ကတော့ မ လွယ်ကူလှပါဘူး။ ရာသီဥတု အခြေအနေအရ မိုးသည်းလာတဲ့ အချိန်မှာ ခေတ္တရပ်နားလိုက် ရတာတွေရှိပါတယ်။

ရုပ်သံသတင်းထောက် – ဖြိုးဖြိုးဇော်

Add a Comment

Your email address will not be published. Required fields are marked *