လိမ္နည္း တစ္မ်ိဳးတဲ့ သတိထားၾကပါ(KBZ PAY သုံးတဲ့သူေတြကို ပစ္မွတ္ ထားၿပီး လိမ္ေနတာပါ)

အားလုံး သတိထား ရေအာင္ ေျပာျပတာပါ… လူလိမ္ေတြက ေလာဘ နဲ႔ ျမႇားပီး ဘဏ္ကပါ ဆိုပီး ေငြလိမ္ေနၾကပီမို႔ သတိ မေပါ့ ဖို႔ပါ… သူ႔ ဖုန္းနံပါတ္ SS႐ိုက္ပီး တင္လိုက္ပါတယ္… အဲဖုန္းကို ျပန္ဆက္ေတာ့ ပိတ္သြားပါပီ…

ခုပဲ ေနျပည္ေတာ္ ကေမာၻဇ Bank က ဆိုပီး ဖုန္းဆက္ လာပါတယ္ … က်ေတာ္ ေကဘီဇက္ Pay ကို ကံစမ္းမဲ ၁၅၀,၀၀၀ ေပါက္ လို႔ ပိုက္ဆံ ထည့္ေပး မယ္လို႔ ေျပာပါတယ္… (ေနျပည္ေတာ္ မွာ လာထုတ္ယူႏိုင္ မလားလို႔ အရင္ေမး ပါတယ္)

အဲ မွာ Message ဝင္လာပါတယ္… အဲဒါ ပိုက္ဆံ ထည့္ဖို႔ SMS Code ကို အတင္းေတာင္း ပါတယ္… အစ ေၾကာင္သြားပီး ေပးမိမလို ျဖစ္ သြားပါတယ္… ေနာက္မွ ေက်ာင္းက ဆရာမ တစ္ဦး အဲလို အစည္းေဝးခန္းမွာ ေတာင္းတာ ကိုေမ့ပီး ေပးမိလို႔ ခံလိုက္ ရေၾကာင္း ေရးထား တာ ဖတ္မိလို႔ မေပးလိုက္ပါဘူး… (ဆရာမကို ေက်းဇူး အထူးတင္ပါတယ္)

တကယ္ဆို ကိုယ္က ပိုက္ဆံရရင္ ဘာ Code မွ ျပန္ေျပာစရာ မလိုပါဘူး… အေကာင့္ထဲ ေငြ တန္းဝင္တာကို ေမ့သြားပီး Code နံပါတ္ ေပးမိ ေတာ့ မလို႔ပါ… ( ပထမ ဂဏန္းတစ္လုံးေတာင္႐ြတ္ျပမိ သြားပီးမွ သတိျပန္ဝင္လာပါ)/

Nang Ei KayKhing

UNICODE

လိမ်နည်း တစ်မျိုးတဲ့ သတိထားကြပါ(KBZ PAY သုံးတဲ့သူတွေကို ပစ်မှတ် ထားပြီး လိမ်နေတာပါ)

အားလုံး သတိထား ရအောင် ပြောပြတာပါ… လူလိမ်တွေက လောဘ နဲ့ မြှားပီး ဘဏ်ကပါ ဆိုပီး ငွေလိမ်နေကြပီမို့ သတိ မပေါ့ ဖို့ပါ… သူ့ ဖုန်းနံပါတ် SSရိုက်ပီး တင်လိုက်ပါတယ်… အဲဖုန်းကို ပြန်ဆက်တော့ ပိတ်သွားပါပီ…

ခုပဲ နေပြည်တော် ကမ္ဘောဇ Bank က ဆိုပီး ဖုန်းဆက် လာပါတယ် … ကျတော် ကေဘီဇက် Pay ကို ကံစမ်းမဲ ၁၅၀,၀၀၀ ပေါက် လို့ ပိုက်ဆံ ထည့်ပေး မယ်လို့ ပြောပါတယ်… (နေပြည်တော် မှာ လာထုတ်ယူနိုင် မလားလို့ အရင်မေး ပါတယ်)

အဲ မှာ Message ဝင်လာပါတယ်… အဲဒါ ပိုက်ဆံ ထည့်ဖို့ SMS Code ကို အတင်းတောင်း ပါတယ်… အစ ကြောင်သွားပီး ပေးမိမလို ဖြစ် သွားပါတယ်… နောက်မှ ကျောင်းက ဆရာမ တစ်ဦး အဲလို အစည်းဝေးခန်းမှာ တောင်းတာ ကိုမေ့ပီး ပေးမိလို့ ခံလိုက် ရကြောင်း ရေးထား တာ ဖတ်မိလို့ မပေးလိုက်ပါဘူး… (ဆရာမကို ကျေးဇူး အထူးတင်ပါတယ်)

တကယ်ဆို ကိုယ်က ပိုက်ဆံရရင် ဘာ Code မှ ပြန်ပြောစရာ မလိုပါဘူး… အကောင့်ထဲ ငွေ တန်းဝင်တာကို မေ့သွားပီး Code နံပါတ် ပေးမိ တော့ မလို့ပါ… ( ပထမ ဂဏန်းတစ်လုံးတောင်ရွတ်ပြမိ သွားပီးမှ သတိပြန်ဝင်လာပါ)/

Nang Ei KayKhing

Add a Comment

Your email address will not be published. Required fields are marked *