လူရာနဲ႔ခ်ီ ေသဆုံး မႈျဖစ္ေပၚခဲ့ရတဲ့ ဖားကန႔္ေဒသ ေျမၿပိဳရျခင္းအေၾကာင္းရင္း စုံစမ္း စစ္ေဆးေရးအ ဖြဲ႕ ဥကၠ႒ ေျပာၿပီ

ဇူလိုင္ ၂ ရက္ေန႔က ဖားကန႔္ေဒသမွာ ျဖစ္ပြားခဲ့တဲ့ ေျမၿပိဳတဲ့ျဖစ္စဥ္ေၾကာင့္ လူေပါင္း ၁၇၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ဒဏ္ရာရတဲ့သူ ၅၀ ေက်ာ္ ရွိပါတယ္။အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အြန္လိုင္းစကားဝိုင္းတခုမွာ ဖားကန႔္ ကိစၥဟာ ႏိုင္ငံအတြက္ ဝမ္းနည္းစရာ ကိစၥ တခုျဖစ္တယ္လို႔ ထည့္သြင္းေျပာဆိုခဲ့ေပမယ့္ အစိုးရအေနနဲ႔ေတာ့ ေၾကညာခ်က္ ထုတ္ျပန္တာေတြ မရွိေသးပါဘူး။ ဖားကန႔္ ေျမၿပိဳ က်တဲ့ ျဖစ္ရပ္အေပၚ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္နဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြကေတာ့ ဝမ္းနည္းေၾကာင္း ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္ထားပါတယ္။

ဖားကန႔္ေ ဒသ ေဝွခါေမွာ္မွာ ျဖစ္ပြားတဲ့ ေျမၿပိဳက်တဲ့ ျဖစ္စဥ္မွာ သတိေပးထားေပမဲ့ လူေတြရဲ႕ေလာဘေၾကာင့္ လာၿပီးရွာၾကတဲ့အတြက္ လူအမ်ားအျပား ေသဆုံးခဲ့တာလို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒က ေျပာပါတယ္။ ကခ်င္ျပည္နယ္ ဖားကန႔္ေဒသ ေဝွခါေက်း႐ြာမွာ ျဖစ္ပြား ခဲ့တဲ့ ေျမၿပိဳက်တဲ့ကိစၥနဲ႔ ပတ္သက္လို႔ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဝန္ႀကီး ေခါင္းေဆာင္ တဲ့ စုံစမ္းစစ္ ေဆးေရးအဖြဲ႕ကို ႏိုင္ငံေတာ္သမၼတ႐ုံးကေန ဇူလိုင္လ ၃ ရက္ေန႔မွာ ဖြဲ႕စည္းေပးခဲ့ၿပီး ဇူလိုင္ ၅ ရက္ေန႔မွာ ကြင္းဆင္းစစ္ေဆး တာေတြ လုပ္ ခဲ့ပါတယ္။စုံစမ္းစစ္ေဆးေရးအဖြဲ႕အေနနဲ႔ ေျမၿပိဳက်တဲ့ျဖစ္စဥ္မွာ ေျမၿပိဳက်တဲ့အေၾကာင္းရင္းနဲ႔ တာဝန္ရွိသူေတြကို စုံစမ္းေဖာ္ထုတ္တာ၊

ေသဆုံးသူေတြနဲ႔ ဒဏ္ရာရသူေတြရဲ႕ မိသားစုေတြကို ေထာက္ပံ့ကူညီတာ၊ ေနာင္မွာ ဒီလိုျဖစ္စဥ္မျဖစ္ဖို႔ လုံၿခဳံေရးအပါအဝင္ ေဆာင္႐ြက္ရ မယ့္ စီမံခ်က္ေတြကို အႀကံျပဳ တင္ျပတာေတြကို လုပ္ေဆာင္ရမွာပါ။ ေျမၿပိဳက်တာနဲ႔ပတ္သက္လို႔ အဲဒီေဒသမွာ ဇြန္လ ၂၀ ရက္ေန႔က တည္းက သတိေပးတာေတြရွိၿပီး ေလာဘေၾကာင့္ လာၿပီးရွာၾကတာေၾကာင့္ အခုလို ေသဆုံးၾကတာလို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းက ေျပာပါတယ္။ ျဖစ္တာက ေျမၿပိဳ တာေပါ့။ ၿပိဳတာက သဘာဝေျမႀကီး။ ကိုယ့္ရဲ႕ေျမမဟုတ္ဘူး။ မိုးကလည္း ႐ြာတယ္။ အဲဒီမွာ ေဖာက္လိုင္းရွိတယ္။

ေျမကိုက ေျမၿပိဳလြယ္တဲ့ေျမသား ျဖစ္တယ္။ မိုးကလည္း အဆက္မျပတ္႐ြာတယ္။ အဲဒါေတြ ေပါင္းစပ္သြားတယ္။ အဲဒါက တစ္အခ်က္။ ႏွစ္အခ်က္က ဒီမွာ ဇြန္လ ၂၀ ကတည္းက သတိေပးထားတယ္။ ေလာဘေပါ့။ အမ်ားႀကီး ရွာၾကတယ္။ ျဖစ္ၾကတယ္။” စုံစမ္းစစ္ေဆး တာကို ၁၀၀ ရာခိုင္ႏႈန္း အမ်ားျပည္သူ စိတ္ေက်နပ္ဖို႔ မေမွ်ာ္မွန္းႏိုင္ေပမယ့္ အေကာင္းဆုံးနဲ႔ အျမန္ဆုံးျဖစ္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက ဆိုပါတယ္။၁၀၀ ရာခိုင္ႏႈန္း မေမွ်ာ္မွန္းႏိုင္ေပမယ့္ အေကာင္းဆုံးနဲ႔ အျမန္ဆုံးျဖစ္ေအာင္ လုပ္ေပးဖို႔ စီစဥ္ထား တယ္။ တခ်ိဳ႕ဟာေတြက် ႏွစ္ရွည္လာၿပီ။ ေပးတဲ့တာဝန္နဲ႔ အတိုင္းအတာတစ္ခုအေနနဲ႔ ႏွစ္ရွည္ျပန္ခ်ရမယ္။

ႏွစ္တိုနဲ႔ မရဘူး။ အခုမွျဖစ္တဲ့ဟာလည္း မဟုတ္ဘူး။”ေရမေဆးေက်ာက္ရွာတာ အႏၲရာယ္ႀကီးမွန္း ေက်ာက္ရွာေနသူေတြ၊ ဖားကန႔္ေဒသ ခံေတြ အပါအဝင္ အေတာ္မ်ားမ်ား သိၾကၿပီး ဒီလိုအႏၲရာယ္မ်ားတဲ့ အလုပ္လုပ္ေနရတာဟာ တျခားေ႐ြးခ်ယ္စရာမရွိလို႔ ျဖစ္တယ္လို႔ ေျပာ ဆိုတာေတြရွိပါတယ္။ကုမၸဏီေတြအေနနဲ႔ လုပ္ကြက္ေတြပိတ္သိမ္းရင္ လုပ္ရမယ့္ လုပ္နည္းလုပ္ဟန္ေတြရွိၿပီး အစိုးရက လိုက္နာေအာင္ ဖိအားေပးတာေတြမရွိဘဲ ေသဆုံးသူေတြကိုပဲ အျပစ္ေျပာတာေတြဟာ လက္ခံလို႔မရဘူးလို႔ ကခ်င္အရပ္ဘက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ က ခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္ တာဝန္ရွိသူတဦးျဖစ္တဲ့ ေဒၚခြန္ဂ်ာက ေျပာပါတယ္။

“လုပ္ငန္းတခု လုပ္ေဆာင္ၿပီးတဲ့အခါမွာ ဘယ္အခ်ိန္ကပဲစလုပ္လုပ္ တခုခုကို ပိတ္သိမ္းၿပီဆိုရင္ က်င္းေတြပိတ္သိမ္းတဲ့အခါမွာ ျပန္လည္ ထားရွိရမယ့္ လုပ္နည္းလုပ္ဟန္ေတြ အကုန္လုံးက အခုခ်ိန္မွာ လက္ဆုပ္လက္ကိုင္နဲ႔ ေရးထားၿပီးသား၊ သတ္မွတ္ထားၿပီးသားေတြ ရွိပါ တယ္။ ဒါေပမဲ့ ဒါေတြကို လိုက္နာေဆာင္႐ြက္ေအာင္ေတာ့ ဖိအားေပးျခင္း၊ တြန္းအားေပးျခင္း၊ ယႏၲရားတခုရွိလာေအာင္ မလုပ္ေဆာင္ဘဲနဲ႔ ေသဆုံးသြားတဲ့သူေတြကိုပဲ အၿမဲတမ္း အားနည္းတဲ့သူေတြကို ပိုဖိၿပီး လုပ္ေဆာင္ေနၾကတာျဖစ္လို႔ အစိုးရတရပ္က မိမိလုပ္ေဆာင္ရမယ့္ လုပ္ငန္းကို ပ်က္ကြက္ၿပီး ေသဆုံးသြားတဲ့သူေတြကိုပဲ အျပစ္တင္ေနတဲ့အတြက္ေၾကာင့္ ဘယ္လိုမွ လက္ခံလို႔မရဘူး။”

ေလးစားစြာျဖင့္ ခရစ္ဒက္ ….dvb

UNICODE

လူရာနဲ့ချီ သေဆုံး မှုဖြစ်ပေါ်ခဲ့ရတဲ့ ဖားကန့်ဒေသ မြေပြိုရခြင်းအကြောင်းရင်း စုံစမ်း စစ်ဆေးရေးအ ဖွဲ့ ဥက္ကဋ္ဌ ပြောပြီ

ဇူလိုင် ၂ ရက်နေ့က ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုတဲ့ဖြစ်စဉ်ကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ ၅၀ ကျော် ရှိပါတယ်။အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အွန်လိုင်းစကားဝိုင်းတခုမှာ ဖားကန့် ကိစ္စဟာ နိုင်ငံအတွက် ဝမ်းနည်းစရာ ကိစ္စ တခုဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမယ့် အစိုးရအနေနဲ့တော့ ကြေညာချက် ထုတ်ပြန်တာတွေ မရှိသေးပါဘူး။ ဖားကန့် မြေပြို ကျတဲ့ ဖြစ်ရပ်အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဝမ်းနည်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။

ဖားကန့်ေ ဒသ ဝှေခါမှော်မှာ ဖြစ်ပွားတဲ့ မြေပြိုကျတဲ့ ဖြစ်စဉ်မှာ သတိပေးထားပေမဲ့ လူတွေရဲ့လောဘကြောင့် လာပြီးရှာကြတဲ့အတွက် လူအများအပြား သေဆုံးခဲ့တာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါကျေးရွာမှာ ဖြစ်ပွား ခဲ့တဲ့ မြေပြိုကျတဲ့ကိစ္စနဲ့ ပတ်သက်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ခေါင်းဆောင် တဲ့ စုံစမ်းစစ် ဆေးရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးကနေ ဇူလိုင်လ ၃ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေး တာတွေ လုပ် ခဲ့ပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မြေပြိုကျတဲ့ဖြစ်စဉ်မှာ မြေပြိုကျတဲ့အကြောင်းရင်းနဲ့ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်တာ၊

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီတာ၊ နောင်မှာ ဒီလိုဖြစ်စဉ်မဖြစ်ဖို့ လုံခြုံရေးအပါအဝင် ဆောင်ရွက်ရ မယ့် စီမံချက်တွေကို အကြံပြု တင်ပြတာတွေကို လုပ်ဆောင်ရမှာပါ။ မြေပြိုကျတာနဲ့ပတ်သက်လို့ အဲဒီဒေသမှာ ဇွန်လ ၂၀ ရက်နေ့က တည်းက သတိပေးတာတွေရှိပြီး လောဘကြောင့် လာပြီးရှာကြတာကြောင့် အခုလို သေဆုံးကြတာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။ ဖြစ်တာက မြေပြို တာပေါ့။ ပြိုတာက သဘာဝမြေကြီး။ ကိုယ့်ရဲ့မြေမဟုတ်ဘူး။ မိုးကလည်း ရွာတယ်။ အဲဒီမှာ ဖောက်လိုင်းရှိတယ်။

မြေကိုက မြေပြိုလွယ်တဲ့မြေသား ဖြစ်တယ်။ မိုးကလည်း အဆက်မပြတ်ရွာတယ်။ အဲဒါတွေ ပေါင်းစပ်သွားတယ်။ အဲဒါက တစ်အချက်။ နှစ်အချက်က ဒီမှာ ဇွန်လ ၂၀ ကတည်းက သတိပေးထားတယ်။ လောဘပေါ့။ အများကြီး ရှာကြတယ်။ ဖြစ်ကြတယ်။” စုံစမ်းစစ်ဆေး တာကို ၁၀၀ ရာခိုင်နှုန်း အများပြည်သူ စိတ်ကျေနပ်ဖို့ မမျှော်မှန်းနိုင်ပေမယ့် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။၁၀၀ ရာခိုင်နှုန်း မမျှော်မှန်းနိုင်ပေမယ့် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် လုပ်ပေးဖို့ စီစဉ်ထား တယ်။ တချို့ဟာတွေကျ နှစ်ရှည်လာပြီ။ ပေးတဲ့တာဝန်နဲ့ အတိုင်းအတာတစ်ခုအနေနဲ့ နှစ်ရှည်ပြန်ချရမယ်။

နှစ်တိုနဲ့ မရဘူး။ အခုမှဖြစ်တဲ့ဟာလည်း မဟုတ်ဘူး။”ရေမဆေးကျောက်ရှာတာ အန္တရာယ်ကြီးမှန်း ကျောက်ရှာနေသူတွေ၊ ဖားကန့်ဒေသ ခံတွေ အပါအဝင် အတော်များများ သိကြပြီး ဒီလိုအန္တရာယ်များတဲ့ အလုပ်လုပ်နေရတာဟာ တခြားရွေးချယ်စရာမရှိလို့ ဖြစ်တယ်လို့ ပြော ဆိုတာတွေရှိပါတယ်။ကုမ္ပဏီတွေအနေနဲ့ လုပ်ကွက်တွေပိတ်သိမ်းရင် လုပ်ရမယ့် လုပ်နည်းလုပ်ဟန်တွေရှိပြီး အစိုးရက လိုက်နာအောင် ဖိအားပေးတာတွေမရှိဘဲ သေဆုံးသူတွေကိုပဲ အပြစ်ပြောတာတွေဟာ လက်ခံလို့မရဘူးလို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ က ချင်ငြိမ်းချမ်းရေးကွန်ရက် တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“လုပ်ငန်းတခု လုပ်ဆောင်ပြီးတဲ့အခါမှာ ဘယ်အချိန်ကပဲစလုပ်လုပ် တခုခုကို ပိတ်သိမ်းပြီဆိုရင် ကျင်းတွေပိတ်သိမ်းတဲ့အခါမှာ ပြန်လည် ထားရှိရမယ့် လုပ်နည်းလုပ်ဟန်တွေ အကုန်လုံးက အခုချိန်မှာ လက်ဆုပ်လက်ကိုင်နဲ့ ရေးထားပြီးသား၊ သတ်မှတ်ထားပြီးသားတွေ ရှိပါ တယ်။ ဒါပေမဲ့ ဒါတွေကို လိုက်နာဆောင်ရွက်အောင်တော့ ဖိအားပေးခြင်း၊ တွန်းအားပေးခြင်း၊ ယန္တရားတခုရှိလာအောင် မလုပ်ဆောင်ဘဲနဲ့ သေဆုံးသွားတဲ့သူတွေကိုပဲ အမြဲတမ်း အားနည်းတဲ့သူတွေကို ပိုဖိပြီး လုပ်ဆောင်နေကြတာဖြစ်လို့ အစိုးရတရပ်က မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းကို ပျက်ကွက်ပြီး သေဆုံးသွားတဲ့သူတွေကိုပဲ အပြစ်တင်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံလို့မရဘူး။”

လေးစားစွာဖြင့် ခရစ်ဒက် ….dvb

Add a Comment

Your email address will not be published. Required fields are marked *