လူေပါင္းရာ နဲ႔ခ်ီ ေသဆုံးခဲ့တဲ့ ဖားကန႔္ေျမၿပိဳမႈ အေၾကာင္းရင္းသိရွိႏိုင္ရန္ ဒီကေန႔စတင္စုံစမ္းၿပီ

ဖားကန႔္ ေျမၿပိဳက်မႈျဖစ္စဥ္နဲ႔ ပတ္သက္တဲ့ စုံစမ္း စစ္ေဆးမႈအစီရင္ခံစာ ကို ႏိုင္ငံေတာ္ သမၼတ႐ုံးကို အျမန္ဆုံးတင္ျပရမွာျဖစ္ပါတယ္။ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအုပ္စု ေဝွခါေက်း႐ြာ ေက်ာက္စိမ္းလုပ္ကြက္အတြင္း ဇူလိုင္လ ၂ ရက္ မနက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ မိုးႀကီး ေျမၿပိဳမႈေတြေၾကာင့္ ေရမေဆး ေက်ာက္ရွာေဖြသူ ၁၇၄ ဦး ေရနစ္ေသဆုံးတာေတြ၊ ေျမပိေသဆုံးတာေတြ ျဖစ္ခဲ့ၿပီး ၅၄ ဦးဒဏ္ရာရရွိခဲ့ တာပါ။လက္ရွိမွာ ေသဆုံးသူရဲ႕ မိသားစုဝင္ေတြ နဲ႔ ဒဏ္ရာရရွိသူေတြ အတြက္ ေထာက္ပံ့ေၾကးေငြ သိန္း ၁၆၀၀ ေက်ာ္ရရွိထားတယ္လို႔ လည္း ေဝွခါေက်း႐ြာအုပ္ခ်ဳပ္ေရးတာဝန္ခံကေနသိရပါတယ္။

ဖားကန႔္ေျမၿပိဳက်မႈျဖစ္စဥ္ေတြ ထဲမွာ လူေသဆုံးမႈ အမ်ားဆုံးျဖစ္စဥ္ တစ္ခုအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။လူေပါင္းရာနဲ႔ခ်ီေသဆုံးခဲ့ရတဲ့ ဖား ကန႔္ ေျမၿပိဳမႈ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးက ဖြဲ႕စည္းထားတဲ့ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္အဖြဲ႕ ဟာ ဒီကေန႔ ဇူလိုင္လ ၅ ရက္မနက္ပိုင္းမွာ အခင္းျဖစ္ေနရာကို လာေရာက္ခဲ့ၿပီး စုံစမ္းစစ္ေဆးေရးစတင္လုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။သယံဇာတနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္းက ဥကၠဌ အျဖစ္ ဦးေဆာင္ကာ ျပည္ထဲေရးဝန္ႀကီး၊ လူကယ္ျပန္ဝန္ႀကီး နဲ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အစိုးရအဖြဲ႕ဝင္ေတြ ပါဝင္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းထားပါတယ္။

ဟာ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာ အုပ္စု ေဝွခါေက်း႐ြာ ေက်ာက္စိမ္းလုပ္ကြက္အတြင္းျဖစ္ပြားခဲ့တဲ့ ေျမစာပုံၿပိဳက်မႈမွာ ကနဦးအေျခအေနေတြကို စိစစ္ေလ့လာႏိုင္ေအာင္နဲ႔ ပံ့ပိုးကူညီေပးႏိုင္ေအာင္ ဒီကေန႔မနက္ပိုင္းမွာ စုံစမ္းစစ္ေဆးမႈ စတင္ခဲ့တာပါ။ဒီေန႔ မနက္ကိုးနာရီေလာက္က လာသြား တယ္။ စစ္ေဆးမႈက ဆယ့္တစ္နာရီေလာက္မွာ ၿပီးသြားပါတယ္။ အဓိကက ေျမၿပိဳၿပီး လူေသဆုံးမႈျဖစ္ ခဲ့တဲ့ ေနရာကိုလာၾကည့္တယ္။ကြၽန္ေတာ္တို႔ကို ႐ြာရဲ႕ အေျခအေန၊ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ ေမးျမန္းသြားပါတယ္။ ဘယ္ႏွစ္ရက္ၾကာ အထိ စစ္ေဆးမလဲဆိုတာေတာ့ မသိရပါဘူး။

ေဆး႐ုံမွာလည္း ထိခိုက္ဒဏ္ရာရသြားတဲ့သူေတြကို သြားၿပီး ၾကည့္ရႈတယ္လို႔လည္း သိရပါတယ္” ေဝွခါေက်း႐ြာအုပ္ခ်ဳပ္ေရးတာဝန္ခံ ဦး ေက်ာ္မင္းက ေျပာပါတယ္။စုံစမ္းေရးအဖြဲ႕ အေနနဲ႔ ေျမၿပိဳက်ခဲ့တဲ့ အေၾကာင္းရင္းကို စုံစမ္းေဖာ္ထုတ္ရန္၊ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တာဝန္ ရွိသူအဆင့္ဆင့္ကို စုံစမ္းေဖာ္ထုတ္ရန္၊ ေသဆုံးသူမ်ားနဲ႔ ထိခိုက္ဒဏ္ရာရသူေတြရဲ႕ မိသားစုေတြအတြက္ လိုအပ္တဲ့ေထာက္ပံ့ ကူညီမႈမ်ား ေပးရန္၊ ေနာင္မွာ ဒီလိုျဖစ္စဥ္မ်ိဳး မျဖစ္ပြားေစရန္ လုံၿခဳံေရးအပါအဝင္ ေဆာင္႐ြက္ရမယ့္ကိစၥေတြကို အႀကံျပဳတင္ျပရန္ တို႔ကို လုပ္ေဆာင္ ရမယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးက ဇူလိုင္လ ၃ ရက္က ေၾကညာထားပါတယ္။

REF: ဒီဗြီဘီ

UNICODE

လူပေါင်းရာ နဲ့ချီ သေဆုံးခဲ့တဲ့ ဖားကန့်မြေပြိုမှု အကြောင်းရင်းသိရှိနိုင်ရန် ဒီကနေ့စတင်စုံစမ်းပြီ

ဖားကန့် မြေပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုအစီရင်ခံစာ ကို နိုင်ငံတော် သမ္မတရုံးကို အမြန်ဆုံးတင်ပြရမှာဖြစ်ပါတယ်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မိုးကြီး မြေပြိုမှုတွေကြောင့် ရေမဆေး ကျောက်ရှာဖွေသူ ၁၇၄ ဦး ရေနစ်သေဆုံးတာတွေ၊ မြေပိသေဆုံးတာတွေ ဖြစ်ခဲ့ပြီး ၅၄ ဦးဒဏ်ရာရရှိခဲ့ တာပါ။လက်ရှိမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေ နဲ့ ဒဏ်ရာရရှိသူတွေ အတွက် ထောက်ပံ့ကြေးငွေ သိန်း ၁၆၀၀ ကျော်ရရှိထားတယ်လို့ လည်း ဝှေခါကျေးရွာအုပ်ချုပ်ရေးတာဝန်ခံကနေသိရပါတယ်။

ဖားကန့်မြေပြိုကျမှုဖြစ်စဉ်တွေ ထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်စဉ် တစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရတဲ့ ဖား ကန့် မြေပြိုမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဟာ ဒီကနေ့ ဇူလိုင်လ ၅ ရက်မနက်ပိုင်းမှာ အခင်းဖြစ်နေရာကို လာရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးစတင်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဌ အဖြစ် ဦးဆောင်ကာ ပြည်ထဲရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီး နဲ ကချင်ပြည်နယ် ဝန်ကြီးချုပ် အစိုးရအဖွဲ့ဝင်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပါတယ်။

ဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု ဝှေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်အတွင်းဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုမှာ ကနဦးအခြေအနေတွေကို စိစစ်လေ့လာနိုင်အောင်နဲ့ ပံ့ပိုးကူညီပေးနိုင်အောင် ဒီကနေ့မနက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။ဒီနေ့ မနက်ကိုးနာရီလောက်က လာသွား တယ်။ စစ်ဆေးမှုက ဆယ့်တစ်နာရီလောက်မှာ ပြီးသွားပါတယ်။ အဓိကက မြေပြိုပြီး လူသေဆုံးမှုဖြစ် ခဲ့တဲ့ နေရာကိုလာကြည့်တယ်။ကျွန်တော်တို့ကို ရွာရဲ့ အခြေအနေ၊ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မေးမြန်းသွားပါတယ်။ ဘယ်နှစ်ရက်ကြာ အထိ စစ်ဆေးမလဲဆိုတာတော့ မသိရပါဘူး။

ဆေးရုံမှာလည်း ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို သွားပြီး ကြည့်ရှုတယ်လို့လည်း သိရပါတယ်” ဝှေခါကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦး ကျော်မင်းက ပြောပါတယ်။စုံစမ်းရေးအဖွဲ့ အနေနဲ့ မြေပြိုကျခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန် ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ရန်၊ သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ထောက်ပံ့ ကူညီမှုများ ပေးရန်၊ နောင်မှာ ဒီလိုဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမယ့်ကိစ္စတွေကို အကြံပြုတင်ပြရန် တို့ကို လုပ်ဆောင် ရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၃ ရက်က ကြေညာထားပါတယ်။

REF:  ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *