အေျခခံပညာ သင္႐ိုးၫႊန္းတမ္း ေလွ်ာ့ခ်မည္ မဟုတ္၍ ေက်ာင္းခ်ိန္ ျပင္ပ အိမ္မွာလည္း ေလ့လာ ရမည္

အေျခခံပညာေက်ာင္းမ်ား ျပန္လွည္ဖြင့္လွစ္ပါက ေက်ာင္းတက္ခ်ိန္ စနစ္ ၄မ်ိဳးေၾကာင့္ ဘယ္လို မွ ေက်ာင္းေခၚခ်ိန္ ကို ၇၅ ျပည့္ႏိုင္မွာ မဟုတ္ပါဘူး။ အမ်ားစုက ၅၀ ရာခိုင္ႏႈန္းေလာက္သာရၾကမွာပါ။ ပထမ ထုတ္ထားတဲ့သင္႐ိုးၫႊန္းတမ္းမွာ ၇၅ ကေန ၈၀ ရာခိုင္ႏႈန္းအထိ ျဖစ္ေန တယ္။ဒါေၾကာင့္ ျပန္ညႇိဖို႔ လုပ္ေနပါတယ္။ ကြၽန္ေတာ္ တို႔က သင္႐ိုးကို ေလ်ာ့ခ်တာမဟုတ္ပဲ ေက်ာင္းတက္တဲ့ ၅၀ ရာခိုင္ႏႈန္းကို ေက်ာင္းမွာ သင္မွ ရမယ့္ သင္ခန္းစာေတြကို သင္ၿပီး က်န္တဲ့ ၅၀ရာခိုင္ႏႈန္း ကိုေတာ့ အိမ္မွာ မိဘနဲ႔ ေလ့ လာလို႔ရမယ့္ သင္ခန္းစာမ်ိဳးေတြ ကို လုပ္ေစ မွာ ျဖစ္ပါတယ္။”လို႔ အေျခခံ ပညာဦးစီးဌာ န ဒုတိယၫႊန္ၾကားေရးမႉးေဒါက္တာ ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။

စာေမးပြဲမွာေတာ့ ေက်ာင္းမွာသင္ၾကား ေပးတဲ့ သင္ခန္းစာေတြ ကို အေျခခံေမးသြားမွာ ျဖစ္သလို အိမ္မွာ ေလ့လာလို႔ ရတဲ့ သင္ခန္းစာေတြ ထဲကလည္း အနည္းအက်ဥ္းပါဝင္ႏိုင္တယ္လို႔ သိရပါတယ္။ COVID-19 ေၾကာင့္ ေက်ာင္းဖြင့္ခ်ိန္ေနာက္က်သြားသလို ဒီလိုေက်ာင္းတက္ ခ်ိန္ စနစ္ေတြေၾကာင့္ ေက်ာင္းသား ေက်ာင္းသူေတြအေနနဲ႔ စာသင္ခ်ိန္ေတြ ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္သင္႐ိုးေတြကို ေလွ်ာ့ ခ် သင္ၾကား ႏိုင္ဖို႔ အမ်ိဳးသား ပညာေရးမူဝါဒေကာ္မရွင္ေအာက္က အမ်ိဳးသားသင္႐ိုးၫႊန္းတမ္း ေကာ္မတီနဲ႔အေျခခံ ပညာဦးစီး ဌာနတို႔ ပူးေပါင္းၿပီး ေက်ာင္းျပန္မဖြင့္ခင္မွာ ထုတ္ျပန္ေၾကညာေပးသြားမယ္လို႔ သိရပါတယ္။

လာမယ့္ ဇူလိုင္ ၂၁ ရက္မွာ အေျခခံပညာအထက္တန္းအဆင့္ ဒႆမတန္းနဲ႔ နဝမတန္း တို႔ကို ဖြင့္လွစ္သြားမွာျဖစ္ၿပီး အထက္တန္းအဆင့္ ေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ဖြင့္ လွစ္သြားမွာ ျဖစ္ပါတယ္။အေျခခံပညာအထက္တန္းေတြကို ဇူလိုင္လ ၂၁ရက္ေန႔ မွာ ျပန္လည္ဖြင့္လွစ္ဖို႔ ရွိေန ပါတယ္။ ေက်ာင္းတက္ခ်ိန္ စနစ္ ၄ မ်ိဳးေၾကာင့္ အမ်ားစုမွာ ေက်ာင္းေခၚခ်ိန္ ၅၀ ရာခိုင္ႏႈန္းေလာက္သာ ရရွိေတာ့မွာျဖစ္ လို႔ က်န္တဲ့ ၅၀ရာခိုင္ႏႈန္းကို အိမ္မွာ ေလ့လာရမယ့္ သင္႐ိုးၫႊန္းတမ္းကို ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ကိုဗစ္အလြန္ ျပန္လည္ဖြင့္လွစ္မယ့္ အေျခခံပ ညာေက်ာင္းေတြမွာ သင္႐ိုးၫႊန္းတမ္းကို ေလွ်ာ့ခ်ေပး မယ္လို႔ မူလက သတင္းထုတ္ျပန္ထားေပမယ့္။

ယခုအခါ ေလွ်ာ့ခ်ေပးသြားမွာမဟုတ္ပဲ ေက်ာင္းေခၚခ်ိန္ ၅၀ ရာခိုင္ႏႈန္း ကို ေက်ာင္းမွာသင္ယူေစမွာ ျဖစ္ၿပီး က်န္တဲ့ ၅၀ ရာခိုင္ႏႈန္းကို အိမ္ မွာေလ့လာေစမယ္လို႔ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။ဇူလိုင္လ ၂၁ရက္ေန႔မွာ အထက္တန္းေတြကစတင္ၿပီး ေက်ာင္းတက္ခ်ိန္ စနစ္ ၄မ်ိဳးနဲ႔ ျပန္လည္ ဖြင့္လွစ္မွာ ျဖစ္ပါ တယ္။ COVID-19 ေၾကာင့္ Social Distancing (ခပ္ခြာခြာေနထိုင္ျခင္း) ကိုလိုက္နာႏိုင္ေအာင္ ေက်ာင္းတက္ခ်ိန္ေတြကို ပုံစံ ေလးမ်ိဳးခြဲျခားသတ္မွတ္ထားၿပီး ပုံမွန္အခ်ိန္အတိုင္းအျပည့္အဝ တက္ႏိုင္တဲ့ေက်ာင္း၊ တစ္ပတ္ျခားစီ တက္ ႏိုင္တဲ့ ေက်ာင္း၊ ႏွစ္သုတ္ခြဲတက္ႏိုင္တဲ့ေက်ာင္း၊ ေလးပုံတစ္ပုံသာတက္ႏိုင္တဲ့ေက်ာင္းဆိုၿပီး ခြဲျခားထားတာလည္း ျဖစ္ပါ တယ္။

REF; Duwun

UNICODE

အခြေခံပညာ သင်ရိုးညွှန်းတမ်း လျှော့ချမည် မဟုတ်၍ ကျောင်းချိန် ပြင်ပ အိမ်မှာလည်း လေ့လာ ရမည်

အခြေခံပညာကျောင်းများ ပြန်လှည်ဖွင့်လှစ်ပါက ကျောင်းတက်ချိန် စနစ် ၄မျိုးကြောင့် ဘယ်လို မှ ကျောင်းခေါ်ချိန် ကို ၇၅ ပြည့်နိုင်မှာ မဟုတ်ပါဘူး။ အများစုက ၅၀ ရာခိုင်နှုန်းလောက်သာရကြမှာပါ။ ပထမ ထုတ်ထားတဲ့သင်ရိုးညွှန်းတမ်းမှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ဖြစ်နေ တယ်။ဒါကြောင့် ပြန်ညှိဖို့ လုပ်နေပါတယ်။ ကျွန်တော် တို့က သင်ရိုးကို လျော့ချတာမဟုတ်ပဲ ကျောင်းတက်တဲ့ ၅၀ ရာခိုင်နှုန်းကို ကျောင်းမှာ သင်မှ ရမယ့် သင်ခန်းစာတွေကို သင်ပြီး ကျန်တဲ့ ၅၀ရာခိုင်နှုန်း ကိုတော့ အိမ်မှာ မိဘနဲ့ လေ့ လာလို့ရမယ့် သင်ခန်းစာမျိုးတွေ ကို လုပ်စေ မှာ ဖြစ်ပါတယ်။”လို့ အခြေခံ ပညာဦးစီးဌာ န ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ဦးတင်မောင်ဝင်းက ပြောပါတယ်။

စာမေးပွဲမှာတော့ ကျောင်းမှာသင်ကြား ပေးတဲ့ သင်ခန်းစာတွေ ကို အခြေခံမေးသွားမှာ ဖြစ်သလို အိမ်မှာ လေ့လာလို့ ရတဲ့ သင်ခန်းစာတွေ ထဲကလည်း အနည်းအကျဉ်းပါဝင်နိုင်တယ်လို့ သိရပါတယ်။ COVID-19 ကြောင့် ကျောင်းဖွင့်ချိန်နောက်ကျသွားသလို ဒီလိုကျောင်းတက် ချိန် စနစ်တွေကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာသင်ချိန်တွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်သင်ရိုးတွေကို လျှော့ ချ သင်ကြား နိုင်ဖို့ အမျိုးသား ပညာရေးမူဝါဒကော်မရှင်အောက်က အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီနဲ့အခြေခံ ပညာဦးစီး ဌာနတို့ ပူးပေါင်းပြီး ကျောင်းပြန်မဖွင့်ခင်မှာ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

လာမယ့် ဇူလိုင် ၂၁ ရက်မှာ အခြေခံပညာအထက်တန်းအဆင့် ဒဿမတန်းနဲ့ နဝမတန်း တို့ကို ဖွင့်လှစ်သွားမှာဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းပေါင်း ၆၀၀၀ ကျော်ဖွင့် လှစ်သွားမှာ ဖြစ်ပါတယ်။အခြေခံပညာအထက်တန်းတွေကို ဇူလိုင်လ ၂၁ရက်နေ့ မှာ ပြန်လည်ဖွင့်လှစ်ဖို့ ရှိနေ ပါတယ်။ ကျောင်းတက်ချိန် စနစ် ၄ မျိုးကြောင့် အများစုမှာ ကျောင်းခေါ်ချိန် ၅၀ ရာခိုင်နှုန်းလောက်သာ ရရှိတော့မှာဖြစ် လို့ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကို အိမ်မှာ လေ့လာရမယ့် သင်ရိုးညွှန်းတမ်းကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ကိုဗစ်အလွန် ပြန်လည်ဖွင့်လှစ်မယ့် အခြေခံပ ညာကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းကို လျှော့ချပေး မယ်လို့ မူလက သတင်းထုတ်ပြန်ထားပေမယ့်။

ယခုအခါ လျှော့ချပေးသွားမှာမဟုတ်ပဲ ကျောင်းခေါ်ချိန် ၅၀ ရာခိုင်နှုန်း ကို ကျောင်းမှာသင်ယူစေမှာ ဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို အိမ် မှာလေ့လာစေမယ်လို့  ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ဇူလိုင်လ ၂၁ရက်နေ့မှာ အထက်တန်းတွေကစတင်ပြီး ကျောင်းတက်ချိန် စနစ် ၄မျိုးနဲ့ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါ တယ်။ COVID-19 ကြောင့် Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း) ကိုလိုက်နာနိုင်အောင် ကျောင်းတက်ချိန်တွေကို ပုံစံ လေးမျိုးခွဲခြားသတ်မှတ်ထားပြီး ပုံမှန်အချိန်အတိုင်းအပြည့်အဝ တက်နိုင်တဲ့ကျောင်း၊ တစ်ပတ်ခြားစီ တက် နိုင်တဲ့ ကျောင်း၊ နှစ်သုတ်ခွဲတက်နိုင်တဲ့ကျောင်း၊ လေးပုံတစ်ပုံသာတက်နိုင်တဲ့ကျောင်းဆိုပြီး ခွဲခြားထားတာလည်း ဖြစ်ပါ တယ်။

REF;  Duwun

Add a Comment

Your email address will not be published. Required fields are marked *