ဧရာဝတီတိုင္းအတြင္း ဝက္အေျမာက္အမ်ား ေသဆုံးရသည့္ အေၾကာင္းရင္းကို ေျပာၿပီ

ဧရာ၀တီတိုင္းေဒသႀကီးအတြင္း ေမြးျမဴထား သည့္ဝက္မ်ား ေသဆုံးရသည့္ သတင္းစကားႏွင့္ပတ္သက္၍ ဧရာ၀တီတိုင္းေဒသႀကီး ေမြး ျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားက ရာသီအကူးအေျပာင္းေၾကာင့္ ဝက္မ်ား ေသဆုံးရျခင္းျဖစ္ေၾကာင္း၊ တခ်ိဳ႕ေသာ တစ္ ႏိုင္တစ္ပိုင္ ေမြးျမဴၾကသူမ်ားမွာ စနစ္တက် ေမြးျမဴမႈမရွိျခင္းေၾကာင့္ဟု သိရသည္။

ထို႔ျပင္ အစာအာဟာရ မွ်တမႈမရွိျခင္းတို႔ေၾကာင့္ ေသဆုံးျခင္းျဖစ္ေၾကာင္း ေျပာဆိုသည္။ဧရာ၀တီတိုင္းေဒသႀကီးအတြင္း ေမြးျမဴထား သည့္ဝက္မ်ား ဇြန္လ တတိယပတ္ႏွင့္ ေနာက္ဆုံးပတ္အတြင္း အေျမာက္အျမား ေသဆုံးလ်က္ရွိသည္ဟု သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့ျခင္းကို ရွင္းလင္းလိုက္ျခင္း ျဖစ္သည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ စနစ္တက် ေမြးျမဴထားျခင္းမရွိသည့္ဝက္မ်ား ရာသီအကူးအေျပာင္းတြင္ ေသဆုံးျခင္းျဖစ္ႏိုင္ေၾကာင္း ဧရာ၀တီ တိုင္းေဒသႀကီး ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာဝန္ရွိသူက ေျပာဆိုသည္။

REF: စံေတာ္ခ်ိန္

UNICODE

ဧရာဝတီတိုင်းအတွင်း ဝက်အမြောက်အများ သေဆုံးရသည့် အကြောင်းရင်းကို ပြောပြီ

ဧရာ၀တီတိုင်းဒေသကြီးအတွင်း မွေးမြူထား သည့်ဝက်များ သေဆုံးရသည့် သတင်းစကားနှင့်ပတ်သက်၍ ဧရာ၀တီတိုင်းဒေသကြီး မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရာသီအကူးအပြောင်းကြောင့် ဝက်များ သေဆုံးရခြင်းဖြစ်ကြောင်း၊ တချို့သော တစ် နိုင်တစ်ပိုင် မွေးမြူကြသူများမှာ စနစ်တကျ မွေးမြူမှုမရှိခြင်းကြောင့်ဟု သိရသည်။

ထို့ပြင် အစာအာဟာရ မျှတမှုမရှိခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ဧရာ၀တီတိုင်းဒေသကြီးအတွင်း မွေးမြူထား သည့်ဝက်များ ဇွန်လ တတိယပတ်နှင့် နောက်ဆုံးပတ်အတွင်း အမြောက်အမြား သေဆုံးလျက်ရှိသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ခြင်းကို ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စနစ်တကျ မွေးမြူထားခြင်းမရှိသည့်ဝက်များ ရာသီအကူးအပြောင်းတွင် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဧရာ၀တီ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

REF:  စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *