ေျမာက္ကိုရီးယား ထိပ္တန္း သံတမန္က အေမရိကန္ ႏွင့္ ေဆြးေႏြး စရာမရွိေတာ့ေၾကာင္း ဒဲ့ ေျပာလိုက္ၿပီ

အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး စတီဖင္ ဘီဂန္ဟာ လာမယ့္ ရက္သတၱ ပတ္ေတြအတြင္း ေျမာက္ကိုရီးယားနဲ႔ ရပ္တန႔္ ေနတဲ့ ေဆြးေႏြးပြဲေတြ ျပန္စဖို႔ ေတာင္ကိုရီးယားကို ေရာက္လာဖို႔ ရွိတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေရးအၾကပ္အတည္းေၾကာင့္ အေမရိကန္နဲ႔ေျမာက္ကိုရီးယားၾကား မ်က္ႏွာခ်င္း ဆိုင္ ေဆြးေႏြးမႈေတြ ဟာလည္း မလိုအပ္ဘူးလို႔ ႏိုင္ငံ ပိုင္သတင္းေအဂ်င္စီ KCNA ကတဆင့္ ေျပာၾကားခဲ့ ပါတယ္။

ေျမာက္ကိုရီးယားအစိုးရအေနနဲ႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ေဆြးေႏြးစရာ ေတြ မရွိဘူးလို႔ ထိပ္တန္းသံတမန္တဦးက ဇူလိုင္လ ၄ ရက္မွာ ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳဆြန္ဟြီက သူတို႔ႏိုင္ငံ ရဲ႕ ေပၚလစီ ဟာ ေျပာင္းလဲဖို႔ မရွိတဲ့အတြက္ ဝါရွင္တန္နဲ႔ ၿပဳံယမ္းအၾကား ေစ့စပ္ေဆြးေႏြးမႈေတြဟာ အလုပ္ မျဖစ္ႏိုင္ဘူးလို႔ ေျပာပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …………dvb

UNICODE

မြောက်ကိုရီးယား ထိပ်တန်း သံတမန်က အမေရိကန် နှင့် ဆွေးနွေး စရာမရှိတော့ကြောင်း ဒဲ့ ပြောလိုက်ပြီ

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတီဖင် ဘီဂန်ဟာ လာမယ့် ရက်သတ္တ ပတ်တွေအတွင်း မြောက်ကိုရီးယားနဲ့ ရပ်တန့် နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ တောင်ကိုရီးယားကို ရောက်လာဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကြပ်အတည်းကြောင့် အမေရိကန်နဲ့မြောက်ကိုရီးယားကြား မျက်နှာချင်း ဆိုင် ဆွေးနွေးမှုတွေ ဟာလည်း မလိုအပ်ဘူးလို့ နိုင်ငံ ပိုင်သတင်းအေဂျင်စီ KCNA ကတဆင့် ပြောကြားခဲ့ ပါတယ်။

မြောက်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးစရာ တွေ မရှိဘူးလို့ ထိပ်တန်းသံတမန်တဦးက ဇူလိုင်လ ၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီက သူတို့နိုင်ငံ ရဲ့ ပေါ်လစီ ဟာ ပြောင်းလဲဖို့ မရှိတဲ့အတွက် ဝါရှင်တန်နဲ့ ပြုံယမ်းအကြား စေ့စပ်ဆွေးနွေးမှုတွေဟာ အလုပ် မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် …………dvb

Add a Comment

Your email address will not be published. Required fields are marked *